အဓိက တိုက်စစ်မှူး မပါဘဲ ကစားရတော့မယ့် အကြောင်း ဖွင့်ဟပြောဆို လာတဲ့ မော်ရင်ဟို

တော့တင်ဟမ် ဟော့စပါး အသင်းရဲ့ နည်းပြကြီး မော်ရင်ဟို က တိုက်စစ်မှူး ဟယ်ရီ ကိန်း ဟာ ယမန်နေ့ ညက ကစား ခဲ့တဲ့ လီဗာပူး အသင်း နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် မှာ ဒဏ်ရာ ရရှိ ခဲ့ပြီး ရက်သတ္တပတ် အနည်းငယ် အနား ယူရ နိုင်တယ် လို့ ဖွင့်ဟ ပြောဆို သွားခဲ့ ပါတယ် ။ စပါး ဟာ လီဗာပူး ကို အိမ်ကွင်း မှာ လက်ခံ ကစားပြီး ၃ ဂိုး ၁ ဂိုး ရလဒ် နဲ့ ရှုံးနိမ့် သွားခဲ့ ရ ပါတယ် ။

ဒီရှုံးပွဲ ကြောင့် စပါးတို့ အဆင့် ၇ မှာသာ ဆက်လက် ရှိနေပြီး လီဗာပူး ကတော့ အဆင့် ၄ နေရာကို တက်လှမ်း သွားနိုင် ခဲ့ ပါတယ် ။ စပါး အတွက် ပိုပြီး အထိနာ စေခဲ့ တာကတော့ အားထား ရတဲ့ တိုက်စစ်မှူး ဟယ်ရီကိန်း ဒဏ်ရာ ရရှိ သွားခဲ့ တာပါပဲ ။

myan789

ဟယ်ရီ ကိန်း ဟာ ဒီရာသီ မှာ ယခင် နှစ်တွေ က ထက် အသင်းအပေါ် ပိုမို အကျိုးပြု နေပြီး ဂိုးသွင်းရုံ မက ဂိုးဖန်တီး မှုတွေကိုလည်း ပြုလုပ် ထားနိုင် ခဲ့ ပါတယ် ။ ကိန်းဟာ ဂိုးသွင်းရှင် ဇယား မှာ ၁၂ ဂိုး နဲ့ မိုဟာမက် ဆာလာ ရဲ့ နောက် ၊ ဒုတိယ နေရာမှာ ရှိနေသလို ဂိုးဖန်တီးမှု ဇယား မှာလည်း ၁၁ ကြိမ် နဲ့ အများဆုံး ဖန်တီးသူ အဖြစ် ရပ်တည် နေခဲ့တာ ဖြစ်ပါတယ် ။

ဟယ်ရီကိန်း ဟာ လီဗာပူး နဲ့ ပွဲချိန် ပထမပိုင်းမှာ ဒဏ်ရာ ရခဲ့တာ ဖြစ်ပြီး ဒုတိယပိုင်း မှာတော့ အသင်း အတွက် ပါဝင် ကစားနိုင်ခြင်း မရှိ တော့ပါဘူး ။ ပွဲ အပြီး မှာတော့ နည်းပြကြီး မော်ရင်ဟို က သူတို့ ဟာ ဟယ်ရီကိန်း ကို ရက်သတ္တပတ် အနည်းငယ် လောက် ဆုံးရှုံး ရနိုင်တယ် လို့ ထုတ်ဖော် ပြောဆို လာခဲ့ ပါတယ် ။

“ကိန်းက ခြေကျင်းဝတ် မှာ ဒဏ်ဖြစ်သွား ခဲ့တာပါ ။ ၂ နေရာတောင် ဖြစ်ခဲ့ တာပါ ။ ပထမ တစ်ခုက သီယာဂို အယ်ကန်ထရာ နဲ့ တိုက်မိ တုန်းကပါ ။ အရင် သူ ဖြစ်နေကျ နေရာပါပဲ ။ နောက်တစ် ခု ကတော့ ကျွန်တော် သေချာ မသိပါဘူး ။ ဒါပေမယ့် ခြေကျင်းဝတ် ၂ ဖက်လုံး နာသွားတာ ကတော့ သေချာ ပါတယ်”

“ဒုတိယ တစ်ခုက ပထမ တစ်ခု ထက်တောင် ပိုဆိုးချင် ဆိုးမှာပါ ။ ရက်သတ္တပတ် အနည်းငယ် လောက် နားရမှာပါ ။ ဘယ်လောက်လဲ ဆိုတာတော့ စစ်ဆေးပြီးမှ တိတိ ကျကျ သိနိုင်မှာပါ ။ ကစား သမား အချို့ က အစားထိုးလို့ မရနိုင် ပါဘူး ။ ဖြစ်လာပြီ ဆိုမှတော့ ဖြစ်လာပြီပဲ ပြောရမှာပါ”

“အခု ဟယ်ရီ မပါဘဲ ကစားနိုင်ဖို့ ကျွန်တော်တို့ ကြိုးစား ရပါမယ်” လို့ မော်ရင်ဟို က ပြောဆို သွားခဲ့ ပါတယ် ။ စပါး ဟာ လာမယ့် ပွဲစဉ် မှာ ဘရိုက်တန် နဲ့ ယှဉ်ပြိုင် ကစား သွားရမှာ ဖြစ်ပြီး အဲ့ဒိ နောက် မှာတော့ အဲဗာတန် ၊ မန်ချက်စတာ စီးတီး တို့နဲ့ ဆက်လက် ကစား ရမှာပဲ ဖြစ်ပါတယ် ။

ဟယ်ရီကိန်း ရဲ့ ဒဏ်ရာ အနေအထား ကိုတော့ လာမယ့် တနင်္လာနေ့ မတိုင်မီ သိရှိ ရမယ်လို့ မျှော်မှန်း ထားပြီး ဝုဗ်ဘတ် နဲ့ ကစားမယ့် ယူရိုပါလိဂ် ၃၂ သင်းဆင့် ဒုတိယ အကျော့မှာ ပြန်လည် ပါဝင် လာနိုင်ဖွယ် ရှိတယ် လို့ ခန့်မှန်း ထားကြ ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular