အရှေ့အလယ်ပိုင်း ကလပ် 2 ခုက တရားဝင် ချဉ်းကပ်နေပေမယ့် ၊ အာဆင်နယ် ကနေ စွန့်ခွာဖို့ အစီအစဉ် မရှိသေးတဲ့ အိုဇေး

အာဆင်နယ် ရဲ့ ဂန္တဝင်နည်းပြကြီး အာဆင်ဝင်းဂါး မထွက်မီ အချိန်က အထိ အသင်းရဲ့ အသက်သွေးကြော ကစားသမား တစ်ယောက် အဖြစ်တောင် ခြေစွမ်းပြခဲ့တဲ့ ကွင်းလယ် ဖန်တီးရှင် အိုဇေးဟာ ၊ ဝင်းဂါး ထွက်သွားပြီး နောက်ပိုင်း နည်းပြတွေ လက်ထက်မှာတော့ ပြသနာမျိုးစုံ နဲ့ ရင်ဆိုင်နေရကာ ၊ လက်ရှိ အချိန်မှာ ပွဲထွက် ကစားသမား နေရာကနေ ဖယ်ရှားခံထားရပါတယ်။

အူးနိုင်း အမ်မရီ က နည်းစနစ် ပိုင်းဆိုင်ရာ အကြောင်းပြချက် ဆိုတဲ့ စကားကို ဆွဲကိုင်ကာ ၊ အိုဇေး ကို နေရာပေးခဲ့ခြင်း မရှိခဲ့ပေမယ့် ၊ ယာယီ နည်းပြ ယွန်းဘတ် ရဲ့ လက်ထက်မှာတော့ အိုဇေး ရဲ့ ကံဇာတာ က ပြန်တက်လာခဲ့ပါတယ်။

myan789

ဆက်တိုက် ဆိုသလို အာတေးတား ဝင်ရောက်လာချိန်မှာလဲ ပွဲတိုင်းနီးပါး ကို ကစားခွင့်ရခဲ့တာပါ။

သို့သော် အိုဇေး ရဲ့ အနေအထားဟာ ပြန်လည် ရောင်ခြည်တွေ သန်းလာခါနီးမှ ၊ ဗိုင်းရပ် ပြသနာ ပေါ်ပေါက်လာခြင်း နဲ့ အတူ အမှောင်ကျသွားခဲ့ပြန်ပါတယ် ။ လန်ဒန် ကလပ်ဟာ ဘဏ္ဍာရေး အကျပ်အတည်းတွေ ဖြစ်လာလို့ လစာငွေ ပမာဏ လျှော့ယူဖို့ တောင်းဆိုလာတဲ့ အချိန်မှာ ၊ အိုးဇေး က ငြင်းဆန်ခဲ့ရာကနေ စတင်ခဲ့တာပါ။

အဲဒီနောက် ပရီးမီးယားလိဂ် ပွဲစဉ်တွေ ပြန်လည် စတင်ခဲ့ပေမယ့် ၊ သူ့ရဲ့ ကစားခွင့်ဟာ လုံးဝကို ပျောက်ဆုံးသွားခဲ့ပြီး ၊ အသင်းနဲ့ ဖြစ်ခဲ့တဲ့ နောက်ကွယ်က ပြသနာတွေဟာလဲ သတင်း စာမျက်နှာတွေ ထက်မှာ ပေါ်ပေါ်တင်တင်ရောက်ရှိလာခဲ့ပါတယ်။

ဒါကြောင့် သူ အသင်းပြောင်းလိမ့်မယ် အထင်နဲ့ အရှေ့အလယ်ပိုင်း ကလပ်တွေက ချဉ်းကပ်လာတာ ဖြစ်ပါတယ်။ ဥရောပ ကလပ်တွေ ကတော့ သူ့ရဲ့ တစ်ပတ် လုပ်ခ ပေါင် 350000 ကို ပေးချေနိုင်ခြင်း မရှိလို့ တစ်သင်းမှ အသံမထွက်ပါဘူး။

ဆော်ဒီအာရေဗျ ကလပ် အယ်နာဆား ဟာ အိုးဇေး ကို လက်ရှိ လုပ်ခ လစာအတိုင်း ပမာဏ အတိုင်း ပေးချေမယ့် စာချုပ် နဲ့ တရားဝင် ကမ်းလှမ်းခဲ့သလို ၊ ကာတာ ကလပ် တစ်ခုကလဲ သူ့ကို ခေါ်ချင်တဲ့ အကြောင်း အေးဂျင့် ဖြစ်သူကို ဆက်သွယ်ခဲ့ပေမယ့် ၊ အိုးဇေး ကိုယ်တိုင်က အာဆင်နယ်မှာပဲ ဆက်ရှိနေချင်လို့ ပယ်ချသွားခဲ့တယ်လို့ သိရပါတယ်။

သူနဲ့ နီးစပ်တဲ့ သူ တစ်ချို့ ရဲ့ ပြောပြချက်အရ အိုးဇေးဟာ လန်ဒန်မှာပဲ ပျော်နေတာကြောင့် ၊ အသင်းပြောင်းဖို့ အစီအစဉ် မရှိဘူးလို့ ပြောဆိုထားသလို ၊ အာဆင်နယ်မှာလဲ စာချုပ်သက်တမ်း ကုန်ဆုံးသွားတဲ့ အထိ ဆက်ရှိဖို့ ဆုံးဖြတ်ထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းက The Athletic နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူး မှာလဲ သူကိုယ်တိုင် က “ ကျနော့် ရဲ့ စာချုပ် နဲ့ ပတ်သက်ပြီး လေးစားမှု ရှိဖို့ လိုပါတယ်။ ကျနော် ဟာ 2-3 နှစ်ပဲ ချုပ်ဆိုထားတာ မဟုတ်ပါဘူး။ 4 နှစ် အထိ ကို ချုပ်ဆိုထားတာပါ။

လက်ရှိ ဖြစ်ပေါ်နေတဲ့ အနေအထား အရ အခက်ခဲတွေ က အများကြီး ပါပဲ ဒါပေမယ့် ကျနော်က အာဆင်နယ် ကို ချစ်ပါတယ်။ ဒီမှာ အလုပ်လုပ် ရတာကို သဘောကျသလို ၊ ဒီကလပ်မှာ ရှိတဲ့ လူကြီးလူကောင်း ဆန်တဲ့သူ တစ်ချို့ နဲ့ ဆက်ဆံရေးကောင်းတွေ ရှိပါတယ်။

လန်ဒန် ဟာ ကျနော့် ရဲ့ အိမ်လို ဖြစ်နေပါပြီ” လို့ ပြောဆိုရင် အာဆင်နယ် မှာ ဆက်ရှိမယ့် အကြောင်းကို ညွှန်းဆိုသွားခဲ့ ပါတယ်။

နည်းပြ အာတီတာ ဟာ လက်ရှိ အချိန်ထိ အိုးဇေး ကို ပြန်လည် အသုံးပြုခြင်း မရှိသေးပေမယ့် ၊ ကစားသမား သမိုင်းတိုင်းဟာ တန်းတူ အခွင့်အရေး ရရှိမှာ ဖြစ်တယ်လို့ ကွန်မြူနတီ ဒိုင်း ဆွတ်ခူးအပြီး ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုသွားခဲ့ ပါတယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular