spot_img

အန်ဖီးလ်ပရိသတ်တွေရဲ့လှောင်ပြောင်မှုတွေကို မမျှော်လင့်ထားခဲ့ဘူးလို့ ထုတ်ဖော်ပြောဆိုခဲ့တဲ့ ပက်ဂွါဒီယိုလာ

မနေ့ညပိုင်း၊ အန်ဖီးလ်ကွင်းမှာ နှစ်ဂိုးပြတ်အရေးနိမ့်နေချိန် အိမ်ရှင်ပရိသတ်တွေရဲ့သူ့အပေါ် လှောင်ပြောင်မှုတွေကို မမျှော်လင့်ဘဲ ရရှိခဲ့ပါတယ်လို့ မန်စီးတီးနည်းပြပက်ဂွါဒီယိုလာက ပြောခဲ့ပါတယ်။

အခုပွဲစဉ်အတွင်း လီဗာပူးအသင်းက ဂတ်ပို၊ မိုဆာလက်တို့ရဲ့သွင်းဂိုးတွေနဲ့အတူ နိုင်ပွဲရယူကာ အမှတ်ပေးချန်ပီယံပြေးလမ်းပြိုင်ဘက်မန်စီးတီးကို ၁၁ မှတ်အထိ ဖြတ်ထားနိုင်ဖို့ နီးစပ်နေချိန်၊ ပွဲချိန် ၈၉ မိနစ်မှာ အန်ဖီးလ်ကွင်းတစ်ခုလုံးရဲ့ကြွေးကြော်သံတွေ ပဲ့တင်ထပ်လာခဲ့ပါတယ်။

myan789

ဒီကြွေးကြော်သံတွေက ၂၀၁၆ ခုနှစ်နောက်ပိုင်း မန်စီးတီးအသင်းနည်းပြအဖြစ် တာဝန်ယူပြီးနောက် ပရီးမီးယားလိဂ်ချန်ပီယံဆုခြောက်ကြိမ်အထိရယူခဲ့ဖူးတဲ့ ပက်ဂွါဒီယိုလာကို ရည်ညွှန်းပြီး ‘Sacked in the morning, you’re getting sacked in the morning (မနက်ဖြန်မနက်မှာ အလုပ်ထုတ်ခံရတော့မယ်ဟေ့)’ လို့ အဓိပ္ပါယ်ရပါတယ်။

နည်းစနစ်ဧရိယာထဲမှာရှိနေတဲ့ မန်စီးတီးနည်းပြကလည်း အပြုံးတစ်ခုနဲ့အတူ လက်ခြောက်ချောင်းထောင်ပြကာ သူရရှိခဲ့ဖူးတဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုအရေအတွက်ကို ဖော်ပြရင်း အိမ်ရှင်ပရိသတ်တွေဆီ တုံ့ပြန်သွားခဲ့ပါတယ်။

ပွဲစဉ်အပြီး Sky Sports သတင်းဌာနနဲ့တွေ့ဆုံချိန် ‘Sacked in the morning’ ကြွေးကြော်သံနဲ့ ပတ်သက်လို့ ပက်ဂွါဒီယိုလာက “အန်ဖီးလ်မှာ ဒီလိုမျိုးတွေဖြစ်လာမယ်လို့ ကျွန်တော် မမျှော်လင့်ထားခဲ့ပါဘူး။ လီဗာပူးပရိသတ်တွေဆီမှ အခုလိုကြွေးကြော်သံမျိုး မမျှော်လင့်ထားခဲ့တာပါ။ ဒါပေမယ့် ကိစ္စမရှိပါဘူး၊ အေးဆေးပါပဲ။ ဒီလိုအရာတွေက ပွဲစဉ်တစ်ခုရဲ့အစိတ်အပိုင်းတွေပဲ ဖြစ်ပါတယ်။ ကျွန်တော် အပြည့်အဝနားလည်ပေးနိုင်ပါတယ်။

ကျွန်တော်တို့အသင်းနှစ်ခုအကြားမှာလည်း မယုံကြည်နိုင်လောက်စရာတိုက်ပွဲတွေ ရှိခဲ့ဖူးပါတယ်။ ကျွန်တော် လီဗာပူးအသင်းအပေါ် လေးစားမှုရှိပါတယ်”လို့ ပြောပါတယ်။

အခုပွဲစဉ်ရလဒ်ပိုင်းနဲ့အတူ ၂၀၀၈ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ပရီးမီးယားလိဂ်လေးပွဲဆက်ရှုံးနိမ့်မှုနဲ့ ရင်ဆိုင်ခဲ့ရတဲ့ မန်စီးတီးက လတ်တလောအမှတ်ပေးဇယားရပ်တည်မှုအပိုင်းမှာ လီဗာပူး၊ အာဆင်နယ်၊ ချဲလ်ဆီး၊ ဘရိုက်တန်တို့ရဲ့နောက်ဆီ ရောက်ရှိသွားခဲ့ပါတယ်။

liverpool vs man city

ဒါ့အပြင် သူတို့တွေက လွန်ခဲ့တဲ့ရှစ်နှစ်တာကာလအတွင်း အောင်မြင်မှုအလီလီဆွတ်ခူးရယူပေးနိုင်ခဲ့တဲ့ ပက်ဂွါဒီယိုလာလက်အောက် မကြုံစဖူး ပြိုင်ပွဲစုံခုနစ်ပွဲဆက်နိုင်ပွဲပျောက်မှုမှတ်တမ်းကိုလည်း ပိုင်ဆိုင်သွားခဲ့ပါတယ်။

ပြီးခဲ့တဲ့လအတွင်း နှစ်နှစ်သက်တမ်းရှိစာချုပ်သစ်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့တဲ့ အသက်-၅၃ နှစ်အရွယ်နည်းပြက “ပြိုင်ဘက်ပရိသတ်တွေကတော့ ကျွန်တော့်ကို အလုပ်နဲ့အိုးစားကွဲသွားတာမျိုး ဖြစ်စေချင်ကြပါတယ်။ အခုလိုလှောင်ပြောင်အော်ဟစ်မှုတွေက နိုဝင်ဘာ ၉ ရက်၊ ဘရိုက်တန်နဲ့ပွဲစဉ်မှာ စတင်လာခဲ့တာပါ။
အခုလတ်တလောကြုံတွေ့နေရတဲ့ရလဒ်ပိုင်းတွေကြောင့် သူတို့အော်ဟစ်ကြွေးကြော်သံတွေကလည်း မှန်ကောင်းမှန်နိုင်ပါတယ်”လို့ ဆက်ပြောခဲ့ပါတယ်။

ပက်ဂွါဒီယိုလာက မန်စီးတီးနည်းပြဘဝမှာ အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား၊ ပရီးမီးယားလိဂ်ဖလား၊ အက်ဖ်အေဖလား၊ ကာရာဘောင်ဖလား၊ ဥရောပစူပါဖလားနဲ့ ဖီဖာကမ္ဘာ့ကလပ်ချန်ပီယံဆုဖလားတွေကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular