အာဆင်နယ် အသင်း ရဲ့လူငယ် ကြယ်ပွင့်ကို အငှား စေလွှတ်သင့်တယ်လို့ အကြံဉာဏ် ပေးလိုက်တဲ့ ကီဗင်ကမ်းဘဲလ်

အာဆင်နယ် အသင်း တိုက်စစ်မှူးဟောင်း ကီဗင်ကမ်းဘဲလ် က အန်ခီတီးယား အနေနဲ့ ပုံမှန် ပွဲထွက် ကစားခွင့် ရရှိဖို့ နဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရစေဖို့ရာ အငှား ထွက်ကစား သင့်တယ်လို့ ပြောကြား လိုက်ပါတယ် ။

အသက် ၂၁ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ အန်ခီတီးယား ဟာ ပြီးခဲ့တဲ့ ရာသီ နှစ်အစတုန်းက လိဒ်ယူနိုက်တက် အသင်း မှာ အငှား သွားရောက် ကစားခဲ့ပေမယ့် ကစားခွင့် သိပ်မရတာကြောင့် အာဆင်နယ် အသင်းက ပြန်လည် ခေါ်ယူ ခဲ့ပါတယ် ။

myan789

အန်ခီတီးယား ဟာ အာဆင်နယ် အသင်းကို ပြန်ရောက် ကတည်းက ပွဲထွက်ခွင့် ရဖို့ လာကာဇက် နဲ့ အပြိုင် ကြိုးပမ်း နေရပြီး အာတီတာ ကတော့ ပြင်သစ်သား ကို ပိုမို ပွဲထွက် ကစားခွင့် ပေးထားပါတယ် ။

အန်ခီတီးယား ဟာ ပရီးမီးယားလိဂ် ၈ ပွဲမှာ ၁ ပွဲသာ ပွဲထွက် ကစားခွင့် ရရှိထားပြီး ကျန်ပွဲတွေမှာ လူစားဝင် ကစားသမား အဖြစ်သာ ကစားခွင့် ရထားပါတယ် ။

ဂန်းနား ဟီးရိုး ကီဗင် ကမ်းဘဲလ် ကတော့ အန်ခီတီးယား ကို ပရီးမီးယားလိဂ် အသင်း တစ်သင်းထံ အငှားချတာဟာ ကစားသမား အတွက် အကျိုးရှိလိမ့်မယ်လို့ သုံးသပ် ပြောကြား လိုက်ပါတယ် ။

” အန်ခီတီးယား က ဂိုးတွေ သွင်းယူ နိုင်သူပါ ၊ ကျွန်တော်ကတော့ သူ့ကို နောက်ထပ် တစ်ရာသီလောက် အငှား ထပ်ချသင့်တယ်လို့ ထင်ပါတယ် ၊ ပွဲတွေ ဆက်တိုက် ကစားခွင့် ရရင် သူ့ရဲ့ ယုံကြည်မှု ပိုမို တိုးတက် လာမှာ အမှန်ပါပဲ ။ ”

” အရန်ခုံကနေ ထလာပြီး ပွဲကစားခွင့် ရနေတာက အဆင်ပြေပေမယ့် ပွဲဆက်တိုက် ကစားခွင့် ရတာထက်တော့ ပိုမကောင်းနိုင်ပါဘူး ။ ပွဲထွက် ကစားခွင့် များများ ရရှိမှသာ ထိပ်တန်း အဆင့်ကို တက်လှမ်း နိုင်မှာပါ ။ ”

” ခက်ခဲ ကြမ်းတမ်းတဲ့ အခြေအနေတွေကို ကျော်ဖြတ် နိုင်ဖို့ လိုအပ်ပါတယ် ။ ကိုယ့်ကို ကြမ်းကြမ်းတမ်းတမ်း ကစားကြတာတွေကို ကြုံဖူးဖို့ လိုအပ်သလို နာကျင်စရာ အခိုက်အတန့်တွေကို ခံစားဖူးဖို့ လိုအပ်ပါတယ် ။ ” လို့ ပြောကြား လိုက်ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular