အာဆင်နယ် ကို ဘာကြောင့် ရှုံးခဲ့ရလဲ ဆိုတာ ရိုးရိုးသားသား ဝန်ခံလာတဲ့ #လမ်းပတ်

ချဲလ်ဆီး အသင်း ဟာ မနေ့ည က ကစားသွားခဲ့တဲ့ အက်ဖ်အေ ဖလား ဗိုလ်လုပွဲမှာလန်ဒန်ဒါဘီပြိုင်ဖက် အာဆင်နယ် အသင်း ကို ၂ -၁နဲ့အရေးနိမ့်ခဲ့ကာ၊ဒီရာသီအတွက်ဆုဖလားအောင်မြင်မှုနဲ့အဆုံးသတ်နိုင်ဖို့ အခွင့်အရေး ကို လက်လွှတ်ခဲ့ရပါတယ် ။

ဒီပွဲမှာ ချဲလ်ဆီး အသင်း ဟာ ပထမပိုင်း အစောပိုင်း မိနစ်တွေက လွဲရင် ၊ လက်ကျန် ပွဲချိန် တွေမှာ အာဆင်နယ် ကို ကစားကွက် ၊ နည်းစနစ်ပိုင်း တွေမှာ မယှဉ်နိုင်ခဲ့တာကိုတွေ့ခဲ့ရပါတယ်။အထူးသဖြင့် အဓိက တောင်ပံ ကစားသမား ခရစ်တီယန် ပူလီဆစ် တံကောက်ကြော ဒဏ်ရာ ကြောင့် ကွင်းထဲက ထွက်သွားရတဲ့ နောက်ပိုင်းမှာပါ ။

myan789

တချိန်တည်းမှာပဲအခြားအဓိကကစားသမားတွေဖြစ်တဲ့ဝါရင့်တောင်ပံကစားသမားဝီလီယံ၊ကွင်းလယ်လူ အန်ဂိုလို ကန်တေ တို့ ကြံ့ခိုင်မှု မပြည့်သေးတာကြောင့် ဒီပွဲကို လွဲချော်ခဲ့ရတာကချဲလ်ဆီး အတွက် ကြီးမားတဲ့ ထိုးနှက်ချက် ဖြစ်ခဲ့ပါတယ် ။

နဂိုကတည်းက အဖက်ဖက် က အင်အားနည်းနေတဲ့ အချိန် ၊ ကွင်းလယ်ဒိုင် ရဲ့ ဆုံးဖြတ်ချက် ကလည်း ချဲလ်ဆီး အသင်း အတွက် လုံးဝ မျှတမှု မရှိခဲ့တာကြောင့် ပွဲမပြီးခင် ကတည်းက ဒီပွဲဟာ အာဆင်နယ် အသင်း အတွက် အနိုင်ရလဒ် ဖြစ်မှာကို ကြိုတွေးလို့ ရနေခဲ့ပါတယ် ။

ပွဲအပြီးမှာ ချဲလ်ဆီး နည်းပြ ဖရန့် လမ်းပတ် ဟာ ကွင်းလယ်ဒိုင် ရဲ့ ဆုံးဖြတ်ချက် တချို့ အပေါ် မေးခွန်း ထုတ်ခဲ့ပေမယ့် ၊ ၎င်းတို့ အသင်း ရဲ့ စွမ်းဆောင်ရည် က ချန်ပီယံ ဖြစ်ဖို့ မထိုက်တန်ခဲ့ကြောင်း နဲ့ ကစားပုံ လေးလံထိုင်းမှိုင်းမှု တွေ ရှိခဲ့ကြောင်း ဖွင့်ဟ ဝန်ခံခဲ့ပါတယ် ။

လမ်းပတ် က ” ကျွန်တော်တို့ဟာ ဒီနေ့ပွဲမှာ အစောပိုင်း ၁၀ မိနစ် ၊ ၁၅ မိနစ်လောက် အထိ ကစားပုံ ကောင်းခဲ့ပါတယ် ။ ပွဲကို ထိန်းချုပ်ဖို့ အတွက် အခွင့်အရေး အနည်းငယ် ဖန်တီးနိုင်ခဲ့ပါတယ် ။ဒါပေမယ့် အဲ့ဒီ နောက်ပိုင်း မှာတော့ ဘောလုံးကစားပုံနည်းစနစ်တွေအရဒီပွဲအရှုံးရလဒ်အတွက်ကိုယ့်ကိုယ်ကိုသာ အပြစ်ဖို့ဖို့ပဲ ရှိခဲ့ပါတယ် ။ “

” ကျွန်တော်တို့ရဲ့ ကစားပုံ က တုန့်ဆိုင်းနေခဲ့ပါတယ် ။ ဘောလုံးကိုင်တဲ့ အချိန်တွေ အရမ်း ကြာခဲ့ပြီး ၊ အတိုပေးဘော တွေကို ကြည့်ရင် လမ်းလျှောက်ရင်း သက်တောင့်သက်သာ ဘောလုံး ပေးနေသလိုပါပဲ ။ အက်ဖ်အေ ဖလား ဗိုလ်လုပွဲ မှာ ဒီလိုမျိုး သက်တောင့်သက်သာ ဖြစ်နေတယ် ဆိုတာမျိုးကမရှိရပါဘူး ။ “

” ဒီ အချက်ကြောင့် ကျွန်တော် တို့ဟာ အာဆင်နယ် အသင်း ကို ပြန်လာဖို့ အခွင့်အရေး ပေးလိုက်သလို ဖြစ်သွားပြီး ၊ ရှေ့လျှောက် ဆာလောင်စိတ် တွေကိုလည်း ကျဆင်းသွားစေခဲ့ပါတယ် ။ ဒီနေ့ပွဲမျိုး ဟာ အမြဲတမ်း ခက်ခဲမယ် ဆိုတာ ရှင်းနေပါတယ် ။ ဒါပေမယ့် ဒီနေ့မှာတော့ တကယ်တမ်းပွဲကိုခက်ခဲအောင် လုပ်နေတာ က ကျွန်တော်တို့ ကိုယ်တိုင်ပါပဲ ။ “

” ဒုတိယပိုင်း ပြန်စတော့ ကျွန်တော်တို့ တောက်ပတဲ့ ပုံစံ နဲ့ ထွက်လာနိုင်ခဲ့ပါတယ် ။ အကယ်၍ဒဏ်ရာ မရခင်ပူလီဆစ်ရဲ့ကန်ချက်ကဂိုးဝင်ခဲ့ရင်ပွဲရဲ့အခြေအနေကတမျိုးပြောင်းသွားနိုင်ပြီး၊ကျွန်တော်တို့ဖက်ကို မျက်နှာသာ ပြန်ပေးသွားနိုင်ပါတယ် ။ ဒီ ကာလ ဟာ ကျွန်တော်တို့ အတွက် အရမ်း အလုပ်ရှုပ်တဲ့ အချိန် အပိုင်းအခြားပါ ။ “

“အသင်းသားတိုင်းဟာဒီပွဲအတွက်အရာရာပေးဆပ်ခဲ့ကြပါတယ်။နောက်ဆုံးမိနစ်၂၀ကို၁၀ယောက်ကျန်နဲ့ဆက်လက်ရင်ဆိုင်ရတာသူတို့အတွကိအရမ်းခက်ခဲတဲ့စိန်ခေါ်မှုဖြစ်ခဲ့ပါတယ်။ဒီနေ့ပွဲမှာကျွန်တော်တို့ဟာ ချောင်ပိတ်မိဖို့ မသင့်ခဲ့ပါဘူး ။ “

” ဟုတ်ပါတယ် ။ စိတ်ပျက်စရာကောင်းတဲ့ ညတည လို့လည်း ဆိုနိုင်ပါတယ် ။ ဒါပေမယ့် ဒီနှစ်ဘောလုံး ရာသီတခုလုံးကိုခြုံကြည့်မယ်ဆိုရင်ကျွန်တော်တို့ဟာအခုအက်ဖ်အေဖလားဗိုလ်လုပွဲကိုတက်လာနိုင်ခဲ့တယ်၊ပရီးမီးယားလိဂ်မှာလည်းအဆင့်၄နဲ့ပန်းဝင်နိုင်ခဲ့တယ်ဆိုတာတကယ်အပေါင်းလက္ခဏာဆောင်တဲ့ အရာပါပဲ ။ “

” ဒီနေ့ ပွဲမှာသာ အနိုင်ရခဲ့ရင် အချိုပေါ် သကာလောင်းသလို ဖြစ်လာနိုင်ပေမယ့် ၊ ထင်ထားသလိုတော့ ဖြစ်မလာခဲ့ပါဘူး ။ ဒီရာသီ တလျှောက် ကျွန်တော်တို့ အားလုံး အတူတကွ ကြိုးစားလာကြတာကို လူတိုင်း မြင်တွေ့ရမှာ ဖြစ်ပေမယ့် ၊ တချိန်တည်းမှာ ကျွန်တော်တို့မှာ လိုအပ်ချက် တွေ နည်းနည်း ၊ နည်းနည်းစီ ရှိနေတယ် ဆိုတာ ရှင်းနေပါတယ် ။ “

” ပြီးခဲ့တဲ့ ရက်သတ္တပတ် ၂ပတ်လောက်တုန်းက ကျွန်တော် တို့ဟာ မန်ချက်စတာ ယူနိုက်တက် နဲ့ ပွဲမှာ အံ့သြဖွယ် စွမ်းဆောင်ရည်တွေ ပြသနိုင်ခဲ့ပါတယ် ။ ပွဲကိုလည်း ထိန်းချုပ်နိုင်ခဲ့တယ် ၊ ဘောလုံး ပေးပို့မှု တွေကလည်း မြန်ဆန်ခဲ့သလို ၊ တိုက်စစ် ကလည်း အန္တရာယ် ရှိခဲ့ပါတယ် ။ “

” ဒီနေ့ပွဲမှာတော့ ကစားပုံ နှေးကွေးခဲ့သလို ၊ အနောက်မှာပဲ ဘောလုံးပေးနေတာ များခဲ့ပြီး ၊ ဒါဟာ ဖိအား ကိုလက်ယက်ခေါ်သလိုပါပဲ။ကျွန်တော်တို့ဟာဘယ်ကနေတိုက်စစ်စလို့စရမှန်းမသိဖြစ်ခဲ့ပါတယ် ။ ဒီနေ့ပွဲမှာ ကျွန်တော် တို့ဟာ ဗိုလ်စွဲဖို့ လုံလောက်တဲ့ ကစားအား ကိုမပြသနိုင်ဘူးလို့ပဲပြောချင်ပါတယ် ” လို့ ဖွင့်ဟခဲ့ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular