အသင်းပြောင်းတုန်းက ဝေဖန်ခံခဲ့ရတဲ့ ကာဗာနီကို အထူး အမွှမ်းတင် ချီးကျူးလိုက်ကြတဲ့ ရွိုင်ကိန်း နဲ့ ဟက်ဆယ်ဘိန့်ခ်

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မနေ့ညက စိန့်မေရီ ကွင်းထဲမှာ ပရီးမီးယားလိဂ် ပွဲစဉ် 10 အဖြစ် ဆောက်သမ်တန် အသင်းနဲ့ ရင်ဆိုင်ခဲ့ရပြီး ပွဲပြီးဆုံးချိန် မှာတော့ 2 – 3 ဆိုတဲ့ ရလဒ် နဲ့ အတူ အဝေးကွင်းမှာ အဖိုးတန် အနိုင် သုံးမှတ်ကို ရှာဖွေ သွားနိုင်ခဲ့ ပါတယ် ။

အဆိုပါ ပွဲစဉ်ရဲ့ ပထမပိုင်း မှာတော့ ယူနိုက်တက် တို့ဟာ အခွင့်အရေး တွေကို အသုံး မချနိုင်ခဲ့ပဲ 2 ဂိုး ပေးခဲ့ ရတဲ့ အတွက် ဝေဖန်သံတွေ ညံခဲ့ရ ပါတယ် ။ ဒါ့အပြင် ဒီဂီယာ ဒဏ်ရာ ရသွားခဲ့တာ ကလည်း စိုးရိမ်စရာ ဖြစ်ခဲ့ရ ပါတယ် ။ ဒါပေမယ့် ဒုတိယပိုင်း အတွင်း ဆိုးလ်ရှား ရဲ့ လူစားလဲမှု တွေကို ပွဲစဉ်ကို အပြောင်းအလဲ ဖြစ်သွား စေခဲ့ ပါတယ် ။

myan789

ဒုတိယပိုင်း စတင်တာနဲ့ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှာ မေဆွန် ဂရင်းဝုဒ် ရဲ့ နေရာ ကာဗာနီ ဝင်ရောက် လာခဲ့ပြီး ဂိုးပေါက် ကာကွယ်ရေး အတွက် အကယ်ဒမီထွက် ဂိုးသမားလေး ဒင်းန် ဟန်ဒါဆန် ဝင်ရောက် လာခဲ့ပြီး လက်စွမ်းကောင်း အချို့ ပြသ သွားနိုင်ခဲ့ ပါတယ် ။

ဒါ့အပြင် တိုက်စစ်မှူး အီဒင်ဆန် ကာဗာနီ ကလည်း 45 မိနစ် အတွင်း အသင်းဖော် ဘရူနို ဖာနန်ဒက်စ် အတွက် ဂိုးဖန်တီး ပေးသွားနိုင်ခဲ့ သလို ကိုယ်တိုင် ခြေပဂိုး နဲ့ ဦးဆောင်ဂိုး တွေကို သွင်းယူရင်း ပွဲစဉ် ရဲ့ အကောင်းဆုံး ကစားသမားတောင် ဖြစ်သွား နိုင်ခဲ့ ပါတယ် ။

အသက် 33 နှစ် အရွယ် ကာဗာနီ ဆိုတာ ပြီးခဲ့တဲ့ နွေတုန်းက မန်ချက်စတာ ယူနိုက်တက် အသင်းဆီ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ရောက်လာခဲ့ပြီး တစ်နှစ် ပေါင် 10 သန်း ဝန်းကျင် လစာ ရရှိ သွားမှာ ဖြစ်တဲ့အတွက် သူဟာ ထိုက်တန်တဲ့ ကစားသမား ခေါ်ယူမှု ဖြစ်နိုင် မလား ဆိုပြီး မေးခွန်း ထုတ်ခံ ခဲ့ရ ပါတယ် ။

အခုတော့ Sky Sport ရဲ့ သတင်း သုံးသပ်သူ ဖြစ်ခဲ့တဲ့ ယူနိုက်တက် ဂန္ဓဝင် ရွိုင်ကိန်း က ကာဗာနီကို ခေါ်ယူတာဟာ အလောင်းအလား လုပ်သလိုမျိုး ဖြစ်ခဲ့ရကြောင်း ၊ ဒါပေမယ့် သူဟာ ဘာလဲ ဆိုတာကို ဒီနေ့ သက်သေ ပြသွားပြီ ဖြစ်ကြောင်း ချီးကျူး သွားခဲ့လိုက် ပါတယ် ။ ယူနိုက်တက်တို့ လိုနေတာ ဒီလို တိုက်စစ်မှူးလားလို့ အမေးခံလိုက် ရတဲ့ အခါ …

” ကျွန်တော်လည်း အဲ့ဒီလိုပဲ ထင်ပါတယ် ။ သူဟာ အသင်းကို ရောက်လာ ခဲ့စဉ် တုန်းက လူတွေက ဒါဟာ အလောင်းအစား လုပ်တာပဲ ဆိုပြီး ဝေဖန်ခဲ့ကြ ပါတယ် ။ သူ့လို ကစားသမား က ဘာလို့ အသင်း လက်မဲ့ ဖြစ်နေတာလဲ ဆိုတဲ့ အပေါ် လူတွေက သံသယ ဖြစ်ခဲ့ကြ ပါတယ် ”

” ဒါ့အပြင် သူဟာ အရင်လိုပဲ ဆာလောင်မုှ ရှိသေးရဲ့လား ? ရည်မှန်းချက် ရှိသူ ဖြစ်ရဲ့လား ? ဆိုပြီး မေးခွန်းလည်း ထုတ်ခံ ခဲ့ရ ပါတယ် ။ ကျွန်တော်တို့ သူ့ရဲ့ အရင်တုန်းက စွမ်းဆောင်ရည် တွေကို ကြည့်ရှုခဲ့ ကြပြီး အဲ့ဒီလောက်ထိ ကောင်းသေးလား မေးခွန်း ထုတ်ခဲ့ကြ ပါတယ် ။ ဒီနေ့တော့ ကျွန်တော်တို့ သက်သေျပခဲ့ကြ ပါပြီ ‘

” အခုတော့ သူဟာ ယူနိုက်တက် အသင်းအတွက် ခမ်းနားတဲ့ ကစားသမား ခေါ်ယူမှု တစ်ခုတောင် ဖြစ်သွားနိုင် ပါပြီ ။ ဒါဟာ အနည်းငယ်တော့ အလောင်းအစာ ဆန်သလို ဖြစ်ခဲ့ရ ပါတယ် ။ ဒါပေမယ့် ဒီနေ့တော့ အလုပ်ဖြစ် သွားခဲ့ ပါတယ် ” လို့ ရွိုင်ကိန်း က ထုတ်ဖော် ချီးကျူး သွားခဲ့လိုက် ပါတယ် ။

ကာဗာနီ နဲ့ ပတ်သက်လို့ ဟက်ဆယ်ဘိန့်ခ် ကတော့…

” ရွေးလျားမှုတွေ ၊ လူငယ် တိုက်စစ် ကစားသမား တိုင်းက သူ့ရဲ့ ရွေ့လျား နေရာယူမှု တွေကို လေ့လာ ကြည့်ရှုသင့် ပါတယ် ။ သူ့ရဲ့ ပထမဆုံး သွင်းဂိုးကို ကြည့်ရှု လိုက်မယ် ဆိုရင် အရေး အကြီးဆုံးက သူ့ရဲ့ ရွေ့လျားမှု နဲ့ နေရာယူမှု ကို တွေ့ရှိ ရပါ လိမ့်မယ် ”

” သူဟာ ဘယ်နေရာ ကနေ စပြေးပြီး ဂိုးတိုင်နား ရောက်ရှိခဲ့တာလဲ ဆိုတာကို ခင်ဗျားတို့ မြင်တွေ့ရပါ လိမ့်မယ် ။ ဒါဟာ တစ်ကယ့်ကို ကောင်းမွန်တဲ့ ထိချက် ၊ သွင်းဂိုး ဖြစ်ခဲ့ရ ပါတယ် ။ ကာဗာနီ ရဲ့ စပါယ်ရှယ် အရည်အသွေး က လှုပ်ရှားမှု ဖြစ်ခဲ့ရ ပါတယ် ။ သူသာ အဲ့ဒီလို မလှုပ်ရင် ဂိုး ရခဲ့မှာ မဟုတ် ပါဘူး ” လို့ ချီးကျူး သွားခဲ့လိုက် ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular