အစ္စတန်ဘူလ် အသင်းကို ရှုံးနိမ့် သွားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဘောလုံး ရာသီ အပေါ် ကြိုတင် ခန့်မှန်းမှု လုပ်ဆောင် သွားတဲ့ ပေါလ် စခိုးလ်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဂန္ဓဝင် ကစားသမားဟောင်း တစ်ဦး ဖြစ်တဲ့ ပေါလ် စခိုးလ် က အစ္စတန်ဘူလ် ဘာဆက်ဆီဟာ အသင်းကို ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ရှုံးနိမ့် သွားခဲ့တဲ့ အသင်းဟောင်းဟာ သေချာပေါက် ပိုမို တိုးတက် ကောင်းမွန်လာ လိမ့်မယ် လို့ ယုံကြည်ကြောင်း ကြိုတင် ဟောကိန်း ထုတ်သွားလိုက် ပါတယ် ။

ဒါပေမယ့် သူ့ရဲ့ အသင်းဟောင်းက ရာသီသစ်ကို စတင်ပုံ အတော်လေး ဆိုးရွား နေခဲ့တဲ့ အတွက် ကြီးမားတဲ့ အခွင့်အရေး တွေကို ဆုံးရှုံး ထားခဲ့ပြီ ဖြစ်ကြောင်း ၊ နောက်ထပ် ဖလား လက်မဲ့ ဘောလုံး ရာသီ တစ်ခုကို ဖြတ်သန်းရ လိမ့်မယ်လို့ ခံစားနေရကြောင်း ဟောကိန်းပါ ထုတ်သွား ခဲ့လိုက် ပါတယ် ။

myan789

တကယ်တမ်း မှာလည်း မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဘောလုံး ရာသီ စတင် ကတည်းက အမှတ်ပေး ဖလား ပြိုင်ပွဲမှာ ရလဒ်တွေ ဆက်တိုက်ဆိုသလို ဆိုးရွားနေခဲ့ပြီး အမှတ်ပေး ဇယား အဆင့် 15 နေရာမှာ ရပ်တည် နေခဲ့ရ ပါတယ် ။ ဒါပေမယ့် ကာရာဘောင် ဖလား ပြိုင်ပွဲ မှာတော့ ရလဒ် ကောင်းမွန်ခဲ့ ပါတယ် ။

အဲ့ဒီနောက် ချန်ပီယံလိဂ် ပြိုင်ပွဲ မှာလည်း PSG ၊ RB လက်ပ်ဇစ် အသင်း တွေကို အနိုင်ယူ နိုင်ခဲ့ပြီး မရဏ အုပ်စု ထဲမှာ အမှတ်ပေး ဇယားကို အံ့ဖွယ် ဦးဆောင် ထားနိုင်ခဲ့ ပါတယ် ။ ဒါပေမယ့် ဒီနေ့ နံနက်မှာတော့ အနိုင် ရသင့်တဲ့ အစ္စတန်ဘူလ် ဘာဆက်ဆီဟာ အသင်းကို အဝေးကွင်းမှာ ရှုံးနိမ့် သွားခဲ့ ပါတယ် ။

ဒါ့ကြောင့် ယူနိုက်တက် အသင်းရဲ့ အနေအထား တွေက ခန့်မှန်းရ ခက်ခဲ နေပြီး ရလဒ် မတည်ငြိမ်မှု တွေကြောင်း နည်းပြ ဆိုးလ်ရှားလည်း ဖိအားတွေအောက် ကျရောက် နေခဲ့ရ ပါတယ် ။ ဒါပေမယ့် ပေါလ် စခိုးလ် ကတော့ သူ့ရဲ့ အသင်းဟောင်းက ပိုမို တိုးတက်လာလိမ့်မယ် လို့ ယုံကြည်ကြောင်း ပြောကြား သွားခဲ့လိုက် ပါတယ် ။

” အကယ်လို့ သူတို့ တွေသာ ဒီရာသီ အတွင်း စိန်ခေါ်မှု တွေကို လုပ်ဆောင် လိုမယ် ဆိုရင် အခု ကတည်းက အကောင်းဆုံး စတင် နိုင်ဖို့ လိုအပ် နေပါပြီ ။ သူတို့ တွေဟာ ဒါကို အခုထိ မလုပ်ဆောင် နိုင်ခဲ့သေး ပါဘူး ။ ဒါကို ကျွန်တော်တို့ အားလုံး ရှင်းရှင်းလင်းလင်း မြင်တွေ့ ခဲ့ရ ပါတယ် ”

” အခု ပုံစံ အရ ကျွန်တော် တို့ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီတုန်းကနဲ့ လုံးဝ တူညီမယ့် အဖြစ်အပျက်မျိုး ရင်ဆိုင်ရ လိမ့်မယ်လို့ ကျွန်တော် ခံစားနေရ ပါတယ် ။ ကျွန်တော်တို့ ရာသီသစ် စတင်တာ ညံ့လွန်းခဲ့ ပါတယ် ။ ဒါပေမယ့် လက်ရှိ ပိုင်ဆိုင်ထားတဲ့ လူစာရင်း ကြည့်လိုက်မယ် ဆိုရင် တချိန်ချိန်မှာ သူတို့တွေ တိုးတက် လာမှာ အသေအချာ ပါပဲ ”

” အဲ့တာ နဲ့ ပတ်သက်လို့တော့ သံသယ ဖြစ်စရာ အကြောင်း လုံးဝ မရှိ ပါဘူး ။ လက်ရှိ အသင်းမှာ အရည်အသွေး ကောင်းတဲ့ ကစားသမား အစုအဖွဲ့ တစ်ခုကို ပိုင်ဆိုင် ထားကြ ပါတယ် ” လို့ ပေါလ် စခိုးလ် က သူ့ရဲ့ ယုံကြည်ချက်ကို ထုတ်ဖော် ပြောပြ သွားခဲ့လိုက် ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီ တစ်ပါတ် မှာတော့ အန်ဆယ်လော့တီ ဦးဆောင် နေတဲ့ အဲဗာတန် အသင်းကို ရင်ဆိုင် ကစားသွား ရဖို့ ရှိနေ ပါတယ် ။ အဆိုပါ ပွဲစဉ် မတိုင်မီမှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ နည်းပြ အပြောင်းအလဲ ဖြစ်သွားဖို့ အထူး သတင်းကြီး နေပြီး လက်တလော မှာတော့ တော့တင်ဟမ် နည်းပြဟောင်း ပိုချက်တီနို က နည်းပြသစ် ဖြစ်လာဖို့ ဦးစားပေး နံပါတ် တစ် အဖြစ် ရေပန်းစား နေပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular