အပြန်အလှန်သွင်းဂိုးတွေနဲ့အတူ အန်ဖီးလ်မှာ လိဂ်ချန်ပီယံရှစ်ချန်ပီယံကိုအနိုင်ယူခဲ့တဲ့ ပရီးမီးယားလိဂ်ချန်ပီယံ

ပရီးမီးယားလိဂ်ပွဲစဉ် (၁)ရဲ့ စိတ်ဝင်စားစရာအကောင်းဆုံးပွဲတစ်ပွဲဖြစ်တဲ့ လီဗာပူးလ်နဲ့ လိဒ်စ်အသင်းတို့ရဲ့ပွဲစဉ်မှာတော့ အပြန်အလှန်သွင်းဂိုးတွေနဲ့အတူ လီဗာပူးလ်အသင်းက(၄-၃)ဂိုးနဲ့အနိုင်ရခဲ့ပါတယ်။

လီဗာပူးလ်အသင်းရဲ့ အိမ်ကွင်းအန်ဖီးလ်မှာယှဉ်ပြိုင်ကစားခဲ့တဲ့ ဒီပွဲစဉ်ဟာ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်ချန်ပီယံနဲ့ လိဂ်ချန်ပီယံရှစ်ချန်ပီယံ (၂)သင်းတို့တွေ့ဆုံတဲ့ပွဲဖြစ်လို့လည်း ပိုပြီးစိတ်ဝင်စားစရာကောင်းခဲ့တာပါ။

myan789

လိဒ်စ်အသင်းရဲ့ (၁၆)ကြာဝေးကွာနေတဲ့ တစ်ကျော့ပရီးမီးယားလိဂ်အဖွင့်ပွဲမှာ လက်ရှိချန်ပီယံနဲ့ရင်ဆိုင်ခဲ့ရတာဖြစ်ပေမယ့် ဘီယဲလ်ဆာဦးဆောင်တဲ့အသင်းဟာ လီဗာပူးလ်အသင်းကို အကောင်းဆုံးတုံ့ပြန်နိုင်ခဲ့ပြီး ပရိသတ်အာရုံစိုက်မှုကိုလည်းရယူသွားနိုင်ခဲ့ပါတယ်။

ဆာလာ၊ ဖေမီနို၊ မာနေ၊ ဗန်ဒိုက်၊ အာနိုးလ်၊ ရောဘတ်ဆန်၊ အယ်လစ်ဆန်တို့နဲ့လူစုံခဲ့တဲ့ လီဗာပူးလ်အသင်း လိဒ်စ်အသင်းကို ဖိအားပေးဖို့ကြိုးစားခဲ့ပေမယ့် လိဒ်စ်အသင်းရဲ့လျှင်မြန်တဲ့ကစားဟန်နဲ့ တုံ့ပြန်မှုတွေက ထင်သလောက်မလွယ်ကူစေခဲ့ပါဘူး။

လိဒ်စ်အသင်းကလည်း ပြီးခဲ့တဲ့ရာသီက လိဂ်ချန်ပီယံရှစ်မှာ အထိုင်ကျခဲ့တဲ့စုဖွဲ့မှုကို အပြောင်းအလဲသိပ်မလုပ်ခဲ့ဘဲ ပါဘလိုဟာနန်ဒက်ဇ်၊ ဟယ်ဒါကော်စတာ၊ ဘမ်းဖို့ဒ်တို့နဲ့အတူ ပြီးခဲ့တဲ့ရက်သတ္တပတ်က အင်္ဂလန်လက်ရွေးစင်အသင်းမှာပါဝင်ကစားခဲ့ရတဲ့ ကယ်လ်ဗင်ဖီးလစ်တို့နဲ့ စုဖွဲ့ခဲ့ပြီး၊ ကစားသမားသစ်ရိုဒရီဂိုကိုတော့ အရန်ခုံမှာပဲရှိစေခဲ့ပါတယ်။ ပွဲစကတည်းက နှစ်သင်းစလုံးမြိုင်ဆိုင်တဲ့ကစားဟန်တွေနဲ့ အပြန်အလှန်တိုက်စစ်ဆင်ခဲ့ကြပြီး စိတ်လှုပ်ရှားစရာပွဲတစ်ပွဲကို ဖန်တီးခဲ့ပါတယ်။

လိဒ်စ်အသင်းရဲ့ လျှင်မြန်မှုက လီဗာပူးလ်ခံစစ်ကိုတရစပ်ဖိအားပေးထားနိုင်လို့ တောင်ပံတွေအားပြုတဲ့ လီဗာပူးလ်တိုက်စစ်လမ်းကြောင့် ထင်သလောက်မလွယ်ကူခဲ့ပါဘူး။ လိဒ်စ်အသင်းရဲ့တိုက်စစ်ကိုထိန်းချုပ်ရင်းနဲ့ပဲ လီဗာပူးလ်အသင်းကို ပြိုင်ဘက်ကို
ဂိုးသွင်းနိုင်ဖို့ကြိုးစားခဲ့ပါတယ်။

ပွဲအစ (၄)မိနစ်မှာပဲ လီဗာပူးလ်အသင်း ပယ်နယ်တီရခဲ့ပြီး ဆာလာက ကန်သွင်းယူပေးခဲ့ပါတယ်။ ဒီရာသီပွဲစဉ် (၁)မှာ ဂိုးသွင်းနိုင်ခဲ့တဲ့ ဆာလာအနေနဲ့ ပရီးမီးယားလိဂ်နောက်ဆုံး (၄)ရာသီဆက်တိုက် အဖွင့်ပွဲဂိုးသွင်းသူအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

ဂိုးပေးလိုက်ရပေမယ့် လိဒ်စ်အသင်းဟာ လီဗာပူးလ်အသင်းကိုရှိန်မသွားဘဲ လျှင်မြန်တဲ့တိုက်စစ်ဆင်မှုနဲ့အတူ ချေပဂိုးရဖို့ကြိုးစားခဲ့ပါတယ်။ ဒါကြောင့်လည်း လီဗာပူးလ်ရဲ့ဦးဆောင်မှုဟာ (၈)မိနစ်သာခံခဲ့ပြီး ပွဲချိန် (၁၂)မိနစ်မှာ ဟာရစ်ဆန် လီဗာပူးလ်ခံစစ်
ကြောင်းကို တစ်ကိုယ်တော်အစွမ်းနဲ့ လှလှပပကျော်ဖြတ်ပြီး လိဒ်စ်အသင်းအတွက်ချေပဂိုးသွင်းယူခဲ့ပါတယ်။

(၁-၁)ဂိုးအနေအထားမှာ ပွဲဟာအကြိတ်အနယ်ပိုရှိလာခဲ့ပြီး လိဒ်စ်အသင်းရဲ့ ကွင်းလယ်နဲ့တိုက်စစ်ချိတ်ဆက်မှုကလည်း ပိုပြီးတည်ငြိမ်လာခဲ့သလို၊ အားရစရာလည်းကောင်းခဲ့ပါတယ်။

ပွဲချိန်မိနစ် (၂၀)မှာ ဗန်ဒိုက်ကလီဗာပူးလ်အသင်းအတွက် ဦးဆောင်ဂိုးထပ်သွင်းဂိုးခဲ့ပြီး၊ ဆက်တိုက်ဆိုသလိုပဲ မိနစ် (၃၀)မှာ ဘမ်းဖို့ဒ်က လိဒ်စ်အသင်းအတွက် ချေပဂိုးပြန်သွင်းယူပေးခဲ့ပါတယ်။

အပြန်အလှန်သွင်းဂိုးတွေနဲ့ ပွဲရဲ့အရှိန်ဟာ စိတ်ဝင်စားစရာကောင်းလွန်းခဲ့ပြီး (၃၃)မိနစ်မှာပဲ ဆာလာက လီဗာပူးလ်အသင်းအတွက် တတိယဦးဆောင်ဂိုးကိုသွင်းယူပေးခဲ့ပါတယ်။

ဂိုးတွေဆက်တိုက်ပေးနေရပေမယ့် လိဒ်စ်အသင်းကစားပုံကပျက်ယွင်းမသွားခဲ့ဘဲ အပြန်အလှန်ကစားရင်း ပထမပိုင်းမှာတော့ (၃-၂)ဂိုးနဲ့ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ လီဗာပူးလ်အသင်းဦးဆောင်ဂိုးတွေထပ်ရဖို့ကြိုးစားခဲ့သလို၊ ယုံကြည်မှုမြင့်နေတဲ့ လိဒ်စ်အသင်းကလည်း ချေပဂိုးရဖို့ ကစားအားကိုပိုမြှင့်ခဲ့ပါတယ်။

လီဗာပူးလ်အသင်း ထပ်ရရှိလာတဲ့ အခွင့်အရေးအချို့ကိုအသုံးမချနိုင်ခဲ့ဘဲ ပွဲချိန် (၆၆)မိနစ်တော့ လိဒ်စ်အသင်းက မထင်မှတ်ဘဲချေပဂိုးရသွားခဲ့ပါတယ်။

ကွင်းလယ်နဲ့တိုက်စစ်ပိုင်းရဲ့ လှပတဲ့အပေးအယူအချိန်အဆက်ကနေ ဟယ်လ်ဒါကော်စတာဖန်တီးပေးတာကို ကလစ်ချ်က ဂိုးဧရိယာအတွင်းမှာ အကောင်းဆုံး အဆုံးသတ်သွင်းယူပေးခဲ့တာပါ။

(၃-၃)ဂိုးအနေအထားမှာ ပွဲဟာအကြိတ်အနယ်ရှိလာခဲ့ပြီး (၂)သင်းစလုံးအနိုင်ဂိုးရဖို့ကြိုးစားလာခဲ့ပါတယ်။ အထူးသဖြင့် နည်းပြဘီယဲလ်ဆာရဲ့စနစ်ကျတဲ့ဗျူဟာအောက်မှာ လိဒ်စ်အသင်းဟာ မာမာထန်ထန်တုံ့ပြန်ကစားနိုင်ခဲ့ပြီး ခံစစ်ပိုင်းဟာကွက်အချို့ကြောင့်ဟာ ဂိုးတွေပေးခဲ့ရတာပါ။

ပွဲရဲ့အလှည့်အပြောင်းကတော့ ပွဲချိန် (၈၈)မိနစ်မှာဖြစ်ပေါ်ခဲ့ပြီး လီဗာပူးလ်ကွင်းလယ်လူ ဖာဘင်ဟိုကို လိဒ်စ်အသင်းရဲ့လူစားဝင်တိုက်စစ်မှူး ရိုဒရီဂို ဂိုးဧရိယာအတွင်း ဖျက်ထုတ်ပုံကြမ်းခဲ့လို့ လီဗာပူးလ်အသင်းဒီပွဲရဲ့ ဒုတိယမြောက်ပယ်နယ်တီကို ကန်ခွင့်ရရှိခဲ့ပါတယ်။

ဒီပယ်နယ်တီကို ဆာလာက သူ့ရဲ့ဟက်ထရစ်ဂိုးအဖြစ် အမှားအယွင်းမရှိကန်သွင်းယူခဲ့ပြီး လီဗာပူးလ်အသင်းအတွက် အဖိုးတန်အနိုင်ဂိုးဖြစ်စေခဲ့တာပါ။

လက်ကျန်မိနစ်မှာ လိဒ်စ်အသင်းချေပဂိုးရဖို့ကြိုးစားခဲ့ပေမယ့် လီဗာပူးလ်အသင်းက အကောင်းဆုံးထိန်းချုပ်ကစားသွားခဲ့လို့ ပွဲအပြီးမှာတော့ (၄-၃)ဂိုးနဲ့အနိုင်ရခဲ့ပါတယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular