အန်စူ ဖာတီ ဆက်တိုက် ခြေစွမ်းပြမှုတွေကြောင့် ဒမ်ဘီလီ ကို ရောင်းထုတ်တော့မယ့် ဘာစီလိုနာ

လက်ရှိ အပြောင်းအရွှေ့ ကာလမှာ ဘာစီလိုနာ ဟာ စံချိန်တင် ပြောင်းရွှေ့ကြေးတွေ ပေးပြီး ခေါ်ယူထားတဲ့ ကစားသမား နှစ်ယောက် ဖြစ်တဲ့ ဒမ်ဘီလီ နဲ့ ကော်တင်ဟို တို့ကို ရောင်းချဖို့ ဆုံးဖြတ်ပြီးပြီ ဖြစ်တာကြောင့် ၊ ကမ်းလှမ်းမယ့် ကလပ်တွေ အားလုံး အတွက် တံခါးဖွင့်ထားလိုက်ပြီ ဖြစ်ပါတယ်။

ကော်တင်ဟို ကတော့ အသင်းရဲ့ အနာဂတ် အစီအစဉ်တွေ မှာ လုံး၀ ပါဝင်ခြင်း မရှိတော့တာကြောင့် ထွက်ခွာဖို့ သေချာသလောက် ရှိနေပြီး ၊ အငှားနဲ့ပဲလား / အပြီးသတ် ပုံစံလား ဆိုတာကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ သူ့ရဲ့ အေးဂျင့် ဖြစ်သူ ဂျော်ရဘ်ချိန် ကတော့ ပရီးမီးယားလိဂ် ကလပ်တွေဆီ လိုက်လံပြီး တံခါး ခေါက်လျှက် ရှိနေပါတယ်။

myan789

ဒမ်ဘီလီ ရဲ့ အနေအထား က ကော်တင်ဟို နဲ့ မတူပါဘူး။ ကစားသမား ဟာ ကြံ့ခိုင်မှု အပြည့် ရှိနေပြီ ဆိုရင် အသင်းအတွက် ခြေစွမ်းပြ ကစားပေးနိုင်တယ် ဆိုတာ အားလုံးက လက်ခံထားကြပြီးသားပါ။ သို့သော် ကစားပေးနိုင်တဲ့ အချိန်ထက် ၊ ဒဏ်ရာ ရနေတဲ့ အချိန်က ပိုများနေတာက ပြသနာ ရှိပါတယ်။

အထူးသဖြင့် ပြင်သစ် ကစားသမားရဲ့ ပရော်ဖက်ရှင်နယ် ဆန်မှု အားနည်းလွန်းတဲ့ ကွင်းပြင်ပ နေထိုင်မှု ပုံစံတွေကို အသင်းမှာ ရှိတဲ့ တာဝန်ရှိသူတွေ အားလုံးက သိပ်ပြီး သဘော မကျပါဘူး။

တစ်ချိန်တည်းမှာပဲ လူငယ် ကစားသမားလေး အန်ဆူ ဖာတီ ရဲ့ ခြေစွမ်းပြမှုတွေက ဒမ်ဘီလီ ရဲ့ ကဏ္ဍကို မှေးမှိန်လာစေပါတယ်။ ဘာစီလိုနာ အသိုင်းအဝိုင်းက လာမယ့်ရာသီမှာ ဖာတီ ကို ပိုပြီးတော့ နေရာ ပေးသင့်တယ်လို့ ယုံကြည်ထားကြပြီး ၊ ဒီထက် ပိုကောင်းတဲ့ စွမ်းဆောင်ရည်တွေလဲ ပေါ်ထွက်လာမှာ သေချာတယ်လို့ မျှော်လင့်ထားကြပါတယ်။

ဒါကြောင့် ဒမ်ဘီလီ ကို ရောင်းချဖို့ စီစဉ်လာခဲ့တာပါ။ ကော်တင်ဟို လိုပဲ ဒမ်ဘီလီ အတွက် အငှားနဲ့ ခေါ်ချင်တဲ့ အသင်းမျိုး ရှိရင်လဲ လက်ခံ စဉ်းစားပေးမှာ ဖြစ်သလို ၊ အပြီးသတ် ခေါ်ယူချင်တဲ့ ကလပ်တွေ ရှိရင်လဲ ဆွေးနွေးဖို့ လမ်းတွေ ဖွင့်ထားပါတယ်။

ဘိုင်ယန် မြူးနစ် ၊ ပီအက်စ်ဂျီ တို့က ဒမ်ဘီလီ ကို ခေါ်ယူဖို့ စိတ်ဝင်စားမှုတွေ ပြသနေပေမယ့် ၊ မကြာခဏ ဒဏ်ရာ ရနေတဲ့ အချက်ကို စိုးရိမ်နေတာကြောင့် ၊ လေ့လာ သုံးသပ်မှုတွေပြုလုပ်ရင်း သေချာ စဉ်းစားလျှက် ရှိနေပါတ်ယ်။

ဆက်စပ် သတင်းတွေ အရ အရောင်း စာရင်း တင်ထားတဲ့ ခံစစ်မှုး အမ်တီတီ ဟာ နူးကမ့်ကနေ ထွက်ခွာလိုခြင်း မရှိဘူးလို့ ငြင်းဆိုနေပြီး ၊ တစ်နေရာစာ အတွက် ဆက်လက် တိုက်ပွဲဝင်သွားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ သူ့ရဲ့ လက်ရှိ စာချုပ် သက်တမ်းဟာ 2023 ခုနှစ် အထိ ကျန်နေသေးတာကြောင့်လဲ ၊ ဘာစီလိုနာ က လိုချင်တဲ့ ဈေးနဲ့ ဝယ်ယူချင်တဲ့ ကလပ်တွေ အကြား ညှိနှိုင်းရတာတွေက တော်တော်လေး ခက်ခဲမှာပါ။

ဘာစီလိုနာ ဘက်ကလဲ ဈေးလျှော့ရောင်းဖို့က ဆန္ဒမရှိပါဘူး။ သို့သော် သူတို့ဟာ မန်စီးတီး က စပိန် ခံစစ်မှုးလေး ဂါစီယာ ကို အလေးအနက်ထား ချိတ်ဆက်နေတာ ကိုကြည့်ရင် ၊ အမ်တီတီ အပေါ် သိပ်ပြီး မျှော်လင့်ချက် မထားတော့ဘူး ဆိုတာ သိသာနေခဲ့ပါပြီ။

အင်တာမီလန် တိုက်စစ်မှုး မာတီနက်ဇ် ကို ခေါ်ယူဖို့ အရေးကလဲ ထင်ထားသလောက် မြန်မြန်ဆန်ဆန် ပေါ်ပေါက်လာဦးမှာ မဟုတ်ပါဘူး။ ဘာစီလိုနာ ရဲ့ အနေအထား က အရင်းဆုံး မလိုအပ်တော့တဲ့ ကစားသမားတွေကို ရောင်းပြီး ငွေလည်လာမှ ၊ အင်တာမီလန် ဆီ ကမ်းလှမ်းရမယ့် အနေအထားမျိုး ဖြစ်နေလို့ပါ။

လက်ရှိမှာတော့ ဖစ်ပို ကို အလိုက်ပေးပြီး + ပြောင်းရွှေ့ကြေး ယူရို 65 သန်း နဲ့ အကြမ်းဖျင်းအားဖြင့် သဘောတူညီမှု ရယူဖို့ အတွက် ကြိုးစားနေတယ်လို့ ခန့်မှန်းရပါတယ်။ မာတီနက်ဇ် ဘက်ကတော့ အင်တာမီလန် ကနေ ထွက်ခွာမယ် ဆိုရင် ၊ ဘာစီလိုနာ အသင်းဆီကိုပဲ သွားချင်တဲ့ အကြောင်း အေးဂျင့် ဖြစ်သူကို အသိပေးထားပြီးပြီ ဖြစ်ပါတယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular