အက်ဖ်အေ ဖလား ချန်ပီယံ ဖြစ်ပြီးနောက် တစ်ကမ္ဘာလုံးက အာဆင်နယ် ပရိသတ်တွေကို သတင်းစကားပါးလိုက်တဲ့ နည်းပြ အာတီတာ

အာဆင်နယ် အသင်း နည်းပြ မီခေးလ် အာတီတာ က အက်ဖ်အေ ဖလား ချန်ပီယံဆု ရရှိပြီးနောက် အားပေးကြတဲ့ ပရိသတ်တွေ အားလုံးကို ကျေးဇူး တင် စကားဆိုလိုက်ပြီး ဒီဆုဖလား အောင်မြင်မှုဟာ ကောင်းမွန်တဲ့ အစပြုမူ တစ်ခု ပြောကြား လိုက်ပါတယ် ။

အမ်မရီ နေရာမှာ အစားထိုးခန့်အပ်ခြင်း ခံရတဲ့ အာတီတာ ဟာ နည်းပြ အတွေ့အကြုံ လုံးဝ မရှိသူ ဖြစ်ပေမယ့် သူ့ရဲ့ နည်းပြ ဘဝ ပထမဆုံး ရာသီမှာတင် အက်ဖ်အေ ဖလား ချန်ပီယံဆုကြီးကို အာဆင်နယ် ပရိသတ်တွေ အတွက် ရယူ ပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ် ။

myan789

အာတီတာ ဟာ ကစားသမား ဘဝ တုန်းကလည်း အာဆင်နယ် အသင်း နဲ့ အတူ အက်ဖ်အေ ဖလား နှစ်ကြိမ် တိတိ ရယူ နိုင်ခဲ့သူ ဖြစ်ပြီး နည်းပြ ဘဝ ပထမဆုံး ရာသီမှာလည်း အက်ဖ်အေဖလား ရယူ နိုင်ခဲ့တာကြောင့် မျက်နှာပန်း လှသွားခဲ့ပြီ ဖြစ်ပါတယ် ။

အာတီတာ ဟာ အာဆင်နယ် အသင်း အတွက် အသင်းခေါင်းဆောင် အဖြစ်နဲ့ကော ၊ နည်းပြ အဖြစ်နဲ့ပါ အက်ဖ်အေ ဖလားကို ကိုင်မြှောက်နိုင်ခဲ့တဲ့ ပထမဆုံးသူ ဖြစ်လာ ခဲ့ပါတယ် ။ပွဲအပြီးမှာတော့ အာတီတာ ဟာ တစ်ကမ္ဘာလုံးက အာဆင်နယ် ပရိသတ်တွေကို အခုလို သတင်းစကားပါးသွားခဲ့ပါတယ် ။

” တကယ့်ကို ကောင်းမွန်တဲ့ အစပြုမူပါပဲ ၊ ကျွန်တော် ဒီအသင်း တံခါးပေါက်ကို စတင် ဖြတ်သန်းခဲ့တဲ့ ပထမနေ့ကတည်းက အားပေး လက်ခံကြတဲ့ ပရိသတ်တွေ အားလုံးကို အများကြီး ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ် ။ ”

” ကျွန်တော်တို့ အသင်းရဲ့ တောင်းဆိုမှုက အရမ်း မြင့်မားတယ်ဆိုတာ အပြည့်အဝ နားလည် သဘောပေါက်ပါတယ် ။ ကျွန်တော့် အနေနဲ့ ဒီတောင်းဆိုမှုတွေကို ဖြည့်ဆည်း ပေးချင်ပါတယ် ၊ပရိသတ်တွေ အများကြီး မျှော်လင့် ထားကြတာကို သိသလို ဒီဖလားကလည်း သူတို့ အတွက်ပါပဲ ။ ”

” ပရိသတ်တွေ ပျော်ရွှင်အောင် ၊ ကိုယ့်အသင်း နဲ့ ကစားသမားတွေ အတွက် ဂုဏ်ယူနိုင်အောင် လုပ်ပေး နိုင်ခဲ့ပါပြီ ။ ပရိသတ်တွေ အနေနဲ့ ဒီ အောင်မြင်မှုကို တစ်ယောက် နဲ့ တစ်ယောက် အကွာအဝေးလေး ထားပြီး အောင်ပွဲခံစေချင်ပါတယ် ၊ သူတို့ အတွက်ပဲ ဒီဖလားကို အရယူပေးခဲ့တာပါ ။ ”

” ကျွန်တော် အသင်းကို စရောက်ကတည်းက လုပ်ခဲ့ရတဲ့ mission က တစ်ခုပဲ ရှိပါတယ် ၊ ဘာလဲဆိုတော့ ကစားသမားတွေ ၊ ဝန်ထမ်းတွေကို ကျွန်တော်တို့ လုပ်နိုင်တယ် ဆိုတဲ့ ယုံကြည်မှု ရလာအောင်ပါ ။ ကျွန်တော်တို့ စိတ်ဓာတ် ပိုင်းဆိုင်ရာ ကော ခံယူချက်ကော ပြောင်းလဲ နိုင်ခဲ့ပါတယ် ။ ”

” ကစားသမားတွေ အားလုံး အဝတ်လဲခန်း အတွင်းမှာ အတူ အောင်ပွဲ ခံနေကြတာကို မြင်ရတာ တကယ့်ကို ဂုဏ်ယူမိပါတယ် ။ ဒီဖလား အောင်မြင်မှုရဲ့ နောက်ဆက်တွဲ အဖြစ် နောက်ထပ် ဖလားတွေ အတူတကွ ရယူနိုင်ဦးမယ်လို့ ထင်ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular