အင်္ဂလန် လက်ရွေးစင် ကြယ်ပွင့် ၂ဦး ကို ချဲလ်ဆီး တို့ ပိုင်ဆိုင်ခွင့်ရထားတာ ထီပေါက်သလိုပဲ လို့ သုံးသပ်လိုက်တဲ့

ချဲလ်ဆီး အသင်း ဟာ ပြီးခဲ့တဲ့ စနေနေ့ ည က ကစားခဲ့တဲ့ ရှက်ဖီးလ် ယူနိုက်တက် အသင်း နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၈မှာ ပွဲအစ ၁၀ မိနစ် အတွင်း ပေးခဲ့ရတဲ့ အဖွင့်ဂိုး နဲ့ အနောက် က လိုက်ကစားခဲ့ရပေမယ့် ၊ လိုအပ်တဲ့ သွင်းဂိုး ၄ဂိုး ကို ရယူခဲ့ကာ ၊ ၄ – ၁ နဲ့ နောက်ထပ် ဂိုးပြတ် နိုင်ပွဲ တပွဲ ထပ်မံ ဖော်ဆောင်နိုင်ခဲ့ပါတယ် ။

ဒီပွဲမှာ ချဲလ်ဆီး အသင်း အတွက် အစွန် နောက်ခံလူ ၂ဦး ဖြစ်တဲ့ ဘန်ချေဝဲလ် နဲ့ ရိစ်ဂျိမ်းစ် တို့ရဲ့ အခန်း ကဏ္ဍ က အရေးပါနေခဲ့ပါတယ် ။ မော်ဒန် ဘောလုံး လောကမှာ အစွန် နောက်ခံလူ တွေရဲ့ တိုက်စစ် အထိ လိုက်ပါမှုနိုင်မှု က ဥရောပ ထိပ်တန်း အသင်းကြီး တချို့ ကို တပန်းသာစေပါတယ် ။

myan789

ချဲလ်ဆီး အသင်း ဟာလည်း ဒီ ရာသီ မှာ ထို အားသာချက် ကို ပိုင်ဆိုင်ထားပြီး ၊ ဘန်ချေဝဲလ် နဲ့ ရိစ်ဂျိမ်းစ် တို့ဟာ ချဲလ်ဆီး အတွက် ပွဲအားလုံး နီးပါးမှာ သွင်းဂိုး ပါဝင် ပတ်သက်မှုတွေ ရှိနေပါတယ် ။ ချေဝဲလ် ဆိုရင် နွေရာသီ အပြောင်းအရွှေ့ ဈေးကွက် အတွင်း မှာ လက်စတာ ကနေ ပေါင်သန်း ၅၀ နဲ့ ပြောင်းရွှေ့လာခဲ့ပေမယ့် ၊ အထိုင်ကျဖို့ အချိန် လုံးဝ မယူခဲ့ရပါဘူး ။

ရိစ်ဂျိမ်းစ် ကတော့ ပြီးခဲ့တဲ့ ဘောလုံး ရာသီ ကတည်းက ဝီဂန် အသင်း မှာ အငှား ကစားပြီး ခြေစွမ်းပြလာပြီးနောက် ၊ ချဲလ်ဆီး စီနီယာ အသင်း မှာ နည်းပြ ဖြစ်သူ ဖရန့် လမ်းပတ် ရဲ့ နေရာပေးခြင်း ကို ခံခဲ့ရပါတယ် ။ လောလောဆယ် မှာလည်း ရိစ်ဂျိမ်းစ် ဟာ ကလပ် အသင်း ခေါင်းဆောင် ဆီဆာ အက်ဇ်ပီလီကွီတာ ကို ကျော်ဖြတ်ထားပြီး ၊ ပထမ ဦးစားပေး ညာနောက်ခံလူ အဖြစ် ကစားခွင့်တွေ ဆက်တိုက် ရရှိနေပါတယ် ။

ရှက်ဖီးလ် ယူနိုက်တက် နဲ့ ပွဲမှာ ချေဝဲလ် ဟာ အသင်း အတွက် အရေးပါတဲ့ အဖိုးတန် ဦးဆောင်ဂိုး တဂိုး ကို သွင်းယူပေးနိုင်ခဲ့သလို ၊ ရိစ်ဂျိမ်းစ် ဟာလည်း ညာတောင်ပံ တိုက်စစ် မှာ MOTM ဇီယက်ချ် နဲ့ အတွဲညီညီ ချိတ်ဆက် ကစားနိုင်ခဲ့ပါတယ် ။

လီဗာပူူး မန်နေဂျာဟောင်း ဂရေမီ ဆောင်းနက်စ် ကတော့ ချဲလ်ဆီး အသင်း ဟာ အရည်အသွေး မြင့်ပြီး အလားအလာ ကောင်းတဲ့ ယင်း အင်္ဂလန် လက်ရွေးစင် ကြယ်ပွင့် နောက်ခံလူ ၂ဦး ကို ပိုင်ဆိုင်ခွင့် ရထားတာ ထီပေါက်သလိုပဲ လို့ သုံးသပ် ပြောဆိုခဲ့ပါတယ် ။

Sky Sports ရဲ့ ပွဲပြီး သုံးသပ်ချက် အစီအစဉ် မှာ ဆောင်းနက်စ် က ” ကစားသမားသစ် တယောက် ကို ခင်ဗျား ဖက်က ငွေကြေး အမြောက်အမြားပေးပြီး ခေါ်ယူတဲ့အခါ ၊ လူတိုင်း ရဲ့ အာရုံ က သူ့ဆီကို တစိုက်မတ်မတ် ကျရောက်လာပါတယ် ။ ဘန်ချေဝဲလ် ဟာ ပေါင်သန်း ၅၀ တန်ကြေးရှိ ခေါ်ယူမှု ဖြစ်ပြီး ၊ စရောက်ရောက်ချင်း လူတိုင်း က သူ့ကို အာရုံစိုက်ခဲ့ကြပါတယ် ။ ”

” ရိစ်ဂျိမ်းစ် ကတော့ ထိပ်တန်း အဆင့် ကြယ်ပွင့် တဦးပါ ။ လက်ရှိ သူ့ အသက်အရွယ် အရ ဆိုရင် အခုထက် ပိုပြီး ကောင်းလာဖို့ ရှိပါတယ် ။ ဒါတောင် ကျွန်တော် ဟာ သူ့ရဲ့ ခွန်အား ၊ လျင်မြန်မှု ၊ ဘောလုံး ပေးပို့ပုံတွေ အကြောင်း မပြောရသေးပါဘူး ။ ခံစစ် ကစားပုံ အရ ကြည့်ရင်လည်း သူဟာ အမြဲတမ်း အသင့်ဖြစ်နေပုံ ပေါ်ပါတယ် ။ ”

” ပွဲကြည့်နေစဉ် အတွင်းမှာ ကျွန်တော် အက်ရှ်လေ ( ကိုးလ် ) ကို ‘ သူ ဘယ်လောက် ခွန်အား ပြည့်နေသလဲ ‘ လို့တောင် လှမ်းပြောခဲ့ပါသေးတယ် ။ တတိယ ဦးဆောင်ဂိုး ဖြစ်လာမယ့် ဖရီးကစ် အခြေအနေ ကို တချက် ပြန်ကြည့်ကြည့်ပါ ။ ရှက်ဖီးလ် နောက်ခံလူ မက်စ်လိုဝီ ဟာ ရိစ်ဂျိမ်းစ် ကို ပြစ်ဒဏ် ကျူးလွန်ဖို့ ရည်ရွယ်ချက် ရှိရှိ ကြိုးစားခဲ့ပါတယ် ။ ”

” ဒါပေမယ့် ရိစ်ဂျိမ်းစ် ဟာ လဲမကျသွားပါဘူး ။ သူဟာ မက်စ်လိုဝီ ကို ကလေးလေး တယောက် လို အတင်း တွန်းဖယ်ခဲ့ပါတယ် ။ မော်ဒန်ခေတ် ဘောလုံး လောကမှာ အစွန် နောက်ခံလူ တွေဟာ ခံစစ်ပိုင်း ကစားဖို့ သက်သက် မဟုတ်တော့ပါဘူး ။ ခင်ဗျား ဟာ လီဗာပူး လို အသင်း နဲ့ ရင်ဆိုင်တဲ့ အခါ ၊ အန်ဒီ ရောဘတ်ဆန် နဲ့ ထရန့် အလက်ဇန္ဒား အာနိုး ကို အရင် ရပ်တန့်ဖို့ ကြိုးစားရမှာ ဖြစ်ပါတယ် ။ ”

” အစွန် နောက်ခံလူတွေဟာ ခံစစ်ပိုင်း အတွက် အနည်းငယ် ပါဝင် ကူညီပေးရသလို ၊ အသင်းဖော် တိုက်စစ် ကစားသမား တွေကို ပင်နယ်တီ ဧရိယာ အတွင်းဆီ ဖြတ်တင်ဘော တွေနဲ့ ပံ့ပိုးပေးရပါတယ် ။ အဲ့ဒီ အထဲမှာမှ တကယ့် ခံစစ် အရည်အသွေးကောင်းတဲ့ အစွန် နောက်ခံလူ တယောက် ကို ပိုင်ဆိုင်ခဲ့ရင်တော့ ဒါဟာ အပိုဆု တခု ဖြစ်ပါတယ် ။ ”

” ရိစ်ဂျိမ်းစ် ဟာ တိုက်စစ် ကို လိုက်ပါတဲ့ နေရာမှာရော ၊ ခံစစ်ကို ပံ့ပိုးပေးတဲ့ နေရာမှာပါ အရည်အသွေး ပြည့်ဝစွာ ပါဝင်နေတယ် လို့ ကျွန်တော် ထင်ပါတယ် ။ သူဟာ ပွဲတပွဲ နဲ့ ပတ်သက်တဲ့ အရည်အချင်း အားလုံး ကို ပိုင်ဆိုင်ထားပါတယ် ။ ”

” ချဲလ်ဆီး အတွက် ကတော့ အစွန် နောက်ခံလူ နေရာတွေမှာ ဒီ ကြယ်ပွင့် ၂ယောက် ကို ပိုင်ဆိုင်ထားတာ ထီဆုကြီး တဆု ပေါက်သလိုပါပဲ ။ ရိစ်ဂျိမ်းစ် ဆိုရင် အသက် ၂၀ အရွယ်မှာ ကတည်းက အတွေ့အကြုံရင့် နောက်ခံလူ တယောက် လို ဖြစ်နေပါပြီ ။ ” လို့ ချီးကျူး ပြောဆိုခဲ့ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular