အသင်းရဲ့ ကစားပုံနဲ့ ပတ်သက်လို့ နည်းပြ ဆိုးလ်ရှားရဲ့ ဝေဖန်မှုကို ထောက်ခံလိုက်တဲ့ ဘရူနို ဖာနန်ဒက်စ်

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနေ့ နံနက် မှာတော့ အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲမှာ ဒင်းန်စမစ် ဦးဆောင်တဲ့ ပြိုင်ဖက်ကောင်း အက်စတွန် ဗီလာ အသင်း ကို ဧည့်ခံ ကစားခဲ့ပြီး 2 – 1 ဆိုတဲ့ ရလဒ် ရယူ နိုင်ခဲ့ကာ 2021 ခုနှစ်ကို နိုင်ပွဲနဲ့ လှလှပပ ဖွင့်လှစ် သွားနိုင်ခဲ့ ပါတယ် ။

အဆိုပါ ပွဲစဉ် မှာတော့ ယူနိုက်တက် အသင်း အတွက် တိုက်စစ်မှူး မာရှယ်က ပွဲချိန် မိနစ် 40 မှာ ကတည်းက ဦးဆောင်ဂိုး သွင်းယူ ပေးနိုင်ခဲ့ ပါတယ် ။ ဒါပေမယ့် ဒုတိယပိုင်း 58 မိနစ်မှာ အက်စတွန် ဗီလာ အသင်း ဖက်မှ ထရာအိုရေး က ခြေပဂိုး ပြန်လည် သွင်းယူ သွားနိုင်ခဲ့ ပါတယ် ။

myan789

ဒါပေမယ့် သုံးမိနစ် အကြာမှာပဲ ဒေါက်ကလပ် လူးဝစ် က ပေါ့ဂ်ဘာကို ဂိုးဧရိယာထဲ ပြစ်ဒဏ် ကျူးလွန် ခဲ့တဲ့ အတွက် ယူနိုက်တက် တို့ဟာ ပင်နယ်တီ ရရှိခဲ့ ကြပြီး အဆိုပါ ပင်နယ်တီကို ဘရူနို ဖာနန်ဒက်စ် က အမှားအယွင်း မရှိ ဂိုးအဖြစ် ပြောင်လဲ နိုင်ခဲ့တဲ့ အတွက် ယူနိုက်တက်တို့ ပြန်လည် ဦးဆောင် နိုင်ခဲ့ကြ ပါတယ် ။

အဲ့ဒီနောက် နှစ်ဖက် အသင်းဟာ ဂိုး ဆက်လက် သွင်းယူ နိုင်ဖို့ မစွမ်းနိုင် ခဲ့ကြတဲ့ အတွက် ပွဲစဉ် ဟာ 2 – 1 ဆိုတဲ့ ရလဒ် နဲ့ပဲ ပြီးဆုံး သွားခဲ့ရ ပါတယ် ။ ထို့အတူ ယူနိုက်တက် တို့ဟာလည်းအိမ်ကွင်းမှာ အဖိုးတန် အနိုင် သုံးမှတ်ကို ရယူ သွားနိုင် ခဲ့ကြ ပါတယ် ။

ဒါပေမယ့် ယူနိုက်တက် နည်းပြ ဆိုးလ်ရှား ကတော့ အသင်းသားတွေ အနေ နဲ့ ပွဲစဉ်ကို စောစီးစွာ အဆုံးသတ်လိုက်ခဲ့ သင့်ကြောင်း ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာ ဝေဖန် သွားခဲ့ လိုက်ပြီး ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ် ကလည်း နည်းပြ ဖြစ်သူ ရဲ့ အဆိုကို ထောက်ခံ သွားခဲ့လိုက် ပါတယ် ။

” မျှမျှတတ ပြောရမယ် ဆိုရင် ကျွန်တော်ဟာ ပွဲချိန် နောက်ဆုံး 10 မိနစ်ကို ကောင်းမွန်စွာ ပျော်ရွှင် ခံစား နိုင်ခြင်း မရှိခဲ့ပါဘူး ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်တို့ တွေဟာ ပွဲစဉ်ကို ပိုကောင်းတဲ့ နည်းလမ်း နဲ့ စောစီးစွာ ဖြတ်လိုက် နိုင်ခွင့် ရှိခဲ့ ကြတယ် လို့ ကျွန်တော် တွေ့မြင်ခဲ့ ရလို့ ပါပဲ ”

” ဒါက ဖလား ဖိုင်နယ်ပွဲ တစ်ပွဲ ( သို့ ) ဘောလုံး ရာသီ တစ်ခု ရဲ့ နောက်ဆုံး ပွဲစဉ် ကစားခဲ့ရ သလိုမျိုး ဖြစ်ခဲ့ရ ပါတယ် ။ ကျွန်တော်တို့ တွေဟာ ပွဲစဉ်ကို ဦးဆောင်ခွင့် ရရှိကြတဲ့ အချိန်တွေမှာ အခုထက် ပိုပြီး ကောင်းမွန်စွာ ကစား နိုင်အောင် ကြိုးစားဖို့ သင်ယူ ရပါ ဦးမယ် ”

” ကျွန်တော်တို့ တွေဟာ ဂိုးရရှိဖို့ လိုက်ကစားရတဲ့ အချိန် တွေမှာ ပိုကောင်းတဲ့ ကစားဟန် နဲ့ ကစားပြ နိုင်ခဲ့တယ် ဆိုတာကို သက်သေ ပြခဲ့ပြီးကြ ပါပြီ ။ နိုင်နေတဲ့ အချိန်မှာလည်း ဒါကို ဆက်လက် လုပ်ပြ နိုင်ဖို့ လိုအပ် နေပါ သေးတယ် ” လို့ ဆိုးလ်ရှား က ဝေဖန် သွားခဲ့လိုက် ပါတယ် ။ ဒါကို ဘရူနို ဖာနန်ဒက်စ် က …

” ကျွန်တော် ဒါကို သဘောတူမိ ပါတယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ လက်စတာနဲ့ ပွဲတုန်းက ဆိုရင် ကျွန်တော် တို့ဟာ ဦးဆောင် နိုင်ခဲ့ပေမယ့် အဆုံးသတ်မှာ ဂိုးပေးခဲ့ရတယ်လေ ။ ဒီနေ့ ကျွန်တော်တို့ လုပ်ခဲ့တဲ့ တစ်ခုတည်းသော အမှားက အခွင့်အရေး အများကြီး ရရှိခဲ့ကြ ပေမယ့် ပွဲစဉ်ကို ပိုပြီး မြန်ဆန်စွာ အဆုံးမသတ် နိုင်ခဲ့ခြင်း ပါပဲ ”

” ကျွန်တော်တို့ တတိယဂိုးကို မသွင်းယူ နိုင်ခဲ့ကြ ပါဘူး ။ အဲ့ဒီနောက် မှာတော့ ပွဲစဉ် ပြီးဆုံးသွားတဲ့ အထိ ပြိုင်ဖက် အသင်းက ဖိအားပေး ကစားခဲ့တာကို ကြုံတွေ့ ခဲ့ကြရ ပါတယ် ။ အက်စတွန် ဗီလာ က အသင်းကောင်း ဆိုတာ ကျွန်တော်တို့ သိကြ ပါတယ် ။ သူတို့ အသင်းမှာ အရည်အသွေး ကောင်းတွေ ရှိနေပြီး အမှတ်ပေး ဖလား ပြိုင်ပွဲမှာ ကစားပုံ ကောင်းမွန်ခဲ့ကြ ပါတယ် ”

” ကျွန်တော် တို့လည်း ကစားပုံ ကောင်းမွန်ခဲ့ကြပြီး အခွင့်အရေး တွေကို အရင်ကထက် ပိုပြီး ဖန်တီး နိုင်ခဲ့ကြ ပါတယ် ။ ဒါပေမယ့် သွင်းဂိုး ကတော့ နည်းပါး ခဲ့ကြ ပါတယ် ။ ဘယ်လိုပဲ ဖြစ်နေ ပါစေ ၊ အရေး အကြီးဆုံး ကတော့ အနိုင် သုံးမှတ် ပါပဲ ” လို့ ပြောကြား သွားခဲ့လိုက် ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular