အန်တိုနီအား (၅)နှစ်စာချုပ်ဖြင့် ခေါ်ယူနိုင်ရန် မန်ယူအသင်း နီးစပ်နေပြီဖြစ်ပြီး ထပ်ဆောင်းကြေးအပါအဝင် ယူရို (၁၀၀)သန်းအထိ ကုန်ကျဖွယ်ရှိ

ပရီးမီးယားလိဂ်ထိပ်သီးကလပ် မန်ချက်စတာယူနိုက်တက်အသင်းသည် အေဂျက်စ်အသင်း၏ ဘရာဇီးလ်လူငယ်ကြယ်ပွင့်တောင်ပံကစားသမား အန်တိုနီအား (၅) နှစ်စာချုပ်ဖြင့် ခေါ်ယူနိုင်ရန် နီးစပ်နေပြီဖြစ်ပြီး ပြောင်းရွှေ့ကြေးမှာ ထပ်ဆောင်းကြေးအပါအဝင် ယူရို (၁၀၀)သန်းအထိ ကုန်ကျမည်ဖြစ်ကြောင်း သိရှိရသည်။

အေဂျက်စ်အသင်းသည် အန်တိုနီအတွက် ပြောင်းရွှေ့ကြေးအား တစ်ကြိမ်ပြီးတစ်ကြိမ် တိုးမြှင့်ခဲ့ပြီး နောက်ဆုံးအကြိမ် သတ်မှတ်လိုက်သည့် ပြောင်းရွှေ့ကြေးမှာ ထပ်ဆောင်းကြေးအပါအဝင် ယူရိုသန်း (၁၀၀)အထိ တန်ကြေးရှိသည်။

myan789

မန်ယူအသင်းသည် ယင်းပမာဏဝန်းကျင်အထိ စျေးတိုးမြှင့်ပေးရန် ဆုံးဖြတ်ခဲ့ပြီးနောက် အေဂျက်စ်အသင်းက လက်ခံရန် ဆုံးဖြတ်လိုက်ခြင်းလည်းဖြစ်သည်။

မန်ယူအသင်းသည် အန်တိုနီနှင့် သဘောတူညီမှုရရှိရန်လို အပ်နေသော်လည်း ကစားသမားကိုယ်တိုင်က ယခင်ကတည်းက သူ၏ အေဂျက်စ်အသင်းလက်တွဲဖော်နည်းပြဖြစ်သည့် အဲရစ်တန်ဟက်ဂ်ရှိရာ မန်ယူအသင်းထံ ပြောင်းရွှေ့လိုနေကြောင်းလည်း သိရှိရသည်။

အေဂျက်စ်အသင်းသည် အန်တိုနီအား ရောင်းထုတ်ရာတွင်ရရှိမည့် ပြောင်းရွှေ့ကြေးငွေထဲမှ (၂၀) ရာခိုင်နှုန်းကို သူ၏အသင်းဟောင်းဖြစ်သည့် ဆော်ပေါ်လိုအသင်းထံ ပေးရမည်ဖြစ်ပြီး (၈၀) ရာခိုင်နှုန်းကိုသာ ခံစားခွင့်ရရှိမည် ဖြစ်သည်။

အေဂျက်စ်အသင်းသည် လွန်ခဲ့သည့် (၂)နှစ်က ချယ်လ်ဆီးအသင်းမှ ဟာကင်းမ်ဇီယာ့ရှ်ကို ခေါ်ယူခဲ့သည့်အတွက် ၎င်းနေရာတွင် အစားထိုးရန် အန်တိုနီအား ခေါ်ယူခဲ့ခြင်းဖြစ်သည်။

အန်တိုနီသည် အေဂျက်စ်အသင်းတွင် ကစားခဲ့သည့် ပထမဆုံးရာသီ၌ အဲရစ်တန်ဟက်ဂ်၏ အဓိက ကစားသမားနေရာကို ရယူနိုင်ခဲ့ပြီး ယင်းရာသီတွင် အသင်းအတွက် (၁၀)ဂိုးသွင်းကာ (၁၀) ဂိုးဖန်တီးပေးနိုင်ခဲ့သူဖြစ်သည်။

ဒုတိယရာသီတွင်လည်း ဆက်လက်ခြေစွမ်းပြနိုင်ခဲ့ပြီး အေဂျက်စ်အသင်းအတွက် (၁၂)ဂိုးသွင်းကာ အသင်းကို နယ်သာလန် အမှတ်ပေးချန်ပီယံဆုဖလား သိမ်းပိုက်နိုင်အောင် ကူညီခဲ့သည်။

ထို့ပြင် ချန်ပီယံလိဂ်ပြိုင်ပွဲအုပ်စုအဆင့်တွင် အကောင်းဆုံးပုံစံကို ပြသနိုင်ခဲ့သည့် အေဂျက်စ်အသင်းအတွက်လည်း ခြေစွမ်းပြကစားနိုင်ခဲ့သူဖြစ်သည်။

မန်ယူအသင်းသည် ယခုရာသီတွင် အသင်း၏ ပစ်မှတ်ကစားသမားအများအပြားကို လက်လွှတ်ခဲ့ရသော်လည်း ယခုရက်ပိုင်းတွင် အားဖြည့်မှုကောင်းများကို ပြုလုပ်နိုင်ခဲ့ပြီး မကြာသေးမီကမှ ရီးယဲလ်မက်ဒရစ်အသင်း၏ ဘရာဇီးလ်လက်ရွေးစင်ကွင်းလယ်လူ ကက်စီမီရိုကို ခေါ်ယူထားသည်။

ယခုရာသီအတွက်မူ အဲရစ်ဆင်၊ တိုင်ရယ်လ်မာလာစီယာ၊ လီဆန်ဒရိုမာတီနက်ဇ်၊ ကက်စီမီရို စသည့် ကစားသမားများအပြီး (၅) ဦးမြောက် ခေါ်ယူမှု ဖြစ်လာမည်ဖြစ်ကြောင်း သိရှိရသည်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular