အာဆင်နယ် အသင်းရဲ့ comeback နိုင်ပွဲမှာ ဘယ်သူတွေ ခြေစွမ်းပြပြီး ဘယ်သူတွေ ခြေစွမ်း ဆိုးရွား ခဲ့ကြသလဲ ?

ယူရိုပါလိဂ် အုပ်စု အဖွင့် ပွဲစဉ်မှာတော့ ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် အသင်းဟာ အဝေးကွင်းမှာ ဩစတီးယား ကလပ် ရက်ပစ် ဗီယင်နာ ကို နောက်ကနေ ခက်ခက်ခဲခဲ လိုက်ကစား ခဲ့ရပြီး နှစ်ဂိုး တစ်ဂိုး နဲ့ အနိုင် ရရှိ သွားခဲ့ပါတယ် ။

ရက်ပစ်ဝိန်း အသင်း နဲ့ အာဆင်နယ် အသင်းဟာ ပထမပိုင်းမှာ ဂိုးမရှိ သရေ ကျနေခဲ့ပြီး ဒုတိယပိုင်းမှာတော့ လီနို ရဲ့ အမှားကနေ အိမ်ရှင် အသင်း ဦးဆောင်ဂိုး စတင် ရရှိ ခဲ့ပါတယ် ။ အာဆင်နယ် နည်းပြ အာတီတာ ဟာ ချေပဂိုး ပြန်လည် ရရှိဖို့ရာ အူဘာမီယန်း နဲ့ ဘယ်လာရင် ကို ထည့်သွင်း ကစားခဲ့ရပါတယ် ။

myan789

ပွဲချိန် မိနစ် ၇၀ မှာတော့ အာဆင်နယ် အသင်း ချေပဂိုး ပြန်လည် ရရှိ ခဲ့ပြီး နီကိုလပ်စ် ပေပေ ရဲ့ တည်ကန်ဘော ကနေ ဒေးဗစ်လူးဝဇ် က ခေါင်းတိုက် သွင်းယူ ခဲ့တာပါ ။ နောက် ၄ မိနစ် အကြာမှာ ဘယ်လာရင် ရဲ့ ပေးပို့မှုကို အူဘာမီယန်း က အဆုံးသတ် ပိတ်သွင်းပြီး အာဆင်နယ် အတွက် အနိုင် သုံးမှတ် ရယူ ပေးခဲ့ပါတယ် ။

(ရက်ပစ်ဗီယင်နာ ၁-၂ အာဆင်နယ် ) ပွဲမှ အာဆင်နယ် ကစားသမားတွေရဲ့ rating ကို ဖော်ပြ ပေးလိုက်ပါတယ် ။

လီနို ( ၄ ) – လီနို ဟာ ဒီနေ့ပွဲမှာ ပြိုင်ဘက်အသင်းရဲ့ ဂိုးပေါက်ခြိမ်းခြောက်မှုကို ကာကွယ် နိုင်ခဲ့ပါတယ် ။ ဒါပေမယ့်လည်း သူ့ရဲ့ ပေးပို့မှု အမှားကြောင့် ပြိုင်ဘက် အသင်းရဲ့ဦးဆောင်ဂိုး ပေးလိုက်ရပြီး ဒီလို တူညီတဲ့ အမှားမျိုး နောက်ထပ် နှစ်ခါ ကျူးလွန်ခဲ့ပါသေးတယ် ။ လီနို ဟာ ဒီနေ့ပွဲမှာ အရင်နေ့တွေကနဲ့ မတူဘဲ ဖိအားများတဲ့ပုံပေါက်နေခဲ့ပါတယ် ။

ဒေးဗစ်လူးဝဇ်(၇) – ဗဟို ခံစစ် ညာခြမ်းမှာ ထွက်ကစားရပေမယ့် လူးဝဇ် ဟာ ပုံစံကောင်း ပြသ နိုင်ခဲ့ပြီး အသင်း အတွက် အရေးပါတဲ့ ချေပဂိုးကိုလည်း ခေါင်းတိုက် သွင်းယူ ပေးခဲ့ပါတယ် ။

ဂါဘရီယဲလ်(၈) – အာဆင်နယ် ရဲ့ ဗဟို ခံစစ် အလယ်မှာ ကစားတဲ့ ဘရာဇီးသား ဟာ ဒီနေ့ပွဲမှာလည်း စွမ်းဆောင်ရည်ကောင်းတွေ ပြသ ခဲ့ပြန်ပါတယ် ။ အမြင့်ဘော ၊ဖျက်ထုတ်မှု တွေ ကောင်းမွန် ခဲ့တဲ့ အပြင် အသင်းဖော်တွေကို ကာဗာ ပေးနိုင်ခဲ့ပြီး ပြိုင်ဘက်ရဲ့ တိုက်စစ် လမ်းကြောင်းတွေကို တွက်ဆ နိုင်ခဲ့တာ တွေ့ရပါတယ် ။

ကိုလာစီနက်(၆) – တစ်ပွဲလုံး ခြုံပြောရရင် အားရစရာ အနေအထားမှာ မရှိခဲ့ဘဲ ပြိုင်ဘက် တိုက်စစ် ရဲ့ အမြန်နှုန်းအောက်မှာ ရုန်းကန် နေခဲ့ရပါတယ် ။

ဆစ်ဒရစ် (၅) – ဘယ်လာရင် ကို အနားပေးချင်ရင် နိုင်းလ်စ် ကို အသုံးပြု လို့ ရရဲ့သားနဲ့ ဆစ်ဒရစ် ကို ပွဲထုတ် ခဲ့တဲ့ အာတီတာ ရဲ့ ဆုံးဖြတ်ချက်က နားလည်ရ ခက်ပါတယ် ။ ဆစ်ဒရစ် ရဲ့ ကစားပုံဟာ ဆိုးရွားပြီး အသင်း အတွက် အထောက်မကူ မဖြစ်တာကြောင့် လူစားလဲ ခံခဲ့ရပါတယ် ။

အယ်နီနီ (၇) – အီဂျစ်သားဟာ ကွင်းလယ်မှာ ဘောလုံး လက်ခံရယူဖို့ နဲ့ ခံစစ် ကို ကာဗာ ပေးနိုင်ဖို့ အဓိက ဆော့သွားခဲ့ပါတယ် ။ သူ့ရဲ့ ပေးပို့မှုတွေက ဦးတည်ရာမဲ့တာမျိုးတွေ ရှိပေမယ့် အာဆင်နယ် ရဲ့ အနိုင်ဂိုးက သူ့ဆီကနေ အစပြု ခဲ့တာပါ ။

ပါတေး (၈) MOTM – အာဆင်နယ် ကစားသမားဘဝ ပထမဆုံး အကြိမ် ပွဲထွက် ကစားတဲ့ ပါတေး ကို တိုက်စစ် အတွက် ထိရောက်တဲ့ ပေးပို့မှု တွေ ပြုလုပ် နိုင်ခဲ့သလို ခံစစ်တန်း ကိုလည်း ပါဝါ အပြည့် နဲ့ ကာကွယ် ပေးခဲ့ပါတယ် ။ ကွင်းထဲမှာ သူ့ရဲ့ လွှမ်းမိုးမှု နဲ့ အရှိန်အဝါကို အထင်းသား တွေ့မြင် ခဲ့ရပါတယ် ။

ဆာကာ (၆) – left wing back အဖြစ် ပွဲထွက် လာခဲ့တဲ့ ဆာကာ အတွက် ဒီနေ့ညပွဲဟာ လွယ်ကူတဲ့ ပွဲတစ်ပွဲတော့ မဖြစ်ခဲ့ပါဘူး ။ ပြိုင်ဘက် ရဲ့ကြမ်းတမ်းတဲ့ ကစားပုံကို ဆာကာ တစ်ယောက် အတော်လေး ခံခဲ့ရပါတယ် ။

ပေပေ (၆) – ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေးရှင် ပေပေ ဟာ အာဆင်နယ် အသင်း အတွက် အရေးပါတဲ့ ချေပဂိုး ကို လူးဝဇ် အတွက် ဖန်တီး ပေးခဲ့ပါတယ် ။

လာကာဇက် (၅) – ကပ္ပတိန် အဖြစ် ပွဲထွက် လာပေမယ့် လာကာဇက် ဟာ ပြိုင်ဘက် နောက်တန်းကို မယ်မယ်ရရ ခြိမ်းခြောက် နိုင်ခဲ့ခြင်း မရှိပါဘူး ။

နကီတီးယား (၅) – အူဘာမီယန်း လို ဘယ်တောင်ပံ ထွက်ကစားခဲ့ပေမယ့် အဆင်မပြေခဲ့ဘဲ ရုန်းကန် ခဲ့ရကာ ပရိသတ်တွေ မြင်ချင်တဲ့ ဘောလုံး ဆွဲပြေးမှုတွေလည်း သိပ်မလုပ်နိုင်ခဲ့ပါဘူး ။

လူစားဝင် ကစားသမားများ – အူဘာမီယန်း (၇) ၊ ဘယ်လာရင် (၇) ၊ ဝီးလော့ (-) ၊ တီယာနေး (-) ၊ နယ်လ်ဆင် (-) ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular