အင်အားလျော့နည်းနေတဲ့ လီဗာပူးအနေနဲ့ လက်စတာကို အနိုင်ရဖို့အတွက် အဓိက လုပ်သွားရမယ့် အရာကို ပြောလိုက်တဲ့ အီရန်ရိုက်

အာဆင်နယ် ဂန္ထဝင် အီရန်ရိုက်က အကယ်၌ ယာဂန်ကလော့ရဲ့ အသင်းသာ အမှတ်ပေးဇယားထိပ်မှာ ဦးဆောင်နေတဲ့ လက်စတာကို ကွင်းလယ်မှာ စီးမကစား နိုင်ခဲ့ဘူးဆိုရင် ဒီတစ်ပတ် အန်ဖီးမှာ ကစားရမယ့် ပွဲစဥ်ဟာ လီဗာပူး ပရိတ်သတ်တွေ အတွက် ကြည့်ရှုရတာ နာကျင်စရာ ကောင်းနေလိမ့်မယ်လို့ ဆိုလိုက်ပြီး ဒါဟာ ဂျေမီဗာဒီရဲ့ စိတ်ကြိုက် ဖြစ်သွားနိုင်တယ်လို့ သုံးသပ် သွားခဲ့ပါတယ်။

ပရီးမီးယားလိဂ် ချန်ပီယံဟာ ဒီရာသီ ဒဏ်ရာပြဿနာတွေရဲ့ ထိုးနှက်မှုတွေကို အပြင်းအထန် ခံနေရပြီး ဗာဂျယ်ဗန်ဒိုက် နဲ့ ဂိုးမက်ဇ် တို့ဟာ ဒူးဒဏ်ရာတွေကြောင့် ကာလရှည် အနားယူ သွားရမယ့် အပြင် အလက်ဇန်းဒါးအာနိုး ၊ တီယာဂို နဲ့ ဖာဘင်ညို တို့ကလည်း ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေက ဒဏ်ရာပြဿနာတွေ ကြုံတွေ့ ခဲ့ရပါတယ်။

myan789

ဒါ့အပြင် အသင်းခေါင်းဆောင် ဂျော်ဒန်ဟန်ဒါဆန် ၊ ရီးစ်ဝီလီယံ နဲ့ အန်ဒီရောဘတ်ဆန် တို့ရဲ့ ကြံခိုင်မှု အခြေအနေတွေ ကလည်း လက်စတာနဲ့ ပွဲစဥ်အတွက် သံသယ ဖြစ်စရာ အနေအထားမှာ ရှိနေကြပြီး ဘရန်ဒန်ရော်ဂျာ အနေနဲ့ သူ့အသင်းဟောင်းနဲ့ မာဆေးဆိုက်မှာ ရင်ဆိုင် ကစားရမယ့် ပွဲစဥ်မှာ ဒီလို အခွင့်အရေးကောင်းကို အသုံးချပြီး အနိုင် ၃ မှတ် ရယူဖို့ အားခဲနေမှာပါ။

အီရန်ရိုက်က လီဗာပူး အနေနဲ့ ဒီပွဲမှာ အနိုင်ရဖို့အတွက် ဆိုရင် နောက်ဆုံး လေးပွဲဆက် ဂိုးသွင်းယူ ထားခဲ့တဲ့ လက်စတာ တိုက်စစ်မှုး ဂျေမီဗာဒီ အတွက် ထောက်ပံ့မှုတွေကို ဖြတ်တောက်နိုင်ရန် အရေးကြီးဆုံး ဖြစ်တယ်လို့ ယူဆနေပါတယ်။

အီရန်ရိုက်က ”အဓိက ကစားသမားတွေကို ဆုံးရှုံး ထားရတာကြောင့် ဒါဟာ လီဗာပူး အတွက် တကယ့် စမ်းသပ်မှု တစ်ခုဆိုတာ ရှင်းပါတယ်။ လီဗာပူးဟာ ပထမဦးစားပေး back four ထဲက အနည်းဆုံး ၃ ဦးကို ဒီပွဲမှာ သုံးခွင့်ရမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော် လီဗာပူးကို ကြိုက်တာကတော့ သူတို့ဟာ ဇန်နဝါရီ အပြောင်းအရွေ့မှာ ကစားသမား ခေါ်ယူဖို့အတွက် အသဲအသန် လှုပ်ရှားနေတာ မရှိတဲ့ အပြင် လက်ရှိ အခြေအနေ အပေါ် တုန်လှုပ်နေတာလည်း မရှိပါဘူး။

ဒီပွဲစဥ်မှာ မိုဟာမက်ဆာလား ပါဝင်ကစားမှာ မဟုတ်ဘူးဆိုတာ ကျွန်တော်တို့ သိထားပြီး ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့မှာ တိုက်စစ် နေရာစုံ ကစားပေး နိုင်တဲ့ ဒီယေဂိုဂျိုတာ ရှိနေပါတယ်။ လီဗာပူးတို့ လက်စတာကို အနိုင်ယူဖို့ဆိုတာ အရမ်းကို ခက်ခဲမှာပါ။ ဘာလို့လဲဆိုတော့ လက်စတာတို့ လက်ရှိ လုပ်ပြ နေတာတွေကြောင့် ဖြစ်ပါတယ်။

ဗာဒီဟာ ထိပ်တန်းအသင်းတွေကို ဂိုးတွေ သွင်းယူနေပြီး မက်ဒီဆင် ကလည်း အင်္ဂလန် လက်ရွေးစင် အသင်းမှာ ရွေးချယ်ခြင်း မခံရတာကြောင့် အနားရထားပါတယ်။ တီလမန် ကလည်း ပုံစံကောင်း ရနေပါတယ်။ လက်စတာကို အနိုင်ရဖို့အတွက် လီဗာပူး ကွင်းလယ်ဟာ အရမ်းကို အရေးပါပါလိမ့်မယ်။

အကယ်၌ လီဗာပူးတို့ လက်စတာရဲ့ တိုက်စစ်လမ်းကြောင်း တွေကို မပိတ်နိုင်ဘူးဆိုရင် ဗာဒီဟာ အဓိက ခံစစ်မှုးတွေ မရှိတဲ့ လီဗာပူးရဲ့ high line ကို ဖောက်ထွက် နိုင်မှာ ဖြစ်ပါတယ်။ ဒါဆိုရင်တော့ လီဗာပူးတို့ အတွက် နာကျင်စရာတွေ ဖြစ်လာပါလိမ့်မယ်။ အကယ်၌ လီဗာပူးတို့ ဒီစမ်းသပ်မှုကို ဒီလို အားနည်းနေတဲ့ ခံစစ်နဲ့ ကျော်လွှား နိုင်ခဲ့မယ်ဆိုရင် သူတို့ဟာ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ တကယ့် ထိပ်တန်းအသင်းလို့ ဆိုသွားရမှာပါ။” လို့ ဆိုသွားပါတယ်။

အီရန်ရိုက်က ယာဂန်ကလော့ရဲ့ အားနည်းနေတဲ့ အသင်းသာ လက်စတာကို နိုင်သွားခဲ့မယ် ဆိုရင် လီဗာပူးနဲ့ ကျန်အသင်းတွေကြား ကွာဟချက် ဘယ်လောက် ကြီးမားသလဲဆိုတာ သိနိုင်တယ်လို့ ဆိုခဲ့ပါတယ်။

အီရန်ရိုက်က ”အကယ်၌ လီဗာပူးသာ ဒီလို ဒဏ်ရာပြဿနာတွေနဲ့ လက်စတာကို နိုင်သွားခဲ့မယ်ဆိုရင် ကျွန်တော်တို့ အနေနဲ့ ဒီအသင်းဟာ အမြင့်ဆုံး အဆင့်မှာ ကာလရှည် ရပ်တည်နိုင်မယ့် အသင်းဆိုပြီး ပြောနေရမှာပါ။ ဘာလို့လဲဆိုတော့ သူတို့ဟာ နက်ဖီးလစ် ၊ ရီးစ်ဝီလီယံ ၊ မီနာ တို့ကို နောက်တန်းမှာ အသုံးပြုပြီး ဟာကွက်ကို ပိတ်ဆို့ သွားရမှာ ဖြစ်လို့ပါ။ ဒီလိုကစားသမားတွေဟာ ကာလရှည် အကောင်းဆုံး လုပ်သွားရမယ့် အပြင် ဂျိုတာ ကလည်း တိုက်စစ်မှာ လုပ်ပြနိုင်မှာပါ။ သူတို့ ဒီလက်စတာ အသင်းနဲ့ ပွဲမှာ အတူတကွ လုပ်နိုင်ကြမလား?

ဘရန်ဒန်ရော်ဂျာ ကလည်း သူတို့ ဒီရာသီမှာ ပရီးမီးယားလိဂ် ဖလား ဆွတ်ခူး နိုင်ဖို့ အခွင့်အရေး ရှိနေတယ်ဆိုတာကို သိနေမှာပါ။ သူပိုင်ဆိုင်ထားတဲ့ လူစာရင်းနဲ့ သူ့ရဲ့ နည်းပြ အရည်အသွေးပေါ် ယုံကြည် နေမှာပါ။ ဒါဟာ တော့တင်ဟမ် Vs မန်စီးတီး ပွဲလိုမျိုးပဲ ဒီတစ်ပတ်ရဲ့ အရေးကြီးပွဲ တစ်ပွဲပါ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular