အနာဂတ်ကိုဆုံးဖြတ်ရန် ဒေါ့မွန်အသင်းက ဖိအားပေးနေသဖြင့် မကြာခင် ဆုံးဖြတ်ချက်ချရတော့မည်ဟု ဟော်လန်း ထုတ်ဖော်ဝန်ခံ

ဒေါ့မွန်အသင်း ကြယ်ပွင့်တိုက်စစ်မှူး ဟော်လန်းက မိမိအနာဂတ်ကို ဆုံးဖြတ်ရန် အသင်းက ဖိအားပေးနေသဖြင့် မကြာခင် ဆုံးဖြတ် ချက်ချရတော့မည်ဖြစ်ကြောင်း ထုတ် ဖော်ဝန်ခံခဲ့သည်။

အသက် ၂၁ နှစ်သာရှိသေးသူ နော်ဝေလက်ရွေးစင်တိုက်စစ်မှူး ဟော်လန်းနှင့် ဒေါ့မွန်အသင်း၏ စာချုပ်သက်တမ်းမှာ ၂၀၂၄ ခုနှစ်အထိ ကျန်ရှိနေသော်လည်း လာမည့်နွေရာသီတွင် စာချုပ်လျော်ကြေး ယူရို ၇၅ သန်းဖြင့် ထွက်ခွာနိုင်သည့် အချက်ပါဝင်နေသည်။

myan789

ထို့ကြောင့် ၎င်းအား မန်စီးတီး၊ ဘိုင်ယန်မြူးနစ်၊ ရီးယဲလ်မက်ဒရစ်၊ ဘာစီလိုနာ၊ PSG စသည့် ဥရောပထိပ်တန်းကလပ်များစွာက ပစ်မှတ်ထားနေရာ ဒေါ့မွန်အသင်းက စာချုပ်သက်တမ်းတိုးရန် သို့မဟုတ် အနာဂတ်ကို အမြန်ဆုံး ဆုံးဖြတ်ရန် ဖိအားပေးနေခြင်းဖြစ်သည်။

သောကြာနေ့က ဖရိုင်းဘတ် အသင်းအား (၅-၁) ဂိုးဖြင့် အနိုင်ရသည့်ပွဲတွင် နှစ်ဂိုးသွင်းယူပေးပြီးနောက် ဟော်လန်းက “ပြီးခဲ့တဲ့ ခြောက်လအတွင်းမှာ ကျွန်တော်က ဒေါ့မွန်ကို လေးစားမှုမရှိတာမျိုးဖြစ်မှာစိုးလို့ ဘာမှမပြောဘဲနေဖို့ ရွေးချယ်ခဲ့တာပါ။ ဒါပေမဲ့ အခုအချိန်မှာတော့ အသင်းက ကျွန်တော့်ကို ဆုံးဖြတ်ချက်ချဖို့ စပြီးဖိအားပေးလာပါပြီ။ ကျွန်တော်လုပ်ချင်တာကတော့ ဘောလုံးကစားဖို့ပါပဲ။ ဒါပေမဲ့ အနာဂတ်နဲ့ပတ်သက်ပြီး ကိုယ်တိုင်ဆုံးဖြတ်ဖို့ ဖိအားပေးနေပါပြီ။ ဒါကြောင့် မကြာခင်မှာပဲ ကျွန်တော်ဆုံးဖြတ်ရတော့မှာပါ။ အစကတည်းက ဘောလုံးကိုပဲ အာရုံစိုက်ချင်တယ်လို့ ကျွန်တော်ပြောဖူးပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ့်စိတ်ထဲကို တခြားအကြောင်းတွေ ဝင်မလာတဲ့အချိန်မှ အကောင်းဆုံးပုံစံရမှာမို့ပါ။ အခုဆိုရင် သူတို့ဘက်က ဖိအားပေးလာတာ ကြာပါပြီ။ ဆိုတော့ တချို့ကိစ္စတွေ စပြီးလုပ်ဖို့ အချိန်တန်ပါပြီ။ ကျွန်တော်လုပ်ချင်တာက ဘောလုံးကစားဖို့သက်သက်ပါပဲ။ ဒါပေမဲ့ အခုအချိန်မှာ အဲဒါကိုပဲ မလုပ်နိုင်ပါဘူး” ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

ဒေါ့မွန်အသင်း အမှုဆောင်ချုပ် ဟန်းစ်ယိုအာကင်ဗက်ဇ်ကယ်ကလည်း ဟော်လန်းကို စိတ်ဝင်စားနေသည့်ကလပ်များတွင် ရီးယဲလ်အသင်းပါဝင်နေပြီး ၎င်းအနေဖြင့် စပိန်တွင် အံဝင်လိမ့်မည်ဖြစ်ကြောင်း ဒီဇင်ဘာလအတွင်းက သုံးသပ်ပြောကြားထားသည်။ “ကျွန်တော်သိထားသလောက် အားလုံးပြောရရင် ရီးယဲလ်မက်ဒရစ်က သူ့ကို တော်တော်လေး စိတ်ဝင်စားနေတယ်။ တခြားအသင်းနာမည် ၂၅ ခုလောက်ကို အခုပြောလို့ရတယ်။ ဒါပေမဲ့ ရီးယဲလ်ပါတယ်ဆိုတာတော့ ကျွန်တော် သေချာပေါက်ပြောနိုင်တယ်။ စပိန်မှာ သူပိုအံဝင်မယ်လို့ ကျွန်တော်ထင်တယ်။ အင်္ဂလန်မှာက မတူညီတဲ့ ဘောလုံးဟန်နဲ့ ကစားတာပါ။ သူ ကျွန်တော်တို့နဲ့အတူ ရှိနေမယ်ဆိုတာ သံသယသိပ်မရှိပါဘူး။ ကျွန်တော်နဲ့ ရိုင်ယိုလာ (ဟော်လန်း၏အေးဂျင့်) သိပ်မကြာသေးခင်က သေချာဆွေးနွေးထားပါတယ်။ ကျွန်တော်တို့ ဆွေးနွေးမှုရဲ့ အဆုံးသတ် ချိန်ရောက်တဲ့အခါ ပြောဆိုဆွေးနွေးမှုတွေက အမြဲတမ်းနွေးထွေးသလို ဖုန်းခေါ်ဆိုပြီး ပြောဆိုမှုကလည်း ရင်းရင်းနှီးနှီးရှိပါတယ်။ နောက်ထပ် ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ ဆွေးနွေးမှုတစ်ခုလုပ်ဖြစ်မယ်ဆိုတာ သေချာပါတယ်။ ဟော်လန်းအနေနဲ့ ကျွန်တော်တို့နဲ့အတူ ဆက်နေမယ်ဆိုရင် သူ့အတွက် ယူရိုငွေတွေ ပိုပြီးရမှာပါ” ဟု ဗက်ဇ်ကယ်က ပြောကြားသည်။

ထို့ပြင် ဟော်လန်း၏အေးဂျင့် ဖြစ်သူ ရိုင်ယိုလာက မိမိကစားသမား ပြောင်းရွှေ့နိုင်သည့် ကလပ်များတွင် ဘိုင်ယန်မြူးနစ်၊ ရီးယဲလ်မက်ဒရစ်၊ ဘာစီလိုနာ၊ မန်စီးတီးစသည့်အသင်း များပါဝင်ကြောင်း ထုတ်ဖော်ပြောကြားထားသည်။ ဟော်လန်းသည် ၂၀၂၀ ဇန်နဝါရီအပြောင်းအရွှေ့ ကာလတွင် ဆာလ်ဇ်ဘာ့ဂ်အသင်းမှ ဒေါ့မွန်သို့ ယူရိုသန်း ၂၀ ဖြင့် ပြောင်းရွှေ့လာသူဖြစ်ပြီး နှစ်နှစ်အတွင်း ပြိုင်ပွဲစုံ ၇၇ ပွဲကစား ၇၈ ဂိုးအထိ သွင်းယူပေးထားသည်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular