အချိန်တိုင်း တိုးတက်အောင် ကြိုးစားဖို့ လှုံ့ဆော် ပေးနေတဲ့ စပါယ်ရှယ် ကစားသမား နှစ်ဦး ရှိကြောင်း ပြောလိုက်တဲ့ ဘရူနို ဖာနန်ဒက်စ်

မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ အားထား ရတဲ့ ကွင်းလယ် ကစားသမား ဖြစ်သူ ဘရူနို ဖာနန်ဒက်စ် က အမြဲတမ်း တိုးတက် ကောင်းမွန်ဖို့ အားသန် နေခဲ့တဲ့ လက်ရွေးစင် အသင်းဖော် ခရစ္စတီယာနို ရော်နယ်ဒိုက အမြဲတမ်း ကြိုးစား နေဖို့ သူ့ကို လှုံ့ဆော် ပေးနိုင် ခဲ့ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

ဘရူနို ဖာနန်ဒက်စ်ဟာ လက်ရှိ ဘောလုံး ရာသီ အတွင်း မန်ချက်စတာ ယူနိုက်တက် အသင်း အတွက် ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ကိုယ်တိုင် 10 ဂိုး သွင်းယူ ပေးထားခဲ့ပြီး အသင်းဖော်တွေ အတွက် 7 ကြိမ် အထိ ဂိုး ဖန်တီး ပေးခဲ့ကာ အမှတ်ပေး ဇယား အဆင့် 2 နေရာ အထိ တက်လှမ်း နိုင်အောင် ကူညီ ပေးထား နိုင်ခဲ့ ပါတယ် ။

myan789

ဘရူနို ဖာနန်ဒက်စ်က မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ရောက်ရှိ လာခဲ့တဲ့နောက် ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အသင်း အတွက် 29 ပွဲ အထိ ကစား ပေးထားခဲ့ပြီး 18 ပွဲ နိုင် ၊ 8 ပွဲ သရေ ၊ ရှုံးပွဲ 3 ပွဲသာ ထွက်ပေါ်အောင် ကူညီ ပေးထား နိုင်ခဲ့သူပဲ ဖြစ်ပါတယ် ။ ဒါ့အပြင် လက်ရှိ ယူနိုက်တက်တို့ 9 ပွဲဆက် ရှုံးပွဲ မရှိအောင် ကစားနိုင် ခဲ့ကြ ပါတယ် ။

အခြား တစ်ဖက် မှာတော့ ဘရူနို ဖာနန်ဒက်စ် ဟာ အသင်း အတွက် ကစားပေး ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် 29 ပွဲမှာ သွင်းဂိုး 32 ဂိုးနဲ့ တိုက်ရိုက် ပတ်သက် နိုင်ခဲ့ ပါတယ် ။ ( 18 ဂိုးသွင်း ၊ 14 ကြိမ် ဖန်တီး ) ။ အခုတော့ မက်ဆီ နဲ့ ရော်နယ်ဒို တို့ ခြေစွမ်း ကောင်းသထက် ကောင်းလာတာကို မြင်တွေ့ ရခြင်းက သူ့ကို ပိုမို တိုးတက်စေဖို့ လှုံ့ဆော် ပေးနိုင်ခဲ့ကြောင်း ဘရူနိုက ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

” အကယ်လို့ ခင်ဗျားဟာ ခရစ္စတီယာနို ရော်နယ်ဒို နဲ့ လီယွန်နယ် မက်ဆီ တို့ကို ကြည့်ရှုလိုက်မယ် ဆိုရင် သူတို့တွေဟာ အချိန်တိုင်း တိုးတက် ကောင်းမွန် နေခဲ့တာကို မြင်တွေ့ ရပါ လိမ့်မယ် ။ ဒါက ဘယ်လို လုပ်ပြီး ဖြစ်နိုင်ခြေ ရှိလာ ရတာလဲ ? နှစ်စဉ် နှစ်တိုင်း တိုးတက် ကောင်းမွန်သွားဖို့ ဆိုတာ ဖြစ်နိုင်ခြေ မရှိတဲ့ အရာပဲလို့ လူတွေက ပြောဆို နေခဲ့ကြ ပါတယ် ”

” ဒါပေမယ့် သူတို့တွေကတော့ ပိုကောင်းအောင်၊ ပိုကောင်းအောင် ၊ ပိုကောင်းအောင် ဆက်တိုက် လုပ်ဆောင် ပြနိုင်ခဲ့ကြ ပါတယ် ။ သူတို့ နှစ်ယောက် Ballon D’ Or အတွက် တိုက်ပွဲဝင် နေခဲ့ကြတာ 11 နှစ်တောင် ရှိခဲ့ပါပြီ ။ ဒီလို အဖြစ်အပျက် မျိုးက နောက်ဆို ဘယ်တော့မှ ဖြစ်လာ နိုင်မှာ မဟုတ်တော့ ပါဘူး ”

” ဒါက ဘောလုံး သမိုင်းကြောင်းမှာ နောက်ထပ် ဖြစ်လာ နိုင်မှာ မဟုတ်တော့ ပါဘူး ။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့ တွေက ဆက်တက် တိုးတက် နေကြသေးဆဲ ဖြစ်နေလို့ ပါပဲ ။ ပြီးတော့ ကျွန်တော်ဟာ ဆိုင်ရင် လက်ရွေးစင် အသင်းမှာ ခရစ္စတီယာနို ရော်နယ်ဒို နဲ့အတူ တွဲဖက် ကစားဖို့ အခွင့်အရေး တွေကိုလည်း ပိုင်ဆိုင် နေဆဲ ပါပဲ ”

” သူဟာ ဖရီးကစ် ၊ ဂိုးပေါက် ကန်သွင်းမှု ၊ ခေါင်းတိုက်ဂိုး ၊ ပင်နယ်တီ ကန်သွင်းမှု တွေမှာ အချိန်တိုင်း တိုးတက် ကောင်းမွန် လိုနေခဲ့တာကို ကျွန်တော် မြင်တွေ့ နေခဲ့ရ ပါတယ် ။ ကျွန်တော် ကလည်း အဲ့ဒီလို အရည်အသွေး တိုင်းကို လိုချင်မိ နေခဲ့ပါတယ် ။ ကျွန်တော်ဟာလည်း အချိန်တိုင်း တိုးတက်ကောင်းမွန်လိုစိတ် ရှိနေခဲ့ရ ပါတယ် ”

” ကျွန်တော်တို့ ရှုံးပွဲ ကြုံတွေ့ ကြတဲ့ အခါတိုင်း သူက တိုးတက် ကောင်းမွန်ဖို့ လိုအပ် နေသေးတယ် ဆိုတာကို သိရှိ နေသူ ဖြစ်ခဲ့ရ ပါတယ် ။ နိုင်ပွဲ ရတဲ့ အခါမှာလည်း သူဟာ ဘာတွေ ကောင်းအောင် လုပ်နိုင်ခဲ့သလဲ ဆိုတာကို ပြန်လည် လေ့လာ ဆန်းစစ်ပြီး အဲ့တာကို ပိုကောင်းအောင် ဘယ်လို ထပ်ပြီး မြှင့်တင်ရမလဲ ဆိုတာကို တွေးတော နေလေ့ ရှိတတ်ခဲ့ ပါတယ် ”

” ဘဝမှာ ကြုံတွေ့ နေခဲ့ရတဲ့ အရာရာတိုင်းမှာ ခင်ဗျား အနေနဲ့ တိုးတက် ကောင်းမွန်ဖို့ လိုအပ် ပါတယ် ။ ပြီးတော့ ခင်ဗျားဟာ အဆိုးဆုံး မဟုတ်ဘူး၊ အကောင်းဆုံးလည် မဟုတ်သေးဘူး ဆိုတာကို သိရှိ နားလည်ဖို့လည်း လိုအပ် နေပါဦးမယ် ။ ခင်ဗျား ရှေ့ဆက် လုပ်ဆောင်ရမယ့် အရာကတော့ အချိန်တိုင်း တိုးတက် ကောင်းမွန် နေဖို့ ပါပဲ ‘

” အဆိုးဆုံး ကစားသမား ဆိုတာက ဖြစ်နိုင်ခြေ မရှိဆုံး အရာ တစ်ခုပါ ။ ဘာလို့လဲ ဆိုတော့ ခင်ဗျား ဆီမှာ တိုးတက် ကောင်းမွန်အောင် လုပ်ဆောင်ဖို့ အချိန်တွေ ရှိနေသေးလို့ပါပဲ ။ ထိုနည်းတူ အကောင်းဆုံး ဆိုတာကလည်း ဖြစ်နိုင်ခြေ မရှိဆုံး အရာတစ်ခု ပါပဲ ။ ဘာဖြစ်လို့လဲ ဆိုတော့ အဲ့တာထက် ပိုကောင်းဖို့ ခင်ဗျား ဆီမှာ ကြိုးစားချိန် ရှိနေ သေးလို့ ပါပဲ ” လို့ ဘရူနို ဖာနန်ဒက်စ် က ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular