အမှား လုပ်ခဲ့အပြီး နည်းပြ အာတီတာ သူ့ကို ဘာပြောခဲ့သလဲ ဆိုတာ ဖွင့်ဟလာတဲ့ ရာယာ

အာဆင်နယ် အသင်း ရဲ့ ဂိုးသမား ဒေး‌ဗစ်ရာယာ က မြောက်လန်ဒန် ဒါဘီမှာ တော့တင်ဟမ် အသင်းကို အနိုင် ရခဲ့တဲ့ ပွဲအပြီး သူ့ရဲ့ အမှား အပေါ် နည်းပြ အာတီတာ ဘာပြောခဲ့သလဲ ဆိုတာ ဖွင့်ဟ ပြောကြား လာခဲ့ပါတယ် ။

” အမှား လုပ်အပြီးမှာ ကျနော် ပြသခဲ့တဲ့ အရည်အသွေး လက္ခဏာ အကြောင်း သူ ပြောခဲ့ပါတယ် ။ အမှားတွေက ဘောလုံး အားကစားရဲ့တစ်စိတ်တစ်ပိုင်း ဖြစ်ပြီး အဲ့ဒီအမှားကနေ သင်ယူဖို့ ပြောပါတယ်၊ ကျနော် စိတ်ပိုင်းဆိုင်ရာ သန်မာ ခဲ့ပြီး အမှားအကြောင်းတောင် မေ့သွား ခဲ့ပါတယ် ။ ပွဲအပေါ်ပဲ ဆက်လက် အာရုံစိုက်ပြီး အသင်းကို တက်နိုင်သလောက် ကူညီ ပေးနိုင်ခဲ့ပါတယ် ။ ”

myan789

” ပွဲပြီးခါနီး မိနစ် ၂၀ မှာ ကျနော့်ရဲ့ အရည်အသွေးကို ပြန်လည် ပြသ နိုင်ခဲ့တယ်လို့ ထင်ပါတယ်။ ကျနော့် အမှားကြောင့် ပထမဂိုး မပေးရခင်အထိ ကျနော်တို့ ပွဲကို ထိန်းချုပ် ကစား နိုင်ခဲ့ပါတယ်၊ ဂိုးပေးလိုက်ရအပြီးမှာ ကျနော်တို့ ဂိုးထပ် သွင်းဖို့ ဂိုးမပေးရဖို့ တစ်သင်းလုံး ကြိုးစား ကစားခဲ့ကြပါတယ် ၊ ဒါပေမဲ့ ကျနော်တို့ မလုပ်နိုင်ခဲ့ဘဲ ပင်နယ်တီ ကနေပါ ဂိုးထပ်ပေးလိုက်ရပါတယ်။ ”

” 3-2 ဖြစ်သွားတော့ အပြင်ကနေ ကြည့်နေတဲ့ ပရိသတ်တွေ အတွက် ရင်တထိတ်ထိတ် ဖြစ်သွား ခဲ့ရပါတယ်။ ဒါပေမဲ့ ကျနော်တို့ အနေနဲ့ ဘောလုံး ဂိုးပိုက်ထဲ မဝင်ဖို့ ၊ ဖြတ်တင်ဘောတွေကနေ အခွင့်အရေး မပေးရဖို့ အားလုံး အတူတကွ ကြိုးစား ခဲ့ကြပါတယ် ။ ကျနော်တို့ အားလုံး အတူတကွ စုစုစည်းစည်း နဲ့ ကောင်းမွန်တဲ့ အရည်အသွေးတွေကို ပြသ နိုင်ခဲ့ပါတယ် ၊ ပရီးမီးယားလိဂ်မှာ အဝေးကွင်း ပွဲတိုင်းက တကယ့်ကို ခက်ခဲတာပါ ။ ”

” ကျနော်တို့ အနေနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်ပြီး နည်းပြ ပြောတဲ့ အရာကို ယုံကြည်မှု ရှိဖို့ လိုအပ်ပါတယ်။ game plan က ကျနော်တို့ အမှတ်ရဖို့ အတွက် အထောက်အကူ ဖြစ်ခဲ့ပါတယ် ၊ တော့တင်ဟမ် က သိပ်ကောင်းတဲ့ ပြိုင်ဘက် ဖြစ်ပြီး pressing မှာလည်း သိ‌ပ်ကောင်းပါတယ် ၊ ဒါကြောင့်လည်း ကျနော် အမှား လုပ်မိခဲ့တာပေ့ါဗျာ ။ ”

” ကျနော် အဲ့ဒီလို ကန်မယ့် အစား ခပ်ဝေးဝေး ကို ကန်ခဲ့သင့်ပါတယ် ၊ ပွဲကို အနည်းငယ် ထိန်းချုပ်ချင် တဲ့ ရည်ရွယ်ချက် နဲ့ လုပ်ခဲ့ပေမယ့် မဖြစ်မြောက်ခဲ့ပါဘူး ၊ သူတို့ pressing က ကောင်းတာ‌ကြောင့် အစီအစဉ်တွေက ပြောင်းသွား ခဲ့ရပါတယ် ၊ ဒါတွေက ဘောလုံးမှာ ဖြစ်နေကြပါပဲ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular