အမှတ်ပေး ဖလားကို စိန်ခေါ် နိုင်ရေးနဲ့ ပတ်သက်လို့ အသင်းဖော် တွေကို စိတ်ဓါတ် တက်ကြွစေလိုက်ရင်း သူ့ရဲ့ အိပ်မက် တစ်ခုကို ဖွင့်ဟလိုက်တဲ့ ရပ်ရှ်ဖို့

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ ဘော့လုံး ရာသီ တုန်းက ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် ဘောလုံး ပွဲစဉ်တွေကို ရပ်နား ခဲ့ပြီး တစ်ဖန် ပြန်လည် ကစား ခဲ့တဲ့ အချိန် တွေမှာ ရလဒ် ကောင်းတွေကို ဆက်တိုက် ရယူ နိုင်ခဲ့ပြီး ပြိုင်ဖက် ချဲလ်ဆီး အသင်းကို ကျော်ဖြတ်ကာ အမှတ်ပေး ဇယား အဆင့် 3 နေရာမှာ ရပ်တည် နိုင်ခဲ့ ပါတယ် ။

ဒါပေမယ့် ဘောလုံး ရာသီ ကုန်ဆုံး သွားခဲ့တဲ့နောက် ပရီးမီးယားလိဂ် အမှတ်ပေး ဇယား ရပ်တည်မှု အပိုင်းမှာ မြို့ခံ ပြိုင်ဖက် မန်စီးတီး အသင်းအောက် 15 မှတ် အကွာ ၊ ချန်ပီယံ ဖြစ်ခဲ့တဲ့ ခါးသီး ပြိုင်ဖက် လီဗာပူး အသင်းအောက် 33 မှတ် အကွာ မှာပဲ ရပ်တည် နိုင်ခဲ့ ပါတယ် ။

myan789

အခုတော့ ယူနိုက်တက် အသင်း ရဲ့ တိုက်စစ် ကစားသမား ဖြစ်သူ မားကပ်စ် ရပ်ရှ်ဖို့ က အဓိက ပြိုင်ဖက် နှစ်သင်း ဖြစ်တဲ့ မန်စီးတီး နဲ့ လီဗာပူး အသင်း တွေကို ကျော်ဖြတ် နိုင်ရေး ထက် ပိုတဲ့ စိတ်ဓါတ် တက်ကြွမှု ဆိုတာ မရှိကြောင်း ၊ အသင်းဟာ ဆက်လက် တိုးတက် ကောင်းမွန်ဖို့ ကြိုးစား အားထုတ် ရမယ်လို့ ပြောကြား သွားခဲ့လိုက် ပါတယ် ။

” အဓိက ပြိုင်ဖက်တွေကို ကျော်ဖြတ် နိုင်ရေး ဆိုတာက မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ရှိသူတိုင်း အတွက် စိတ်ထဲ သဘာဝ အလျောက် ဖြစ်တည် နေမယ့် အရာ တစ်ခုလို့ ကျွန်တော် ထင်ပါတယ် ။ ဒီလို အရာ တွေကို စိတ်ဓါတ် တက်ကြွစရာ အဖြစ် သတ်မှတ်ပြီး ကျွန်တော်တို့ အသင်း တိုးတက်ဖို့ စွမ်းနိုင် သမျှ ကြိုးစား အားထုတ်ရ ပါ့မယ် ”

” ဒါပေမယ့် ဘယ်အရာက အရေး အကြီးဆုံးလဲ ဆိုတာကိုတော့ ကျွန်တော်တို့ မျက်ကွယ် ပြုလို့တော့ မရပါဘူး ။ ကျွန်တော်တို့ရဲ့ အသင်း တိုးတက်ရေး ၊ နေရာ တိုင်းမှာ ဆက်လက် ကောင်းမွန်ရေးက ကျွန်တော်တို့ အားလုံး အတွက် အဓိက အကျဆုံး အရာ တစ်ခု ပါပဲ ”

” ခင်ဗျား အနေ နဲ့ အခြားသူ တွေကို ကြည့်ရှုခြင်း အားဖြင့် စိတ်ဓါတ် တက်ကြွမှု တွေကို ရယူ နိုင်ပါတယ် ။ ဒါပေမယ့် ကျွန်တော်တို့ မိမိကိုယ်တိုင် အပေါ် တစ်ဦးချင်း အာရုံစိုက် နေမှ ၊ အသင်း အဖွဲ့ တစ်ခု အဖြစ် စုစည်း နေနိုင်မှ ဆက်လက် တိုးတက်ရင်း အကောင်းဆုံး စွမ်းရည် ပြသ နိုင်မှာပါ ”

” မန်နေဂျာက ကျွန်တော်တို့ အားလုံးကို ဒီလို လုပ်ဆောင် နိုင်ဖို့ အမြဲတမ်း အလိုရှိခဲ့ ပါတယ် ။ ဒီနည်းလမ်း ကပဲ ကျွန်တော်တို့ အသင်းလိုက် တိုးတက် ကောင်းမွန် စေဖို့ အကောင်းဆုံး နည်းလမ်း တစ်ခုပါ ” လို့ ရပ်ရှ်ဖို့ က ပြောကြားရင်း လက်ရှိ အသင်းရဲ့ အနေအထား နဲ့ ပတ်သက်လို့ …

” ဒါဟာ တစ်ကယ့်ကို ကြီးမားတဲ့ နောက်ထပ် ခြေလှမ်း တစ်ခု ပါပဲ ။ ကျွန်တော်တို့ အားလုံး ကြိုးစား အားထုတ် နေခဲ့ကြ ပါတယ် ။ ကျွန်တော် တို့ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ အတွင်း ခက်ခဲတဲ့ အခိုက်အတန့် တွေကို ပိုင်ဆိုင် ခဲ့ကြရ သလို ရပ်တန့်လို့ မရတဲ့ ပုံစံကောင်း တွေလည်း ပိုင်ဆိုင် ထားနိုင် ခဲ့ကြ ပါတယ် ”

” ဒီလို အနေအထား တွေမှာ တည်ငြိမ်မှု တစ်ခုကို ပိုင်ဆိုင် နိုင်ဖို့ ကျွန်တော်တို့ လိုအပ် နေပါတယ် ။ ဒါဟာ ကျွန်တော်တို့ အတွက် အရေး အကြီးဆုံး အချက် တစ်ခု ပါပဲ ။ ကျွန်တော် တို့က အတော်လေး ငယ်ရွယ်သေးတဲ့ အသင်း တစ်သင်းပါ ။ ဒါ့ကြောင့် တည်ငြိမ်မှု ရရှိရင် ရှေ့ဆက်လျှောက်ပြီး ကောင်းဖို့ပဲ ရှိနေ ပါတယ် ” လို့ ပြောကြားရင်း ဒဏ်ရာကြောင့် ပွဲကစားခွင့် နည်းပါးခဲ့ ရတဲ့ အပေါ် …

” ကျွန်တော်ဟာ ဒဏ်ရာ ပြသနာကြောင့် 4 ၊ 5 လလောက် အနားယူ ခဲ့လိုက်ရ ပါတယ် ။ ကျွန်တော့်ရဲ့ စိတ်ထဲမှာတော့ ဒီလို ဘောလုံး ရာသီအတွင်း လုပ်ခဲ့တာထက် အများကြီး လုပ်ဆောင် ပြနိုင်ခဲ့ သင့်တယ်လို့ တွေးမိခဲ့ ပါတယ် ။ ဒါပေမယ့် လက်တွေ့မှာ မဖြစ်ပွား နိုင်ခဲ့ ပါဘူး ”

” ဒါပေမယ့် ကျွန်တော်ဟာ လာမယ့် ရာသီမှာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ တုန်းကထက် ပိုကောင်းလာ လိမ့်မယ်လို့ အသေအချာ ယုံကြည်နေမိ ပါတယ် ။ ကျွန်တော့် အတွက်တော့ မန်ချက်စတာ ယူနိုက်တက် အသင်း အတွက် ကစားရေး ၊ တက်နိုင် သမျှ ပွဲတွေ အများကြီး ကစားပေးရေး ဆိုတာက အကြီးမားဆုံး အိပ်မက် တစ်ခု ပါပဲ ”

” ဒီအသင်းမှာ ရှိနေရတဲ့ အတွက် ကျွန်တော့်မှာ ဂုဏ်ယူလိုတဲ့ ခံစားချက်တွေ ဖြစ်ပေါ်ရ ပါတယ် ။ ဒါပေမယ့် ကစားသမား တစ်ဦး ၊ လူသား တစ်ဦး အနေ နဲ့ နောက်ထပ် လိုချင်စိတ် ၊ နေ့စဉ် တိုးတက် ကောင်းမွန်မှ ဖြစ်မယ် ဆိုတဲ့ စိတ်ဓါတ်တွေ ကိုလည်း ဖြစ်ပေါ်စေ ပါတယ် ” လို့ ရပ်ရှ်ဖို့ က ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular