အဓိကဆုဖလားကြီးတွေ ပြန်လည် စိန်ခေါ်နိုင်တဲ့ အခြေအနေ ပြန်ရောက်နိုင်ဖို့အတွက် မန်ယူနိုက်တက်တို့ ခေါ်ယူရမယ့် ကစားသမားကို ပြောပြလိုက်တဲ့ စတီဗီနစ်ကိုး

လီဗာပူး ဂန္ထဝင် ကစားသမား တစ်ဦး ဖြစ်သူ စတီဗီနစ်ကိုးက မန်ချက်စတာယူနိုက်တက် အသင်း အနေနဲ့ လာမည့် အပြောင်းအရွေ့ စျေးကွက်တွေမှာ အက်စတွန်ဗီလာ အသင်းခေါင်းဆောင် ဂျက်ဂရီလစ်ချ်ကို ခေါ်ယူဖို့ ကြိုးစားသင့်တယ်လို့ တိုက်တွန်း သွားခဲ့ပါတယ်။ ဂရီလစ်ချ်ဟာ ဒီရာသီမှာ အကောင်းဆုံး ပုံစံကို ပြသနေပြီး ဝင်ကစားထားတဲ့ ပရီးမီးယားလိဂ် ပွဲစဥ် ၉ ပွဲမှာ ၅ ဂိုးသွင်းကာ ၆ ဂိုး ဖန်တီး ပေးထား ခဲ့ပါတယ်။

၎င်းဟာ ပြီးခဲ့တဲ့ နွေရာသီက ဗီလာကနေ ပရီးမီးယားလိဂ် အသင်းကြီး တစ်သင်းသင်းကို ​ပြောင်းရွေ့မယ်လို့ သတင်းကြီး ခဲ့ပေမယ့်လည်း နောက်ဆုံးမှာတော့ အက်စတွန်ဗီလာနဲ့ ငါးနှစ်စာချုပ်သစ် ချုပ်ဆို သွားခဲ့ပါတယ်။ ဒါပေမယ့်လည်း နစ်ကိုးက ဂရီလစ်ချ် အနေနဲ့ မန်ယူနိုက်တက် ကို ပြောင်းရွေ့သင့်တယ်လို့ ဆိုလိုက်ပြီး ၎င်းဟာ ပေါ့ဘာနဲ့ ဘာတွေ ကွာခြားမှု ရှိသလဲဆိုတာ ပြောပြ သွားခဲ့ပါတယ်။

myan789

နစ်ကိုးက ”မန်ချက်စတာယူနိုက်တက် အသင်းဟာ ခြေစွမ်း တည်ငြိမ်မှုပိုင်းမှာ လိုအပ်ချက်တွေ ရှိနေပါတယ်။ သူတို့ဟာ ခြေစွမ်း တည်ငြိမ်မှု ရှိတဲ့ ကစားသမား တင် မဟုတ်ပါဘူး။ အမြင့်ဆုံး အဆင့်မှာ တောက်လျှောက် တည်ငြိမ်တဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်တဲ့ ကစားသမားကို လိုအပ်နေတာပါ။ ဒါမှသာ မန်ချက်စတာယူနိုက်တက်လို ကြီးကြယ်တဲ့ ကလပ်ဟာ သူတို့ တစ်ချိန်က ပိုင်ဆိုင်ခဲ့တဲ့ အဆင့်အတန်း ဖြစ်တဲ့ ပရီးမီးယားလိဂ် ဖလား နဲ့ ဥရောပဖလား တို့အတွက် တိုက်ပွဲဝင် နိုင်မယ့် အခြေအနေကို ပြန်ရောက်နိုင်မှာပါ။

ဂျက်ဂရီလစ်ချ် ဟာ ဒီမျိုး လုပ်ပြနိုင်ပါတယ်။ မန်ချက်စတာယူနိုက်တက် အသင်းဟာ ဂရီလစ်ချ်လို ဘောလုံးကို ကောင်းကောင်း ကိုင်ကစားနိုင်ပြီး ခံစစ်ပိုင်း ကိုလည်း ကူညီပေး နိုင်တဲ့ ကစားသမားမျိုးကို တအား လိုအပ် နေခဲ့တာပါ။ မန်ချက်စတာယူနိုက်တက်မှာ ကျွန်တော်တို့ အမြဲ ပြောပြောနေတဲ့ ပေါ့ဘာဟာ တိုက်စစ်ပဲ ကစားနိုင်ပြီး ခံစစ်ကိို ကူညီပေး နိုင်စွမ်း မရှိတဲ့ သူပါ။ ဂရီလစ်ချ်ဟာ အရာအားလုံး လုပ်ပေးနိုင်ပါတယ်။

ဂရီလစ်ချ်ဟာ တိုက်စစ်မှာ ဖန်တီးမှုတွေ အပြင် ဂိုးတွေလည်း သွင်းယူ ပေးနိုင်သလို နောက်တန်းကို ဆင်းပြီး ခံစစ်ကိုလည်း ကူညီ ပေးနိုင်ပါတယ်။ သူဟာ ထိပ်တန်း အရည်အသွေး ရှိနေသူပါ။ သူဟာ ဘောလုံးကို ပိုင်နိုင်စွာ ကစားနိုင်ပါတယ်။ ဒါ့ကြောင့် ဂျက်ဂရီလစ်ချ်ဟာ မန်ချက်စတာယူနိုက်တက် အတွက် လုပ်ထားတဲ့ ကစားသမားလို့ ကျွန်တော် ထင်ပါတယ်။” လို့ ဆိုသွားပါတယ်။

ဂရီလစ်ချ်ကို အာဆင်နယ် အသင်းကလည်း ခေါ်ယူဖို့ စိတ်ဝင်စား နေပေမယ့် နစ်ကိုးက အသက် ၂၅ နှစ်အရွယ် ကစားသမား အတွက် အိုးထရပ်ဖို့ဒ်ကလပ်ဟာ ပိုပြီး ဆွဲဆောင်မှု ရှိနေလိမ့်မယ်လို့ ဆိုသွားပါတယ်။

နစ်ကိုးက ”အာဆင်နယ်ဟာ ဘယ်ကို သွားနေသလဲ ဆိုတာ ကျွန်တော် မသိပါဘူး။ သူတို့ဟာ ပြီးခဲ့တဲ့ ၅ နှစ် ၆ နှစ်ကနေ အခုထိ တန့်နေခဲ့ပါတယ်။ အကယ်၌ ကျွန်တော်သာ ဂရီလစ်ချ် ဖြစ်နေခဲ့မယ် ဆိုရင် ထိပ်တန်းကလပ် တစ်ခု ဒါမှမဟုတ် အရင်က အဆင့်ကို ပြန်လည် ရောက်ရှိနိုင်မယ့် ကလပ်တစ်ခုကို ပြောင်းရွေ့မှာပါ။ ကျွန်တော် ကတော့ သူ့ကို မန်ယူနိုက်တက် ကိုပဲ ပြောင်းဖို့ အကြံပြု ချင်ပါတယ်။ သူတို့မှာ ငွေ​ကြေး ရှိတဲ့ အပြင် ထိပ်ဆုံး အဆင့်ကို ပြန်ရောက် နိုင်ဖို့အတွက် ငွေတွေ သုံးနိုင်တဲ့ အင်အားလည်း ရှိပါတယ်။

အကယ်၌ ကျွန်တော်သာ ဂရီလစ်ချ် ဆိုရင် အာဆင်နယ် ထက်စာရင် မန်ယူနိုက်တက် ကိုပဲ ရွေးချယ် သွားမှာပါ။ အာဆင်နယ်ဟာ လမ်းမှားကို သွားနေပါတယ်။ ဂရီလစ်ချ် ဟာ အတက်ပိုင်းကို သွားနေပြီး အာဆင်နယ် က အဆင်းပိုင်းကို သွားနေပါတယ်။ ဒါ့ကြောင့် အာဆင်နယ် ကို ပြောင်းရွေ့တာဟာ သူ့အတွက် အဓိပ္ပါယ် မရှိပါဘူး။” လို့ ဆိုသွားပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ထွက်ပေါ်ခဲ့တဲ့ သတင်းများအရ အက်စတွန်ဗီလာ ဟာ သူတို့ရဲ့ အသင်းခေါင်းဆောင် အတွက် အနည်းဆုံး ပေါင်သန်း ၁၀၀ ရမှ ရောင်းချဖို့ စဥ်းစား သွားမယ်လို့ သိရပါတယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular