အသင်းငယ် ဆလိုဗေးနီးယားကလပ် မူရာအသင်းကို ရှုံးနိမ့်ပြီးနောက်စပါးအသင်း၏အခြေအနေမှာ ထိပ်တန်းအဆင့်မရှိကြောင်း ကွန်တီ ဝန်ခံ

ယူရိုပါကွန်ဖရင့်လိဂ် အုပ်စုပွဲစဉ်တွင် အသင်းငယ်ဖြစ်သည့် ဆလိုဗေးနီးယားကလပ် မူရာအသင်းအား အံ့အားသင့်ဖွယ်ရှုံးနိမ့်ပြီးနောက် စပါးအသင်းနည်းပြ ကွန်တီက မိမိအသင်း၏ လက်ရှိအခြေအနေမှာ ထိပ်တန်းအဆင့်မဟုတ်ကြောင်း ဝန်ခံပြောကြားခဲ့သည်။

စပါးအသင်းသည် ယူရိုပါကွန်ဖရင့်လိဂ် ပွဲစဉ် (၅) အဖြစ် ကြာသပတေးနေ့က မူရာ အသင်းနှင့် အဝေးကွင်း ယှဉ်ပြိုင်ကစားရာ နောက်ဆုံးမိနစ်တွင် ပေးလိုက်ရသည့်ဂိုးကြောင့် (၂-၁) ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရသည်။ စပါးအသင်းသည် ပွဲထွက်စာရင်းတွင် အဓိက ကစားသမားအများစုကို ချန်လှပ်ကာ ဟာရီကိန်း၊ အယ်လီ၊ အန်ဒွန်ဘီလီတို့ကို အသုံးပြုခဲ့ပြီး ၁၁ မိနစ်မှာပင် ဦးဆောင်ဂိုးခွင့်ပြုခဲ့ရသလို ၃၁ မိနစ်တွင် ဆီဆက်နွန် နှစ်ဝါတစ်နီ ဖြင့် ထုတ်ပယ်ခံရသောကြောင့် တစ်ယောက်လျော့ဖြင့် ဆက်လက်ကစားခဲ့ရသည်။ ဒုတိယပိုင်းတွင် ချေပဂိုးရရှိရန် ဆွန်ဟောင်မင်၊ လူးကပ်စ်မော်ရာ၊ ဒိုင်ယာ၊ ဟူဘယက်တို့ကို ထည့်သွင်းကစားခဲ့ပြီး ၇၂ မိနစ်တွင် ဟာရီကိန်းက ချေပဂိုးသွင်းယူပေးသော်လည်း ပွဲပြီး ခါနီး နာကျင်အချိန်ပို လေးမိနစ်တွင် အနိုင်ဂိုး ထပ်မံခွင့်ပြုခဲ့ရခြင်းဖြစ်သည်။

myan789

သို့ဖြစ်ရာ ယင်းပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ကွန်တီက “သုံးပတ်ကြာပြီးတဲ့နောက်မှာ အခြေအနေကို ကျွန်တော်စပြီး သဘောပေါက်လာပါပြီ။ ဒါက မလွယ်ပါဘူး။ ဒီအချိန်မှာ တော့တင်ဟမ်ရဲ့အခြေအနေက ထိပ်တန်းအဆင့်မှာ ရှိမနေပါဘူး။ ဒီအသင်း မှာ ရှိနေခွင့်ရတာကို ကျွန်တော်ပျော်ပါတယ်။ ဒါပေမဲ့ အသင်းရဲ့အရည်အသွေးပိုင်း တိုးတက်လာဖို့အတွက် ကျွန်တော်တို့ အလုပ်တွေ အများကြီးလုပ်ရမှာပါ။ ထိပ်တန်းအသင်းတွေ နဲ့ ကွာဟချက်ကြီးမားတာက အရေးကြီးပါတယ်။ ဒါပေမဲ့ ကျွန်တော်မကြောက်ပါဘူး။ ကျွန်တော်က မှော်ဆရာတစ်ယောက်မဟုတ်ပါဘူး။ သုံးပတ်ကြာပြီးတဲ့အချိန်မှာ အလုပ်လုပ်ချင်ပြီး သေချာပေးဆပ်ချင်တဲ့ ကစားသမားတွေကို ကျွန်တော်တွေ့ထားပါတယ်။ ဒါပေမဲ့ တချို့ကတော့ လုံလောက်မှုမရှိပါဘူး” ဟု သုံးသပ်ပြောကြားခဲ့သည်။

စပါးအသင်းသည် ယင်းပွဲရလဒ်ကြောင့် ယူရိုပါကွန်ဖရင့်လိဂ် အုပ်စု (G) တွင် ငါးပွဲ ကစား၊ နှစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ နှစ်ပွဲရှုံး၊ ခုနစ်မှတ်ဖြင့် ဒုတိယနေရာ၌ ရပ်တည်နေသည်။ စပါးအသင်းအနေဖြင့် ၁၆ သင်းအဆင့်သို့ တိုက်ရိုက်တက်ခွင့်လွဲချော်ခဲ့ရပြီဖြစ်ပြီး အကြို ရှုံးထွက်အဆင့်ကစားခွင့် ဒုတိယနေရာအတွက်လည်း ဗွီတက်ဆီအသင်းနှင့်အတူ ခုနစ်မှတ်စီဖြင့် အပြိုင်ဖြစ်နေသည်။

စပါးအသင်းသည် အုပ်စုနောက်ဆုံးပွဲတွင် ပထမနေရာမှ ရန်းစ် အသင်းနှင့် အိမ်ကွင်းပွဲကျပ်ကစားရမည်ဖြစ်ပြီး အနိုင်ရရန် လိုအပ်နေသည်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular