အယုံအကြည် မရှိ အဆို တင်သွင်းခံရဖို့ သေချာသွားပြီ ဖြစ်တဲ့ ဘာတိုမြူ

တစ်ချိန်က ဘောလုံးလောက တစ်ခုလုံး က အမြင်ကပ်လွန်းလောက်အောင်ကို ကစားပုံကောင်းလွန်းခဲ့တဲ့ ဘာစီလိုနာ အသင်းဟာ ပက်ဂွာဒီယိုလာ ၊ လူးဝစ် အင်းနရစ် တို့ ခေတ်အလွန်မှာတော့ ၊ စီမံခန့်ခွဲမှု အလွဲပေါင်း များစွာရဲ့ အကျိုးဆက်တွေကြောင့် အဖက်ဖက်ကနေ နှိမ့်ကျသွားခဲ့ရပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ်ဘောလုံး ရာသီအစောပိုင်းက အားကစား လောကမှာ ဝင်ငွေ ယူရို 1 ဘီလီယံ ရရှိအောင် ပထမဆုံး ရှာဖွေနိုင်တော့မယ့် အသင်းဖြစ်လာတော့မယ်လို့ ကြွေးကြော်ခဲ့တဲ့ ဘာတိုမြူဟာ ၊ တကယ့်လက်တွေ့မှာတော့ ဗိုင်းရပ်ဒဏ် ရိုတ်ခတ်မှုကိုတောင် ကြံ့ကြံ့ခံပြနိုင်ခြင်း မရှိခဲ့ပါဘူး။

myan789

ဘဏ္ဍာရေး ရှင်းတမ်းမှာ လိုငွေ ပြခဲ့လို့ ရှိရင် ၊ ပရိသတ်တွေ ရဲ့ ငြိုငြင်မှုကို ခံရမှာ စိုးတာကြောင့် အာသာ လို လူငယ် ကစားသမားလေး တစ်ယောက်ကို ၊ ယာနစ် လို အသက် 30 ကျော် ကစားသမား နဲ့ အလဲအထပ် လုပ်ပြီး ငွေခွာခဲ့ပေမယ့် ၊ သူ့ရဲ့ စိတ်ဓါတ်အတိုင်း တန်ပြန် အကျိုးသက်ရောက်မှုတွေ က ရာသီ အကုန်မှာ ပြန်လည် ပေါ်ပေါက်လာခဲ့ပါတယ်။

ကလပ် အသင်းသမိုင်းကြောင်း တစ်လျှောက် စံချိန်တင် ပေးဂိုး ရလာဒ်နဲ့ ချန်ပီယံလိဂ် မှာ ရှုံးနိမ့်ခဲ့သလို ၊ အသင်းခေါင်းဆောင် မက်ဆီ ကပါ အသင်းကနေ ထွက်ခွာဖို့ တောင်းဆိုမှုတွေကြောင့် ၊ နောက်ဆုံးမှာ အသင်း ပရိသတ်တွေဟာ ဘာတိုမြူ ရဲ့ လုပ်ဆောင်ချက်တွေကို သီးခံနိုင်ခြင်း မရှိတော့ပဲ ၊ အယုံအကြည် မရှိ အဆိုတင်သွင်းဖို့ လှုပ်ရှားခဲ့ကြပါတယ်။

အဲဒီ လှုပ်ရှားမှုကို လာမယ့် ရွေးကောက်ပွဲမှာ ဝင်ရောက် အရွေးခံဖို့ ပြင်ဆင်နေကြတဲ့ ကိုယ်စားလှယ်လောင်းတွေ က ဦးဆောင်ခဲ့ကြတာပါ။

1998 ခုနှစ် က (အဲဒီ အချိန်က ဥက္ကဌ) လူးဝစ် နူနက် ဟာ အယုံအကြည် မရှိ အဆို မဲပေးခံရတာ စုစုပေါင်း 5664 ခု ရှိခဲ့ဖူးပြီး ၊ ယိုဟန် လာပေါ်တာဟာလဲ 2008 ခုနှစ် မှာ အလားတူ ပုံစံမျိုး နဲ့ 9145 မဲ အထိ ရင်ဆိုင်ခဲ့ရဖူးပါတယ်။

သို့သော် ဒီတစ်ကြိမ် ဘာတိုမြူ ရင်ဆိုင်ထားတဲ့ ပမာဏဟာ အဲဒီ နှစ်ခုပေါင်းထက်ကို အများကြီး သာလွန်လျှက် ရှိနေပါတယ်။

မူလ မဲ အရေအတွက်ဟာ စုစုပေါင်း 20687 ဖြစ်ပြီး ၊ လက်ရှိမှာတော့ ပေးထားတဲ့ မဲတွေက တရားဝင် / မဝင် စစ်ဆေးနေပါတယ်။

မဲ စစ်ရက်ဟာ နောက်ထပ် 2 ရက်ကြီးတောင် ကျန်ရှိနေသေးသော်လဲ ၊ ဒီကနေ့ အထိ စစ်ဆေးထားတဲ့ ရလာဒ်ဟာ 16521 အခု ရှိနေပြီ ဖြစ်လို့ သတ်မှတ်ချက် ကို ပြည့်မှီသွားခဲ့ပါပြီ။ ဒါကြောင့် ဘာတိုမြူဟာ ဘယ်နည်းနဲ့မဆို အယုံအကြည် မရှိ အဆို တင်သွင်းခံရဖို့ သေချာသွားခဲ့ပြီ ဖြစ်ပြီး ၊ ရွေးကောက်ပွဲကို ဘယ်အချိန်မှာ ကျင်းပပေးမှာလဲ ဆိုတာ ကိုလဲ နောက် ရက်ပေါင်း 20 အတွင်းမှာ တရားဝင် ထုတ်ပြန် ကြေငြာပေးရတော့မှာ ဖြစ်ပါတယ်။

မူလက လာမယ့် ရွေးကောက်ပွဲကို မတ်လထဲမှာ ကျင်းပမှာ ဖြစ်တယ်လို့ ပြောဆိုထားပြီး ၊ အဲဒီကနေ သြဂုတ် လ အတွင်းမှာ လွှဲပြောင်းရေး လုပ်ငန်းစဉ်တွေကို လုပ်ဆောင်သွားမယ်လို့ တရားဝင် ကြေငြာထားခဲ့တာပါ။

သို့သော် လက်ရှိမှာ အခြေအနေတွေ အားလုံးက ပြောင်းလဲ သွားပါပြီ။

ဘာတိုမြူ အနေနဲ့လဲ နောက် ရွေးကောက်ပွဲ အနိုင်ရဖို့ မျှော်လင့်ချက် နည်းပါးနေပြီ ဖြစ်သလို ၊ အသင်းကို ဘယ်လို အခြေအနေမျိုးတွေ နဲ့ ချန်ထားခဲ့မှာလဲ ဆိုတာပဲ စောင့်ကြည့်ရတေ့ာမှာပါ။

သေချာတာ တစ်ခုက လက်ရှိ အပြောင်းအရွှေ့မှာတော့ အသင်းအတွက် မလိုအပ်တော့ဘူးလို့ စာရင်းထွက်ခဲ့တဲ့ ကစားသမား အများစုကို ရောင်းထုတ် နိုင်ခဲ့ပေမယ့် ၊ အဲဒီနေရာတွေကို အစားထိုး နိုင်ခြင်း မရှိခဲ့တာတော့ တော်တော်လေးကို ထောက်ပြစရာ ဖြစ်သွားခဲ့ပြန်ပါတယ်။

အထူးသဖြင့် လူးဝစ် ဆွာရက် လို ဂန္တဝင် တိုက်စစ်မှုးကြီး တစ်ယောက်ကို ကန်ထုတ်ပြခဲ့သည့်တိုင်အောင် ၊ တကယ်တမ်း မှာ အစားထိုးဖို့ တိုက်စစ်မှုးသစ် ခေါ်ယူနိုင်ခဲ့ခြင်း မရှိတဲ့ ကိစ္စဟာ ပထမ ရာသီဝက် အတွင်း ဘယ်လောက်အထိ သက်ရောက်မှုတွေ ရှိနေလဲ ဆိုတာ စောင့်ကြည့်သွားရမှာပါ။

သေချာတာ တစ်ခု က ဘာတိုမြူဟာ နောက်ဆုံး အခိုက်အတန့်တွေ ရောက်ရှိလာတဲ့ အထိတောင် ၊ စီမံ ခန့်ခွဲမှု အမှားပေါင်း များစွာကို ဆက်လက် ကျူးလွန်နေဆဲ ဖြစ်ပါတယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular