အသင်းသားတွေက ဘာကြောင့်ဘိုင်လီနဲ့အတူ အောင်ပွဲခံခဲ့ကြတာလဲ ဆိုတာရှင်းပြလိုက်တဲ့ ဆိုးလ်ရှား

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနေ့ နံနက် မှာတော့ အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲမှာ အက်စတွန် ဗီလာ အသင်းကို ဧည့်ခံ ကစားခဲ့ ရပြီး 2 – 1 ဆိုတဲ့ ရလဒ် ရယူ နိုင်ခဲ့ကာ 2021 ခုနှစ်ကို အနိုင် ရလဒ်နဲ့ စတင် သွားနိုင်ခဲ့ပါတယ် ။ အခုတော့ ယူနိုက်တက်တို့ဟာ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် 10 ပွဲဆက် ရှုံးပွဲ မရှိသေးတဲ့ မှတ်တမ်းကောင်း တစ်ရပ်ကို ပိုင်ဆိုင် သွားနိုင် ခဲ့ကြ ပါပြီ ။

အခြား တစ်ဖက် မှာတော့ ယူနိုက်တက် ဗဟို နောက်ခံလူ အဲရစ် ဘိုင်လီ ဟာ 2017 ခုနှစ် စက်တင်ဘာလ နောက်ပိုင်း အသင်း အတွက် ပထမဆုံး အကြိမ် အဖြစ် လေးပွဲဆက် ကစားပေးခွင့် ပိုင်ဆိုင် သွားနိုင်ခဲ့ပြီး အထူး ပုံစံကောင်း ပြသ သွားနိုင်ခဲ့ ပါတယ် ။ အထူးသဖြင့် နောက်ဆုံး မိနစ်မှာ သူဟာ ဒေးဗစ် ရဲ့ ဂိုး ဖြစ်သွား နိုင်မယ့် ကန်ချက်ကို ဟန့်တား ကာကွယ် ပေးရင်း အသင်းကို သုံးမှတ်ပြည့် ရရှိအောင် ကူညီ ပေးသွား နိုင်ခဲ့ ပါတယ် ။

myan789

ဘိုင်လီဟာ ယူနိုက်တက်တို့ ကာရာဘောင်း ဖလား ကွာတား ဖိုင်နယ် အဖြစ် အဲဗာတန် အသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ် ကတည်းက အသင်း အတွက် ပွဲထွက် ကစားခွင့် ပြန်လည် ပိုင်ဆိုင် နိုင်ခဲ့သူ ဖြစ်ပြီး အခုတော့ အသင်းဖော် မက်ဂွားယားနဲ့ အတွဲအဖက် ညီအောင် ကစားပေး နိုင်ခဲ့ပါပြီ ။ ဒီအတွက် နည်းပြ ဆိုးလ်ရှား က ပွဲစဉ် အပြီး သတင်းစာ ရှင်းလင်းပွဲမှာ နောက်ခံလူကို အမွှမ်းတင် ချီးကျူး သွားခဲ့လိုက် ပါတယ် ။

” ဒီနေ့ ခင်ဗျားတို့ သူ့ရဲ့ ရုပ်ပိုင်း ဆိုင်ရာ ကြံ့ခိုင်မှုကို မြင်တွေ့ခဲ့ ရမှာပါ ။ သူ့ရဲ့ လျင်မြန်မှု နဲ့ ရဲရင့်မှု တွေက တစ်ကယ့်ကို ချီးကျူး စရာ ဖြစ်ခဲ့ရ ပါတယ် ။ သူဟာ ဒဏ်ရာ အလွယ်တကူ ရရှိသွားနိုင်မယ့် ကစားပုံ တစ်ခုကို ပိုင်ဆိုင်ထားသူ တစ်ဦးပါ ။ သူ့ရဲ့ ကြွက်သား အမျှင်တွေ ကလည်း သူ့ကို အကြိမ် အနည်းငယ် ဒဏ်ရာ ရရှိစေခဲ့တာမျိုး ဖြစ်ကောင်း ဖြစ်နိုင် ပါတယ် ”

” ပွဲစဉ် တစ်ပွဲရဲ့ အဆုံးသတ်မှာ အခုလို ကစားပေး ရတာ ၊ အသင်းဖော် တွေနဲ့ အတူ အောင်ပွဲခံခွင့်ရတာ တွေက သူ့အတွက် ဘယ်လောက် အထိ အရေးပါသလဲ ဆိုတာကို သိသာ ပေါ်လွင် စေခဲ့ ပါတယ် ။ သူက အသင်းရဲ့ အဝတ်လဲခန်း ထဲမှာ လူချစ်လူခင် များတဲ့ ကစားသမား ၊ လူသား တစ်ဦး ဖြစ်နေတဲ့ အတွက် အားလုံးက သူနဲ့ အတူ အောင်ပွဲခံခဲ့ ကြတာပါ ”

” သူဟာ ဒဏ်ရာတွေ အကြား ရုန်းကန် နေခဲ့ ရတာကို အားလုံး သိရှိ ကြတဲ့ အတွက် လူတိုင်းက သူ့ကို အရည်အသွေးတွေ ပြသ စေလို နေခဲ့ကြပါတယ် ။ သူ အခုလို စွမ်းဆောင်ရည်တွေကို ပြသ သွားနိုင်ခဲ့တဲ့ အတွက် ကျွန်တော်တို့ အားလုံး ကြည်နူး ဝမ်းမြောက် မိကြ ပါတယ် ” လို့ ဆိုးလ်ရှား က ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

ဒီပွဲမှာတော့ ဘိုင်လီဟာ မိမိ အသင်းဖက် အခြမ်းမှာ မှန်ကန်တဲ့ ဘောလုံး ပေးပို့မှု 26 ကြိမ် အထိ လုပ်ဆောင် နိုင်ခဲ့ပြီး ပြိုင်ဖက် အသင်းရဲ့ ကွင်းဖက် အခြမ်းမှာတော့ 10 ကြိမ် အထိ မှန်ကန်စွာ ဘောလုံး ပေးပို့ နိုင်ခဲ့ ပါတယ် ။ ဒါ့အပြင် သူဟာ အဝေးဘော ပေးပို့မှု 2 ကြိမ် လုပ်ဆောင်ခဲ့ပြီး နှစ်ကြိမ်လုံး ပေးပို့မှု အောင်မြင်ခဲ့ ပါတယ် ။

ဒါ့အပြင် သူက တစ်ဦးချင်း ဘောလုံး ယှဉ်လုမှု 4 ကြိမ် ၊ အမြင့်ဘော ဦးဆောင်မှု 3 ကြိမ် ၊ ဘောလုံး ရှင်းထုတ်မှု 6 ကြိမ် ၊ ဘောလုံး ပြန်လည် ဆယ်ယူမှု 7 ကြိမ် နဲ့ ကြားဝင် ဟန့်တားမုှ 1 ကြိမ် တို့ကို လုပ်ဆောင် ခဲ့ကာ ပရိသတ် တွေက ပေးခဲ့တဲ့ ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမား ဖြစ်သွား နိုင်ခဲ့ ပါတယ် ။ ရှေ့ဆက်ပြီး သူဟာ ပွဲထွက်ခွင့်တွေ ပိုင်ဆိုင်ဦးမလား ဆိုတာ စိတ်ဝင်စားဖွယ် ပါပဲ ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular