အာဆင်နယ်နှင့်ပွဲတွင် စီရော်နယ်လ်ဒို ပရီးမီးယားလိဂ်ဂိုး(၁၀၀)ပြည့်ခဲ့ပြီး မကြာမီက ဆုံးပါးသွားခဲ့သည့် သားဖြစ်သူအတွက် ရည်ညွှန်းအောင်ပွဲခံခဲ့

မန်ယူအသင်း၏ တိုက်စစ်မှူး စီရော်နယ်လ်ဒိုသည် အာဆင်နယ်အသင်းကို (၁-၃)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့်ပွဲတွင် ၎င်းင်း၏ကစားသမားဘ၀ ပရီးမီးယားလိဂ်သွင်းဂိုး(၁၀၀)ပြည့်ခဲ့ကြောင်း သိရသည်။

စီရော်နယ်လ်ဒိုသည် မန်ယူအသင်းတွင် ပထမအကြိမ် ယှဉ်ပြိုင်ကစားခဲ့စဉ်က ပရီးမီးယားလိဂ်သွင်းဂိုး(၈၄)ဂိုး သွင်းယူခဲ့ပြီး ယခုဒုတိယအကြိမ် လာရောက်ကစားစဉ်တွင် သွင်းဂိုး(၁၆)ဂိုးရှိသွားသည့်အတွက် ပရီးမီးယားလိဂ်သွင်းဂိုး (၁၀၀)ပြည့်မြောက်ခဲ့ခြင်းဖြစ်သည်။

myan789

ထို့ကြောင့် စီရော်နယ်လ်ဒိုသည် ပရီးမီးယားလိဂ်တွင် ရာပြည့်ဂိုးသွင်းယူနိုင်သည့် (၃၃)ဦးမြောက်ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့သည်။ မန်ယူကစားသမားများထဲတွင် ဆိုပါက ပရီးမီးယားလိဂ်သွင်းဂိုး (၁၀၀)နှင့်အထက် သွင်းယူနိုင်သည့် စတုတ္ထမြောက်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်းလည်း သိရသည်။

စီရော်နယ်လ်ဒိုမတိုင်မီ မန်ယူအသင်းအတွက် ပရီးမီးယားလိဂ်သွင်းဂိုး (၁၀၀)နှင့်အထက် သွင်းယူနိုင်ခဲ့သူများမှာ ဝိန်းရွန်နီ(၁၈၃ ဂိုး)၊ ရိုင်ယန်ဂစ်(၁၀၉ ဂိုး)နှင့် ပေါလ်စခိုးလ်(၁၀၇ ဂိုး)တို့ဖြစ်သည်။

စီရော်နယ်လ်ဒိုသည် ပရီးမီးယားလိဂ်နှင့် လာလီဂါပြိုင်ပွဲနှစ်ခုတွင် ဂိုး(၁၀၀)နှင့်အထက် သွင်းယူနိုင်သည့် ပထမဆုံးကစားသမားလည်းဖြစ်ခဲ့သည်။

မန်ယူအသင်းတွင် ပထမအကြိမ်ကစားခဲ့သည့် ၂၀၀၃ ခုနှစ်မှ စတွက်ပါက ဥရောပထိပ်တန်းလိဂ်ပြိုင်ပွဲနှစ်ခု၌ ဂိုး(၁၀၀)နှင့်အထက် သွင်းယူနိုင်သူမှာ စီရော်နယ်လ်ဒိုအပါအဝင် (၄)ဦးသာရှိခဲ့ပြီး ကာဗာနီက ပြင်သစ်လီဂူးနှင့် စီးရီးအေ၊ ဟီဂွါအင်က လာလီဂါနှင့် စီးရီးအေ၊ အီဘရာဟီမိုဗစ်က ပြင်သစ်လီဂူးနှင့် စီးရီးအေတို့တွင် သွင်းယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စီရော်နယ်လ်ဒိုသည် အဆိုပါ ပရီးမီးယားလိဂ်ဂိုး(၁၀၀)ပြည့်သွင်းယူခဲ့ပြီးနောက် ကောင်းကင်သို့ လက်ညှိုးညွှန်ပြ၍ အောင်ပွဲခံခဲ့ခြင်းမှာ မကြာမီက ဆုံးပါးသွားခဲ့သည့် သားဖြစ်သူအတွက် ရည်ညွှန်း အောင်ပွဲခံခဲ့ခြင်းဖြစ်ကြောင်း SI ဝက်ဘ်ဆိုက်က ဖော်ပြခဲ့သည်။

စီရော်နယ်လ်ဒို၏ အတူနေချစ်သူ ဂျော်ဂျီနာရိုဒရီဂွက်ဇ်သည် ဧပြီ(၁၈)က အမြွှာရင်သွေး မွေးဖွားခဲ့သော်လည်း သမီးလေးသာ အသက်ရှင်ပြီး သားလေးမှာ ဆုံးပါးသွားခဲ့သည်။

ထို့ကြောင့် စီရော်နယ်လ်ဒိုက သားဖြစ်သူအတွက် ရည်ညွှန်းအောင်ပွဲခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းပွဲတွင် အာဆင်နယ်ပရိသတ်များက စီရော်နယ်လ်ဒိုအတွက် စာနာကြောင်း ပွဲချိန်(၇)မိနစ်တွင် ပြသခဲ့ကြသည်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular