အဝေးကွင်းဂိုးပြတ်နိုင်ပွဲနဲ့ ပုံစံကောင်းပြသခဲ့တဲ့ချယ်လ်ဆီး

ရလဒ်ပိုင်းယိမ်းယိုင်မှုတွေ၊ ခံစစ်အားနည်းမှုတွေနဲ့ ဖိအားများနေတဲ့ ချယ်လ်ဆီးနဲ့ လမ်းပတ်ကတော့ ပရီးမီးယားလိဂ်ပွဲစဉ် (၇)မှာ ဘန်လေအသင်းကို (၃)ဂိုးပြတ်အနိုင်ယူပြီး ကျေနပ်စရာပုံစံကိုပြသနိုင်ခဲ့ပါတယ်။

ဂိုးသမားမန်ဒီပွဲထွက်ကစားလာခဲ့ပြီးနောက်ပိုင်းပွဲတွေမှာ ချယ်လ်ဆီးအသင်းရဲ့ခံစစ်ပိုင်းဟာ ယုံကြည်မှုရှိတဲ့ပုံစံ၊ မာကျောတဲ့ပုံစံတွေမြင်တွေ့လာရပြီး ဒီနေ့ပွဲမှာလည်း ဘန်လေအသင်းကို အဝေးကွင်းမှာ ပေးဂိုးမရှိကစားနိုင်ခဲ့ပြန်ပါတယ်။

myan789

ဒါဟာ ချယ်လ်ဆီးအသင်းအတွက် ပြိုင်ပွဲစုံနောက်ဆုံး (၆)ပွဲမှာ (၅)ပွဲမြောက်ပေးဂိုးမရှိတဲ့ပွဲစဉ်ဖြစ်ခဲ့ပြီး ဂိုးသမားမန်ဒီနဲ့ ခံစစ်ပိုင်းအကြား အပြန်အလှန်နားလည်ယုံကြည်မှုကလည်း အမြင့်ဆုံးအခြေအနေကိုရောက်နေပြီလို့ဆိုရမှာပါ။

ပြီးခဲ့တဲ့ကြားရက်ချန်ပီယံလိဂ်အဝေးကွင်းပွဲစဉ်မှာ(၄)ဂိုးပြတ်အနိုင်ယူခဲ့ပြီး ရက်ပိုင်းအကြာမှာပဲ ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်မှာ ဂိုးပြတ်နိုင်ပွဲတစ်ပွဲထပ်မံဖန်တီးနိုင်ခဲ့တာဖြစ်လို့ နည်းပြလမ်းပတ်အတွက်တော့ ဖိအားတွေလျော့ခဲ့တာအမှန်ပါပဲ။

ဒီရာသီပရီးမီးယားလိဂ်မှာနိုင်ပွဲမရသေးတဲ့ အိမ်ရှင်ဘန်လေအသင်းကတော့ ချယ်လ်ဆီးအသင်းကို ကစားပုံအရရော၊ ကစားသမားတစ်ဦးချင်းစွမ်းရည်အရပါ ဘယ်လိုမှမယှဉ်နိုင်ခဲ့ပဲ ဂိုးပြတ်အရှုံးပေးခဲ့ရတာပါ။

အေဘရာဟမ်၊ ဗာနာ၊ ဇီယက်ချ်တို့နဲ့ တိုက်စစ်ကိုစုဖွဲ့လာခဲ့တဲ့ ချယ်လ်ဆီးအသင်းကတော့ ပွဲစကတည်းက အိမ်ရှင်ဘန်လေအသင်းကို ဖိအားပေးကစားသွားခဲ့ပြီး ကွန်တေ၊ မေဆန်မောင့်တို့ရဲ့ ကွင်းလယ်ပိုင်းလုပ်အားနှုန်းနဲ့ ဒီနေ့နိုင်ပွဲအတွက် အခရာကျခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းရဲ့ ကွင်းလယ်နဲ့ တိုက်စစ်ပိုင်းချိတ်ဆက်မှုတွေ၊ ခံစစ်ပိုင်းကျစ်လျစ်မှုတွေက တစ်ပွဲတစ်ပွဲပိုပြီးသိသိသာသာကောင်းမွန်လာခဲ့သလို ပေးဂိုးမရှိပွဲတွေများလာတာနဲ့အမျှ အသင်းရဲ့ယုံကြည်မှုကလည်း ပိုပြီးမြင့်လာခဲ့ပါတယ်။

ကြားရက်ချန်ပီယံလိဂ်ပွဲတွေနဲ့ ပွဲဆက်တွေများနေပေမယ့် ချယ်လ်ဆီးအသင်းရဲ့ကစားပုံက ပျက်ယွင်းမသွားခဲ့ဘဲ ဘန်လေအသင်းကို ပွဲအစအဆုံးထိန်းချုပ်ကစားသွားနိုင်ခဲ့တာကိုတွေ့ရပါတယ်။

ချယ်လ်ဆီးအသင်းအတွက်အဖွင့်ဂိုးကို ပွဲချိန် (၂၆)မိနစ်မှာ ဇီယက်ချ်က ဘန်လေအသင်းရဲ့ဂိုးဧရိယာအစပ်ကကန်သွင်းယူခဲ့ပြီး အဖွင့်ဂိုးရပြီးချိန်မှာ ချယ်လ်ဆီးအသင်းရဲ့ ကစားပုံကပိုပြီးကောင်းမွန်လာခဲ့တာပါ။

ပထမပိုင်းမှာ (၁-ဝ)ဂိုးနဲ့ပြီးဆုံးခဲ့ပြီး ဒုတိယပိုင်းမှာတော့ ချယ်လ်ဆီးအသင်းဂိုးတွေထပ်ရဖို့ကြိုးစားလာခဲ့လို့ ဘန်လေအသင်း ခံစစ်ပိုင်းမှာပဲ အချိန်ကုန်ခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းအတွက်ဒုတိယဂိုးကို ပွဲချိန် (၆၃)မိနစ်မှာ မေဆန်မောင့်ရဲ့ ထောင့်ကန်ဘောပေးပို့မှုကနေ နောက်ခံလူဇူးမားက ခေါင်းတိုက်သွင်းယူခဲ့ပြီး မိနစ် (၇၀)မှာတော့ ဇီယက်ချ်ရဲ့ပေးပို့မှုကနေ ဗာနာက ချယ်လ်ဆီးအသင်းအတွက် တတိယဂိုးကိုသွင်းယူခဲ့ပါတယ်။

လက်ကျန်မိနစ်တွေမှာ ချယ်လ်ဆီးအသင်းအပြောင်းအလဲတွေလုပ်ပြီး နောက်ထပ်ဂိုးတွေရဖို့ကြိုးစားခဲ့ပေမယ့် အခွင့်အရေးတွေဖြုန်းတီးခဲ့လို့ နစ်နာခဲ့ရပါတယ်။

ပွဲအပြီးမှာတော့ ချယ်လ်ဆီးအသင်းဟာ (၃-ဝ)ဂိုးနဲ့ အနိုင်ရခဲ့ပြီး စနေညပွဲစဉ်အပြီးမှာ အမှတ်ပေးဇယားရဲ့ အဆင့် (၄)နေရာကိုတက်လှမ်းနိုင်ခဲ့ပါတယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular