အာဆင်နယ် အသင်းအပေါ် မှတ်ချက်ပေးရင်း 100 ပြည့် ပွဲစဉ်မှာ အနိုင်ရလိုကြောင်း ပြောလိုက်တဲ့ ဆိုးလ်ရှား

ယူနိုက်တက် ဂန္ဓဝင် ကစားသမားဟောင်း ဖြစ်တဲ့ အိုလီ ဂန်နား ဆိုးလ်ရှား ဆိုတာ 2018 ဒီဇင်ဘာလ တုန်းက ရလဒ် ဆိုးရွားနေခဲ့မှု တွေနဲ့ အတူ မန်ချက်စတာ ယူနိုက်တက် အသင်း မှ ဟိုဆေး မော်ရင်ဟို ထုတ်ပယ် ခံခဲ့ ရစဉ် တုန်းက အိုးလ် ထရပ်ဖို့ဒ် ဆီကို ယာယီ နည်းပြ တစ်ဦး အဖြစ်နဲ့ ပြန်လည် ရောက်ရှိ လာခဲ့သူပဲ ဖြစ်ပါတယ် ။

သူဟာ ယာယီ နည်းပြ ဘဝ မှာ ရလဒ်ကောင်း တွေကို ဆက်တိုက် ရယူ ထားနိုင် ခဲ့ပြီး ချန်ပီယံလိဂ် ပြိုင်ပွဲ ရဲ့ 16 သင်း ရှုံးထွက် အဆင့် ဒုတိယ အကျော့မှာ လီဂူးဝမ်း ထိပ်သီး PSG အသင်းကို အနိုင်ယူ ခဲ့တဲ့နောက် မီဒီယာတွေ ၊ အသင်းဖော်ဟောင်း တွေရဲ့ ထောက်ခံမှု တွေနဲ့ အတူ အမြဲတမ်း နည်းပြ ဖြစ်လာခဲ့ပါတယ် ။

myan789

အဲ့ဒီနောက် သူဟာ နောက်ထပ် ရာသီသစ်မှာ ကစားသမား တွေကို စတင် ခေါ်ယူခွင့် ရရှိ ခဲ့ပြီး အဆိုပါ ကစားသမား တွေလည်း ပုံစံကောင်း တွေကို ကိုယ်စီ ပြသ နိုင်ခဲ့တဲ့ အတွက် ချီးကျူးမှု တွေကို ပိုင်ဆိုင် နိုင်ခဲ့ ပါတယ် ။ ဒါပေမယ့် ကွင်းအတွင်း ရလဒ်တွေက အနိမ့်အမြင့် အတက်အကျ များခဲ့တဲ့ အတွက် ဖိအားတွေအောက် ကျရောက်ခဲ့ ပါတယ် ။

ဒါပေမယ့် ယူရို ပါလိဂ် ၊ ကာလင်း ဖလား နဲ့ FA ဖလား ပြိုင်ပွဲ တွေမှာ ဆီမီး ဖိုင်နယ် အဆင့်အထိ တက်ရောက် နိုင်ခဲ့ သလို ရာသီ အကုန်မှာ အမှတ်ပေး ဇယား အဆင့် 3 နေရာ မှာလည်း ရပ်တည် နိုင်ခဲ့တဲ့ အတွက် ချန်ပီယံလိဂ် ဝင်ခွင့် နဲ့ အတူ ဖိအား တွေကို လျော့ချ သွားနိုင်ခဲ့ ပါတယ် ။

ထို့အတူ ယူနိုက်တက် ပရိသတ် တွေလည်း ရာသီသစ်မှာ စိန်ခေါ်မှု တွေကို လုပ်ဆောင် နိုင်မယ့် အသင်း တစ်သင်းကို မြင်တွေ့ ရဖို့ မျှော်လင့် ခဲ့ကြ ပါတယ် ။ ဒါပေမယ့် လက်တွေ့ မှာတော့ ယူနိုက်တက် အသင်း ရဲ့ 2020 – 21 ဘောလုံး ရာသီ စတင်ပုံ က စိတ်ပျက်ဖွယ် ဖြစ်ခဲ့ရ ပါတယ် ။

ယူနိုက်တက် တို့ဟာ နိုင်ငံတကာ အားလပ်ရက် မတိုင်မီထိ နိုင်ပွဲ တွေကို ရယူ နိုင်ဖို့ ရုန်းကန်ခဲ့ ကြရ ပါတယ် ။ ဒါပေမယ့် နိုင်ငံတကာ အားလပ်ရက် ပြီးဆုံးသွားတဲ့နောက် ကစားရတဲ့ ပွဲကြပ် ကာလ မှာတော့ ယူနိုက်တက် တို့ဟာ 3 ပွဲ နိုင် ၊ 1 ပွဲ သရေ နဲ့ ရှုံးပွဲ မရှိ ကစားနိုင်ခဲ့ပြီး ပုံစံကောင်း တွေကို ဆက်တိုက် ပြသနိုင်ခဲ့ကြ ပါတယ် ။

အခုတော့ ယူနိုက်တက် တို့ဟာ နောက်ထပ် ခက်ခဲတဲ့ ပွဲစဉ် တစ်ပွဲ အဖြစ် အိုးလ် ထရပ်ဖို့ဒ် ကွင်းမှာ အာဆင်နယ် အသင်း နဲ့ ရင်ဆိုင် ကစားရပါတော့မယ် ။ ဒါဟာ ဆိုးလ်ရှား အတွက်တော့ ယူနိုက်တက် နည်းပြ ဘဝ 100 ပြည့်မြောက်တဲ့ ပွဲစဉ်ကို ကိုင်တွယ် ရခြင်းပဲ ဖြစ်ပါတယ် ။

အဆိုပါ ပွဲစဉ် မတိုင်မီ မှာတော့ ဆိုးလ်ရှား က ပြိုင်ဖက် အာဆင်နယ် အသင်းကို ချီးကျူး စကား ဆိုခဲ့ လိုက်ပြီး သူ့ရဲ့ ယူနိုက်တက် နည်းပြ ဘဝ 100 ပြည့်မြောက်တဲ့ အမှတ်တရ ပွဲစဉ်မှာ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်နဲ့ အတူ နိုင်ပွဲကို ရရှိချင်ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

” အာဆင်နယ် အသင်းကို ရင်ဆိုင်ရတာက အမြဲတမ်းလိုပဲ ခက်ခဲ နေပါ လိမ့်မယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့ တွေဟာ ကောင်းမွန်တဲ့ မန်နေဂျာ တစ်ဦးကို ပိုင်ဆိုင် ထားတဲ့ အသင်းကောင်း တစ်သင်း ဖြစ်နေ ကြလို့ ပါပဲ ”

” အာတီတာ ဆိုတာကတော့ ဘောလုံး အားကစားကို ဘယ်လို ကစားသင့်လဲ ဆိုတာ နဲ့ ပတ်သက်လို့ ခမ်းနားတဲ့ ကိုယ်ပိုင် Idea တွေကို ပိုင်ဆိုင် ထားတဲ့ နည်းပြ တစ်ဦး ပါပဲ ။ ကျွန်တော် ဒီပွဲကို ရင်ဆိုင် ရဖို့ ရှေးရှု နေပါတယ် ”

” ဒါဟာ ကျွန်တော့်အတွက် ယူနိုက်တက် နည်းပြ ဘဝရဲ့ 100 ပြည့်မြောက်တဲ့ ပွဲစဉ် ဖြစ်နေတဲ့ အတွက် အံ့အားသင့်မိ ပါတယ် ။ ဒီကြားထဲမှာ အဖြစ်အပျက်တွေ အများကြီး ဖြစ်ပွားခဲ့ ပေမယ့် ကျွန်တော့် အတွက်တော့ ဒါဟာ အရမ်းကို မြန်ဆန် နေခဲ့သလို ပါပဲ ”

” ဒါ့ကြောင့် ကျွန်တော့် အတွက် ပွဲစဉ် 100 ပြည့်မြောက်တဲ့ ပွဲမျိုးမှာ ကောင်းမွန်တဲ့ စွမ်းဆောင်ရည် တွေနဲ့ အတူ ရလဒ်ကောင်း တွေကို ပိုင်ဆိုင် နိုင်ဖို့ အတွက် မျှော်လင့် နေပါတယ် ။ ကျွန်တော် ဒီပွဲကို ပျော်ရွှင် ခံစား သွားမှာပါ ” လို့ ဆိုးလ်ရှား က ပွဲမတိုင်မီ သတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular