အာဆင်နယ်နဲ့ပွဲမှာ မိုဆာလားရဲ့ နေရာအတွက် လီဗာပူးတို့ ဘယ်လို အစားထိုးသွားမလဲဆိုတာ ထုတ်ဖော်လိုက်တဲ့ ကလော့

ယာဂန်ကလော့က မိုဟာမက်ဆာလားရဲ့ နေရာကို ဖြည့်ဆည်းကစားသွားရန် လီဗာပူးမှာ လိုအပ်တဲ့ လက်နက်တွေ ရှိနေတယ်လို့ ဆိုလိုက်ပါတယ်။ ဒါပေမယ့်လည်း ကလော့က သူ့ရဲ့ အသင်း အနေနဲ့ ခြားနားတဲ့ ကစားဟန်ကိုတော့ ရှာဖွေသွားရမယ်လို့ ၀န်ခံလိုက်ပါတယ်။ ဆာလားဟာ နောက်ထပ် ကောင်းမွန်တဲ့ ရာသီကို ပိုင်ဆိုင်နေပြီး ဒီရာသီ ပြိုင်ပွဲစုံမှာ ၁၈ ဂိုးထိ သွင်းယူထားခဲ့ပြီး လီဗာပူးကို ပရီးမီးယားလိဂ် ဇယားထိပ်မှာ ရပ်တည်နိုင်အောင် ကူညီပေးထားပါတယ်။

ဒါပေမယ့်လည်း လက်ရှိ အချိန်မှာတော့ ဆာလားဟာ အာဖရိကဖလား အတွက် အီဂျစ်နဲ့ သွားပူးပေါင်းနေပြီ ဖြစ်ပါတယ်။ လီဗာပူးမှာ ဂျိုတာ ဂတ်ပို နူးနက် ဒီယက် တို့လို အခြား တိုက်စစ် ကစားသမားကောင်းတွေ ရှိနေတာ ကတော့ ကလော့ အတွက် စိတ်သက်သာရ ရစေတဲ့ အချက် ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကလော့က ဘယ်ကစားသမားကို မဆို ဆာလား လိုမျိုး ကစားခိုင်းတာ ကတော့ ရူးမိုက်ရာ ကျတယ်လို့ ၀န်ခံသွားပါတယ်။

myan789

ကလော့က “အခုဆိုရင် ကျနော်တို့ ဆာလား မရှိတဲ့ဟာကို ဖြေရှင်းသွားရတော့မှာပါ။ ကျနော်တို့ ဒါကို ဖြေရှင်းသွားမှာပါ။ အမှန်ပါပဲ။ ကျနော်တို့ နည်းလမ်း ရှာဖွေသွားရမှာပါ။ ဒါကို ကွင်းထဲမှာ ပြသသွားရပါမယ်။ ကျနော်တို့ဟာ ၀က်ဟမ်းနဲ့ပွဲမှာ မို မပါဘဲ ကစားခဲ့တယ်လို့ ထင်ပါတယ်။ အဲပွဲမှာ အယ်လီယော့က အဲဒီနေရာမှာ ကစားခဲ့ပါတယ်။ အဲဒီတောင်ပံ အတွက် ကျနော်တို့မှာ ရွေးချယ်စရာတွေ ရှိနေပါတယ်။ မတူညီတဲ့ ကစားပုံနဲ့ပေါ့။

ဟာဗေးတင် မကပါဘူး။ အဲဒီတောင်ပံမှာ ကစားတဲ့ ဘယ်သူ မဆို မိုဆာလား လိုမျိုးတော့ မကစားသင့်ပါဘူး။ ဒါကလည်း မဖြစ်နိုင်ပါဘူး။ ကျနော်တို့ နောက်ထပ် နည်းလမ်း ရှာဖွေရမှာ ဖြစ်ပြီး ကောင်လေးတွေရဲ့ အရည်အသွေးကို အသုံးချသွားမှာပါ။ ဒါကတော့ ကျနော်တို့ တွေးနေတဲ့ အိုင်ဒီယာပါ။

မို မပါဘဲ ခင်ဗျား ကစားချင်သလား? No ပါ။ ဒါပေမယ့် သူ မပါဘဲ ကစားရတဲ့ အခါတိုင်း ကျနော်တို့ ဒီကာလကို ကောင်းကောင်း ကျော်ဖြတ်နိုင်တဲ့ နည်းလမ်း အမြဲ ရှာတွေ့လေ့ရှိပါတယ်။ ကျနော်တို့ ဒီတစ်ခါမှာလည်း နည်းလမ်း ရှာဖွေနိုင်မယ်လို့ ယုံကြည်ထားပါတယ်။ ဒါပေမယ့် ကျနော်တို့ အာဆင်နယ်နဲ့ ကစားရမှာပါ။ မို ပါရင်တောင် ဒီပွဲကို ရှုံးနိမ့် နိုင်ပါတယ်။ ဒီအချိန်မှာ ကျနော်တို့ ဒီပွဲကို အနိုင်ရအောင် ဘယ်လို လုပ်သွားမလဲ ဆိုတာကိုပဲ အရင်တွေးရပါမယ်။” လို့ ဆိုလိုက်ပါတယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular