အက်ဒ် ဝုဒ်ဝက် ရဲ့ အကြောက်တရားအောက်မှာ ပေးဆပ်ရတော့မယ့် မန်ယူနိုက်တက် ပရိသတ်တွေရဲ့ ပျော်ရွှင်မှုများ

ဂျေဒန် ဆန်ချို ကို ယူနိုက်တက် တို့ မခေါ်တော့ ပါဘူး ။ ဈေးကြီးလို့ ပါတဲ့ ။ ပေါင် သန်း ၁၀၀ ကို တစ်လုံး တစ်ခဲတည်း တောင်းလို့ ပါတဲ့ ။ အမှန်တော့ ဒါတွေက အကြောင်း ပြချက်ပါ ။ အဓိကက အက်ဝုဒ်ဝက် ကြောက်နေ လို့ပါပဲ ။ ကိုဗစ် ကာလ စီးပွားရေး ကြပ်တည်း နေချိန် မှာ ဆန်ချို ဆီ ကနေ ငွေရ ပေါက် နည်းနိုင်တယ် လို့ တွက်ထားပြီး အရင်း မကြေမှာ ကို စိုးရိမ် နေလို့ အခုလို လျှော်သွားတာ ဖြစ်ဖို့ များပါတယ် ။

အစကတော့ ဆန်ချို ကို ဝယ်မယ် ၊ ဆန်ချို ကို ဦးစားပေးမယ် ၊ ဆန်ချို မောလာရင် ဂရင်းဝုဒ် ထည့်မယ် ၊ ဆန်ချို နာသွားရင် ဂရင်းဝုဒ် ကို သုံးမယ် ဆိုပြီး ဆန်ချို စီမံကိန်းတွေ ရေးခဲ့ တာပါ ။ အခုကျတော့မှ ဆန်ချို က ဈေးကြီးတယ် ဖြစ်သွား ရပါတယ် ။ ဒေါ့မွန် က အစ ကတည်းက ဒီဈေးနဲ့ ခေါ်ထားတာပါ ။ နိုင်ငံတကာ အာကာသစခန်းထဲက လူတွေတောင် ဒါကို သိပါတယ် ။

myan789

ကိုဗစ် ကြောင့် ငွေမသုံးချင်ဘူး တဲ့လား ? အေဘရာမိုဗစ် ကြီးက အာဇာနည် လေသံနဲ့ ရယ်နေ မှာပါ ။ ရှင်းရှင်း ပြောရရင်တော့ ဝုဒ်ဝက် အကြောက်ကြီး နေတာပါ ။ ဘဏ္ဍာရေး ရှင်းတမ်းမှာ အနှုတ်ပြမှာ ကို အရမ်း ကြောက် နေတာလို့ ပြောရင် လွဲနိုင်ချေ သိပ်မရှိပါဘူး ။ ဘာလို့လည်း ဆိုတော့ သူက စီးပွားရေး သမား ဖြစ်လို့ ပါပဲ ။

ဒါနဲ့ ယူနိုက်တက် ရဲ့ ဆန်ချို Plan B ကို သွားပြီး တီးခေါက် ကြည့်မိ ပါတယ် ။ ဘေးလ် ၊ ပါရီဆစ် ၊ ဒေါက်ကလပ် ကော်စတာတ တို့ပါ ။ ကွီး ၃ ယောက် ရဲ့ အနေအထားက အားရ စရာ မရှိပါဘူး ။ မနှစ်က သုံးခဲ့တဲ့ ဂရင်းဝုဒ် နဲ့ သူမသာ ကိုယ်မသာ ပါပဲ ။ ဂရင်းဝုဒ် ထက်တောင် နိမ့်သေးတယ် လို့ ပြောရမှာပါ ။

မယုံရင် ပြထားတဲ့ ပုံကို ကြည့်ပါ ။ ပွဲ ကစားတဲ့ အရေအတွက် နဲ့ မိနစ် မှာ ဂရင်းဝုဒ် က အပုံကြီး သာပါတယ် ။ ဒေါက်ကလပ် ကော်စတာ ဆိုရင် စီးရီးအေ မှာ လူစားချည်း ဝင် ကစားခဲ့ရ တာပါ ။ ပါရီဆစ် က မဆိုးဘူးလို့ ပြောလို့ ရပါတယ် ။ ဒါပေမယ့် ဂရင်းဝုဒ် နဲ့တော့ အပြတ်အသတ် ပါပဲ ။ ဥရောပပွဲတွေ ကတော့ ချန်ပီယံလိဂ် နဲ့ ယူရိုပါလိဂ် မို့ မနှိုင်းတော့ ပါဘူး ။

သွင်းဂိုး . . . ကွီး ၃ ယောက်ရဲ့ ပြည်တွင်းလိဂ် သွင်းဂိုးပေါင်း က မေဆင် လေး တစ်ယောက်တည်းကို မမီ ပါဘူး ။ ဖန်တီးမှု မှာတော့ ၃ ယောက် စလုံး မေဆင် ဂရင်းဝုဒ် ထက် သာပါတယ် ။ ဒါပေမယ့်လည်း ၁ လုံး ၂ လုံးရယ်ပါ ။ ဒီတော့ ဒီ ဦးလေးတွေ ဆီကနေ တစ်ရာသီ ကို ဖန်တီးမှု ၁၀ ကြိမ် ၁၅ ကြိမ်လောက် ရနိုင်မှာ မဟုတ်တာ အသေအချာပါပဲ ။

တစ်ပွဲ ပျမ်းမျှ ကန်ချက် ( Shoot per game ) မှာလည်း ဘေးလ် တစ်ယောက်သာ ဂရင်းဝုဒ် ထက် သာပါတယ် ။ ကျန်တဲ့သူတွေ က သိပ်မဟုတ်ပါဘူး ။ ဘေးလ် ကလည်း ကန်သာ ကန်တာပါ ၊ မဂိုးပါဘူး ။ မေဆင် လေးထက် ကွီး ၃ ယောက် စလုံး သာတာ ဆိုလို့ Key Pass ပဲ ရှိပါတယ် ။ ဒါမျိုးကတော့ နည်းစနစ်ပိုင်း အားနည်းတဲ့ ကောင်လေး ဂရင်းဝုဒ် မလိုက်နိုင်သေး ပါဘူး ။ သင်ယူရဦးမှာပါ ။

အသက် အရွယ် ကိုလည်း ထည့်တွက် ရဦးမှာပါ ။ မေဆင် က ၁၉ ပြည့်လုနီးပဲ ရှိပါသေးတယ် ။ အဆုတ်တွေ ကျယ်ဦး ၊ ကြွက်သားတွေ တက်ဦးမှာပါ ။ ကွီးတို့ ၃ ယောက်က ၃၁ တွေချည်းပါ ။ EPL မှာတော့ လူအိုတန်းလို့ ပြောလို့ရ ပါတယ် ။ ဒဏ်ရာ ရနိုင်ချေက ဂရင်းဝုဒ် ထက် ပိုများမှာပါ ။

ခြုံကြည့်ရင်တော့ ပါရီဆစ် က ၃၁ နှစ်သားတွေ ထဲမှာ အသင့်တော်ဆုံး လို့ ပြောနိုင်ပါတယ် ။ ဒါပေမယ့် သူတို့ က ပွဲထွက်ခွင့် ကို တောင်းမှာပါ ။ ဂရင်းဝုဒ် နဲ့ သိပ်မကွာတဲ့ သူတွေကို ခေါ်ပြီး ဂရင်းဝုဒ် ကို ခေါက်ထားတာ ကတော့ သိပ်မဟုတ်ဘူးလို့ ပြောရ မှာပါပဲ ။ ရေတို ခေါ်လည်း ဒီလူတွေ က ဖလားယူ ပေးနိုင်တဲ့ သူတွေ မဟုတ်ပါဘူး ။

အပြောင်း အရွှေ့က ပိတ်ဖို့ သိပ်မကျန် တော့ပါဘူး ။ အခုထိ ယူနိုက်တက် က ဆန်ချို စီမံကိန်း နဲ့ ချာလည် ပတ်လည် လည်နေတုန်းပါ ။ ခံစစ်မှူး အသစ် ခေါ်ဖို့ ကို ခုထိ အကောင်အထည် မဖော်ရ သေးပါဘူး ။ ဒါမှ မဟုတ် အစကတည်းက အစီအစဉ်ကို မရှိတာလည်း ဖြစ်နိုင်ပါတယ် ။

ဘယ်နောက်ခံလူ ကလည်း ရီဂွှီလွန် နဲ့ မြှားထား ပါတယ် ။ ဒါပေမယ့် ရီးရဲ က ပြန်ဝယ်ကြေး ထည့်ထားတယ် ဆိုပြီး အကြောင်းပြချက် က အဆင်သင့်ပါ ။ ဘယ်နေ့ လျောချ သွားဦးမလဲ မသိပါဘူး ။ မခေါ်ဖြစ်ရင်တောင် သူ့ကြောင့် မဟုတ် ၊ ရီးရဲကြောင့် ဆိုပြီး လက်ညှိုးထိုးဦးမယ့် လူစားမျိုးပါ ။ သိပ်ကို ပါးနပ် ပါတယ် ။ ပရိသတ်တွေ ကတော့ တနုံ့နုံ့ နဲ့ ကျန်ခဲ့ ရမှာပါ ။

ဒီလူစာရင်း နဲ့ ယူနိုက်တက် တို့ ဘာမှ ဖြစ်မလာပါဘူး ။ မနှစ်က ယူရိုပါလိဂ် ဖိုင်နယ် ကို မတက် တာ အဲ့ဒါ ကြောင့်ပါပဲ ။ ဒါကို ဒီနှစ်လည်း ထပ်ပြီး မိုက်မဲ မယ်ဆိုရင်တော့ ရာသီအကုန်မှာ ဘယ်သူမှ မပျော်ရဖို့ များနေ ပါပြီ ။ ဘာလို့လည်း ဆိုတော့ ပြိုင်ဘက်တွေက ပိုပြီး အားကောင်း သထက် အားကောင်း လာလို့ပါ ။

အပြောင်း အရွှေ့ ပိတ်ဖို့ ၁၆ ရက်လောက်ပဲ လိုပါတော့တယ် ။ ဒီအတိုင်းသာ ပြီးသွားမယ် ဆိုရင်တော့ ယူနိုက်တက် ပရိသတ်တွေ အတွက် ဒီရာသီမှာ လုပ်စရာ တစ်ခုပဲ ရှိပါတယ် ။ အဲ့ဒါက သူများတွေကို အားကျ ဖို့ ပါပဲ . . .

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular