အနာဂတ် ဆုံးဖြတ်ချက် နဲ့ ပတ်သက်ပြီး မကြာခင် ကြေငြာတော့မယ်လို့ ဆိုလိုက်တဲ့ အမ် ဘာပေ

ပီအက်စ်ဂျီ အသင်း ရဲ့ တိုက်စစ်မှုး အမ်ဘာပေ က မကြာခင် သူ့ရဲ့ အနာဂတ် နဲ့ ပတ်သက်ပြီး တရားဝင် ဆုံးဖြတ်ချက်ကို ကြေငြာတော့မှာ ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုလိုက်ပြီ ဖြစ်ပါတယ်။

ပြင်သစ်သားဟာ ရီးရဲ မက်ဒရစ် ရဲ့ ချိတ်ဆက်ခြင်းကို ခံနေရတာ တော်တော်ကြာနေပြီ ဖြစ်သော်လဲ ၊ ပြီးခဲ့တဲ့ ကာလ တစ်ခုအတွင်းမှာတော့ ပီအက်စ်ဂျီ ဘက်က သူ့ကို ဆက်ပြီး ထိန်းထားနိုင်ဖို့ အတွက် လစာတိုးပေးကာ ၊ စာချုပ်သစ် ကိစ္စကို အင်တိုက်အားတိုက် လုပ်ဆောင်လာခဲ့ပါတယ်။

myan789

တစ်ဆက်တည်းမှာ ပီအက်စ်ဂျီ နဲ့ စာချုပ်သက်တမ်း တိုးဖို့ အရမ်းကို နီးစပ်နေပြီ ဆိုတဲ့ သတင်းမျိုးတွေ ထွက်ပေါ်လာခဲ့ပေမယ့် ဘာပေ ရဲ့ မိခင် ကိုယ်တိုင် က လုံး၀ မဟုတ်တဲ့ အကြောင်း ငြင်းဆိုခဲ့ပါတယ်။

ဒီတစ်ပတ်မှာ ကျင်းပခဲ့တဲ့ UNFP awards ဆုပေးပွဲမှာတော့ ဘာပေ ကိုယ်တိုင်က သူ့အနာဂတ် နဲ့ ပတ်သက်ပြီး ရင်ဖွင့်လာခဲ့ပါပြီ။ ဒီဆုပေးပွဲမှာ သူဟာ ပြင်သစ် လီဂူး၀မ်း ရဲ့ အကောင်းဆုံး ကစားသမားဆုကို သုံးနှစ်ဆက်တိုက် ဆွတ်ခူးသွားခဲ့ပါတယ်။

” ကျနော့် အနာဂတ် နဲ့ ပတ်သက်ပြီး မပြောနိုင်သေးပါဘူး။ ဒါပေမယ့် ခင်ဗျားတို့ မကြာခင် သိရတော့မှာပါ။ အပြီးသတ် ဆုံးဖြတ်ချက် ချလုနီးပါး ဖြစ်နေပါပြီ။

အခုက အချိန်ကောင်း မဟုတ်သေးပါဘူး ၊ ဒါပေမယ့် အရမ်းကို နီးနေပြီ ဆိုတာတော့ ပြောထားနိုင်ပါတယ်” လို့ ဖွင့်ဟ လာခဲ့ပါတယ်။

တစ်ချိန်တည်းမှာ ရီးရဲ မက်ဒရစ် အသိုင်းအဝိုင်းက သူတို့ဟာ ဘာပေ ကို ခေါ်ယူနိုင်လိမ့်မယ် လို့ ယုံကြာ်မှုတွေ တိုးလာနေသလို ၊ အရင်ကထက် ပိုပြီး နီးစပ်မှု ရှိတယ်လို့ ပြောဆိုနေကြပါတယ်။

ဆက်လက်ပြီး ဘာပေ က ” တရား၀င် ကြေငြာချက် ထွက်လာမယ့် အချိန်ကို ခန့်မှန်း ပြောရရင် ပြင်သစ် လက်ရွေးစင် အသင်းနဲ့ မပူးပေါင်းမီ ဇွန်လထဲမှာ ဖြစ်ဖို့ များပါတယ်။ နေ့ရက် အတိအကျ ကတော့ အခြေအနေ ပေါ်ပဲ မူတည်မှာပါ” လို့ ပြောဆိုသွားခဲ့ ပြန်ပါတယ်။

ပီအက်စ်ဂျီ ဟာ နည်းပြ ပိုချက်တီနို ရဲ့ အနာဂတ် နဲ့ ပတ်သက်ပြီး တိကျတဲ့ ဆုံးဖြတ်ချက်မျိုး ချမှတ်နိုင်ခြင်း မရှိသေးတာ တွေ့ရပါတယ်။ တချို့က ပိုချက်တီနို ဟာ ရာထူးကနေ ဖယ်ရှားခံရမယ် လို့ ပြောနေကြသည့်တိုင်အောင် သူ့နေရာကို အသင့်အစားထိုးမယ့် နည်းပြက ဘယ်သူလဲ ဆိုတာ ရှာကြည့်ဖို့က ဈေးကွက်ထဲမှာ ခက်နေပြန်ပါတယ်။

ဘာပေ ရဲ့ အနာဂတ် ဟာ နည်းပြ အပြောင်းအလဲတွေ အပေါ် သက်ရောက်မှုရှိနေမလား ဆိုတာလဲ စိတ်၀င်စားဖို့ ကောင်းနေပါတယ်။ ချန်ပီယံလိဂ် ပြိင်ပွဲ အောင်မြင်မှုရအောင် လုပ်ဆောင်နိုင်ခြင်း မရှိတာက ကလပ်အတွက် ထိုးနှက်ချက် တစ်ခု ဖြစ်ပြီး ၊ ကျစ်လစ်မှု အပြည့်ဖြစ်နေတဲ့ စည်းလုံးညီညွတ်မှုမျိုး မမြင်ရတာလဲ ကမ္ဘာ့ အကောင်းဆုံး ကစားသမား‌တစ်ယောက်ကို ဆက်ထိန်းထားဖို့ ခက်ခဲစေပါတယ်။

အထူးသဖြင့် စာချုပ်သက်တမ်း ကုန်တော့မှာ ဖြစ်လို့ ဘာပေ လို ကစားသမား တစ်ယောက်ကို ဆက်ထိန်းရတာ ပိုပြီး စိန်ခေါ်မှုတွေ ကြီးမားသွားပါတယ်။

တစ်ဖက်က ရီးရဲ မက်ဒရစ် ကလဲ အလကားနီးပါး နဲ့ ခေါ်ခွင့်ရမှာ ဖြစ်လို့ စာချုပ်လက်မှတ် ထိုးကြေးတင် ဘယ်လောက်အထိ မက်လုံးပေးထား မလဲ ဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။

အခုနောက်ပိုင်းမှာ ရီးရဲဟာ အလာဘာ ၊ ရူဒီဂါ တို့လို ထိပ်တန်း ခံစစ်မှုးတွေကို အလွတ်ကြေးနဲ့ ရအောင်ခေါ်ပြီး စည်းရုံးနိုင်တာလဲ ထူးခြားတဲ့ စီးပွားရေး ဗျူဟာ တစ်ခုလို့ ပြောလို့ ရနေပါတယ်။

ဒါကြောင့် ဘာပေ ရဲ့ ဆုံးဖြတ်ချက် ဟာ မက်ဒရစ် နဲ့ ပဲရစ် အသိုင်းဝိုင်းအတွက် လှိုင်းလုံးသဖွယ် ရိုတ်ခတ်သွားဖွယ် ရှိနေပါတယ်။

ဘာကြောင့် အခုချိန်ထိ ကြန့်ကြာနေရတာလဲ ဆိုတဲ့ အကြောင်းအရင်း ကိုတော့ –

” ကျနော် တို့ အနေနဲ့ ပါ၀င် ပတ်သက်နေတဲ့ အဖွဲ့အစည်းတိုင်း ကို လေးစားမှု ပြဖို့ လို့ပါတယ်။ အခုတော့ အဆုံးသတ်သွားပါပြီ။ အချက်လက် အနည်းငယ်လေးပဲ ကျန်တော့တာပါ။ တခြားကိစ္စတွေ အားလုံး ပြီးစီးသွားပါပြီ” လို့ ရှင်းပြသွားခဲ့ပါတယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular