အာဆင်နယ် ကို မထင်မှတ်ပဲ ရှုံးခဲ့တဲ့ ပွဲမှ ချဲလ်ဆီး ကစားသမား တဦး အက်ဖ်အေ ဖလား ဗိုလ်လုပွဲမှာ ပွဲထွက်ခွင့် ရမယ်လို့ အတည်ပြုလိုက်တဲ့ တူချယ်

ချန်ပီယံလိဂ် ဝင်ခွင့် တနေရာ ရဖို့ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့် ရှိနေတဲ့ ချဲလ်ဆီး အသင်း ဟာ မနေ့ည က ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲမှာ လန်ဒန်ဒါဘီ ပြိုင်ဖက် အာဆင်နယ် အသင်း ကို မထင်မှတ်ပဲ အိမ်ကွင်းမှာ ၀ – ၁ နဲ့ အရေးနိမ့်ခဲ့လို့ ၊ လက်ကျန် ၂ပွဲလုံး အနိုင် ကစားဖို့ လိုအပ်လာပြီ ဖြစ်ပါတယ် ။

လာမယ့် စနေနေ့မှာ အက်ဖ်အေ ဖလား ဗိုလ်လုပွဲ ဆင်နွှဲဖို့ ရှိနေလို့ ၊ ဒီပွဲမှာ ချဲလ်ဆီး အသင်းဟာ အဓိက ပွဲထွက် ကစားသမား ၃ ၊ ၄ဦးလောက် ကို ကောင်းကောင်း အနားပေးခဲ့ပေမယ့် ၊ ပွဲထွက်စာရင်းရဲ့ နေရာ တော်တော်များများကိုတော့ တောင့်တင်းတဲ့ ကစားသမားတွေနဲ့ ပွဲထွက်စေခဲ့ပါတယ် ။

myan789

ဒီပွဲမှာ အာဆင်နယ် ရသွားတဲ့ တလုံးတည်းသော အနိုင်ဂိုးဟာလည်း ဂျော်ဂျင်ဟို ရဲ့ လက်ဆောင်ဂိုးလို့ ပြောလို့ရပါတယ် ။ ကီပါထံ နောက်ပြန်ပေးရမှာ တက်တက်စင် မှားယွင်းကာ ဂိုးပေါက်ထဲ တန်းဝင်ခဲ့ပေမယ့် ၊ ကီပါ က လိုင်းပေါ်က ရှင်းထုတ်ခဲ့ရာ ၊ အာဆင်နယ် တိုက်စစ်မှူး အူဘားမီးယန်း ရရှိသွားပြီး ၊ ဂိုးပေါက် ကန်သွင်းဖို့ အသင့်ရှိနေခဲ့တဲ့ စမစ်ရိုထံ အသာအယာ ဖန်တီးပေးခဲ့ပါတယ် ။

ဒါကို စမစ်ရို က အေးအေးဆေးဆေးပဲ အဆုံးသတ်ပြီး ၊ တလုံးတည်းသော အနိုင်ဂိုးကိုပါ စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ် ။ လက်ကျန် ပွဲချိန်တွေမှာ အာဆင်နယ်တို့ တသင်းလုံး ခံစစ်ဇုန်မှာ ဆင်းပြီး ခုခံခဲ့တာကြောင့် ချဲလ်ဆီးတို့ အပိုင် အခွင့်အရေး ဖန်တီးဖို့ အတော်လေး ခက်ခဲခဲ့ရပါတယ် ။

တဝက်တပြတ် အခွင့်အရေး အနည်းအကျဉ်းတော့ ပိုင်ဆိုင်ခဲ့ပေမယ့် ဂိုးရဖို့ မလုံလောက်ခဲ့ပါဘူး ။ ဒီ ရှုံးပွဲကြောင့် ချဲလ်ဆီး အသင်းဟာ လာမယ့် လက်စတာ နဲ့ အက်ဖ်အေ ဖလားဖိုင်နယ် အတွက် စိတ်ဓာတ်ပိုင်းဆိုင်ရာ သက်ရောက်မှု တစုံတရာ ခံစားကောင်း ခံစားရနိုင်ဖွယ် ရှိနေပါတယ် ။

တဖက်မှာ တူချယ် ကတော့ ယနေ့ည ပွဲစဉ်မှာ ပွဲထွက်ခွင့် ပြန်ရခဲ့တဲ့ ကီပါ အရီဇာဘာလာဂါ ဟာ လာမယ့် အက်ဖ်အေ ဖလား ဗိုလ်လုပွဲမှာ ပွဲထွက်ဖို့ အတွက် အနည်းငယ် လက်သွေးတဲ့ သဘော အနေနဲ့ ဖြစ်ကြောင်း ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာ အတည်ပြုသွားခဲ့ပါတယ် ။

တူချယ် က ” ဒီတည အတွက်ပဲ ကီပါကို ပြန်ပေးကစားခဲ့တာလား ? မဟုတ်ပါဘူး ။ သူဟာ အက်ဖ်အေ ဖလား ဗိုလ်လုပွဲမှာလည်း ပွဲထွက်ရဦးမှာပါ ။ ဗိုလ်လုပွဲ မတိုင်မီ ကြိုကစားခွင့် တပွဲ ပေးလိုက်တာက သူ့အပေါ် အထောက်အကူ ပိုပေးမယ်လို့ ကျွန်တော်တို့ ယူဆတာကြောင့်ပါ ။ ကျွန်တော်တို့ သူ့အပေါ် ယုံကြည်မှု ရှိပြီး ၊ ဒီနေ့ပွဲကို သူ ကစားခွင့်ရဖို့လည်း ထိုက်တန်ခဲ့ပါတယ် ။ “

” ဒါဟာ ဒီနေ့ပွဲရဲ့ ပွဲထွက်စာရင်းမှာ ကီပါကို ပြန်သုံးခဲ့ရခြင်းရဲ့ အခြေခံ အကြောင်းအရင်း ဖြစ်ပါတယ် ။ သူဟာ လေ့ကျင့်ရေး အစီအစဉ်တွေမှာ အထူး ကြိုးစား လေ့ကျင့်ထားတဲ့ အတွက် ဒီနေ့ပွဲမှာ ပွဲထွက်ဖို့ ထိုက်တန်ခဲ့ပါတယ် ။ ကံဆိုးစွာနဲ့ ဒီညက သူ့ရဲ့ည မဟုတ်ခဲ့ပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular