အသင်းသားတွေရဲ့ တုန့်ပြန်မှုတွေကို နှစ်သက်ကြောင်း ဆိုလိုက်ပြီး FA ဖလား ပွဲစဉ် အတွက် သူ့ရဲ့ ယုံကြက်ချက်ကို ထုတ်ဖော် ပြောကြားလိုက်တဲ့ ဆိုးလ်ရှား

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြ ဖြစ်သူ အိုလီ ဂန်နား ဆိုးလ်ရှား က ပြီးခဲ့တဲ့ ရက်ပိုင်း တုန်းက ကာရာဘောင်း ဖလား ပြိုင်ပွဲမှ စိတ်ပျက်ဖွယ် ထွက်ခွာခဲ့ ရတဲ့နောက် FA ဖလား ပွဲစဉ်မှာ အသင်းသားတွေ အကောင်းဆုံး ပြန်လာ လိမ့်မယ့်လို့ ယုံကြည်ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

ယူနိုက်တက် တို့ဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့ နံနက် တုန်းက အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲမှာ ကာရာဘောင်း ဖလား ပြိုင်ပွဲရဲ့ ဆီမီး ဖိုင်နယ် အဆင့် အဖြစ် မြို့ခံ ပြိုင်ဖက် မန်စီးတီး အသင်းကို ဧည့်ခံ ကစားခဲ့ ရပြီး 0 – 2 ဆိုတဲ့ အရှုံး ရလဒ် နဲ့ အတူ ပြိုင်ပွဲမှ လက်ပြ နှုတ်ဆက် ခဲ့ရ ပါတယ် ။

myan789

ဒါက ယူနိုက်တက် အသင်း အတွက်တော့ နည်းပြ ဆိုးလ်ရှား ရဲ့ လက်အောက်မှာ ကုန်လွန်ခဲ့တဲ့ အချိန် 12 လ အတွင်း 4 ကြိမ် အထိ ဆီမီး ဖိုင်နယ် အဆင့်ကို တက်ရောက် သွားနိုင်ခြင်း ဖြစ်သွားခဲ့ရပြီး လေးကြိမ်လုံး ရှုံးနိမ့် ခဲ့တဲ့ မှတ်တမ်းဆိုး တစ်ခုကို ပိုင်ဆိုင် သွားခဲ့ ရတာပဲ ဖြစ်ခဲ့ရ ပါတယ် ။

အခုတော့ ဆိုးလ်ရှားက ဘန်လေနဲ့ ကစားရမယ့် ပရီးမီးယားလိဂ် ပွဲစဉ် အတွက် ကစားသမား အချို့ကို အနာပေးလိုတဲ့ အတွက် FA ဖလား ပွဲစဉ်မှာ အသင်းသား အချို့ကို အနားပေး သွားဖို့ ရှိနေတယ်လို့ သိရ ပါတယ် ။ ဘန်လေ နဲ့ ပွဲမှာသာ အနိုင် ရခဲ့ရင် ယူနိုက်တက် တို့ဟာ အမှတ်ပေး ဇယားကို ဦးဆောင်ခွင့် ရရှိ မှာပဲ ဖြစ်ပါတယ် ။

အခုတော့ ဆိုးလ်ရှားက မန်စီးတီး အသင်းကို ရှုံးနိမ့် ခဲ့တဲ့နောက် အသင်းသား တွေရဲ့ တုန့်ပြန်မှုကို နှစ်ခြိုက်ခဲ့ကြောင်း ထုတ်ဖော် ပြောကြား သွားလိုက်ပြီး ရှုံုးပွဲကနေ အကောင်းဆုံး ပြန်လာ နိုင်မလား ဆိုတဲ့ အပေါ် သံသယ လုံးဝ မဖြစ်မိကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

” ကစားသမား တွေရဲ့ တုန့်ပြန်မုှ တွေက တွေးထား သလိုပဲ ဖြစ်ခဲ့ရ ပါတယ် ။ ဟုတ်ပါတယ် ၊ ပြိုင်ပွဲ ကနေ နှုတ်ဆက် ထွက်ခွာ လိုက်ရမယ် ဆိုရင် စိတ်မကျေမနပ် ဖြစ်မိမှာ အသေအချာ ပါပဲ ။ ကျွန်တော်တို့ တွေဟာ တစ်ကယ်ပဲ နောက်တစ်ဆင့်ကို တက်ရောက်ချင်ခဲ့ ကြတာပါ ”

” ဒါပေမယ့် ဒီရာသီ အတွင်း ရှုံးပွဲ ကြုံတွေ့တဲ့ အခါတိုင်းမှာ ကျွနိတော် တို့ဟာ အကောင်းဆုံး ပြန်လာ နိုင်စွမ်း ရှိတယ် ဆိုတာကို အကြိမ်တိုင်း ပြသထားနိုင်ခဲ့ကြ ပါတယ် ။ အာဆင်နယ် အသင်းကို ကျွန်တော်တို့ ရှုံးခဲ့တုန်းက ဒါကို လုပ်ပြ နိုင်ခဲ့ သလို တော့တင်ဟမ်ကို ရှုံးခဲ့ တုန်းကနဲ့ ချန်ပီယံလိဂ်က ထွက်ခွာခဲ့ရတုန်းကလည်း အကောင်းဆုံး ပြန်လာ နိုင်ခဲ့ကြ ပါတယ် ”

” ကောင်လေးတွေဟာ အကောင်းဆုံး ပြန်လည် တုန့်ပြန် နိုင်ခဲ့ကြ ပါတယ် ။ ဒါ့ကြောင့် ငါတော့ ဒီပွဲကို အနိုင် ရချင်တယ် ဆိုတာထက်ပိုတဲ့ စကားလုံးတွေ ကျွန်တော် ပြောဖို့မလိုအပ်ပါဘူး ။ ကျွန်တော်တို့ ရှေ့ဆက် ကြိုးစားရ ပါ့မယ် ။ ကျွန်တော် တို့ဟာ ဒီပြိုင်ပွဲမှာ အနိုင်ရရှိဖို့ အတွက် ကစား နေကြတာပါ ။ အဲ့တာကို လုပ်ပြနိုင်အောင် ကြိုးစားရ ပါ့မယ် ”

” အသင်း မှာတော့ အနားယူဖို့ လိုအပ်နေကြတဲ့ ကစားသမား အချို့ ရှိနေကြ ပါတယ် ။ ဒါကြောင့် အခု ပွဲစဉ်မှာ အပြောင်းအလဲ လုပ်ဆောင်မှု အချို့ ရှိလာပါ လိမ့်မယ် ။ ဒါပေမယ့် ကျွန်တော်တို့ အပြည့်အဝ ယုံကြည်လို့ရတဲ့ အသင်းအဖွဲ့ တစ်ခုကို ကျွန်တော်တို့ ပိုင်ဆိုင်ထားဆဲပဲလို့ ယုံကြည်ပါတယ် ” လို့ ဆိုးလ်ရှားက ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular