အက်စတွန် ဗီလာနဲ့ ပွဲစဉ်မှာ အထူး ပုံစံကောင်း ပြသနိုင်ခဲ့တဲ့ အသင်းဖော် ပေါ့ဂ်ဘာ အပေါ် ကြိုတင် ခန့်မှန်းမှု ပြုလုပ် လိုက်တဲ့ ဘရူနို ဖာနန်ဒက်စ်

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနေ့ နံနက် မှာတော့ အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲမှာ ဒင်းန်စမစ် ဦးဆောင်တဲ့ ပြိုင်ဖက်ကောင်း အက်စတွန် ဗီလာ အသင်း ကို ဧည့်ခံ ကစားခဲ့ပြီး 2 – 1 ဆိုတဲ့ ရလဒ် ရယူ နိုင်ခဲ့ကာ 2021 ခုနှစ်ကို နိုင်ပွဲနဲ့ လှလှပပ ဖွင့်လှစ် သွားနိုင်ခဲ့ ပါတယ် ။

အဆိုပါ ပွဲစဉ် မှာတော့ ယူနိုက်တက် အသင်း အတွက် တိုက်စစ်မှူး မာရှယ်က ပွဲချိန် မိနစ် 40 မှာ ကတည်းက ဦးဆောင်ဂိုး သွင်းယူ ပေးနိုင်ခဲ့ ပါတယ် ။ ဒါပေမယ့် ဒုတိယပိုင်း 58 မိနစ်မှာ အက်စတွန် ဗီလာ အသင်း ဖက်မှ ထရာအိုရေး က ခြေပဂိုး ပြန်လည် သွင်းယူ သွားနိုင်ခဲ့ ပါတယ် ။

myan789

ဒါပေမယ့် သုံးမိနစ် အကြာမှာပဲ ဒေါက်ကလပ် လူးဝစ် က ပေါ့ဂ်ဘာကို ဂိုးဧရိယာထဲ ပြစ်ဒဏ် ကျူးလွန် ခဲ့တဲ့ အတွက် ယူနိုက်တက် တို့ဟာ ပင်နယ်တီ ရရှိခဲ့ ကြပြီး အဆိုပါ ပင်နယ်တီကို ဘရူနို ဖာနန်ဒက်စ် က အမှားအယွင်း မရှိ ဂိုးအဖြစ် ပြောင်လဲ နိုင်ခဲ့တဲ့ အတွက် ယူနိုက်တက်တို့ ပြန်လည် ဦးဆောင် နိုင်ခဲ့ကြ ပါတယ် ။

အဲ့ဒီနောက် နှစ်ဖက် အသင်းဟာ ဂိုး ဆက်လက် သွင်းယူ နိုင်ဖို့ မစွမ်းနိုင် ခဲ့ကြတဲ့ အတွက် ပွဲစဉ် ဟာ 2 – 1 ဆိုတဲ့ ရလဒ် နဲ့ပဲ ပြီးဆုံး သွားခဲ့ရ ပါတယ် ။ ဒီပွဲမှာတော့ ကွင်းလယ် တိုက်စစ်ပိုင်း အဓိက ထားပြီး ကစားခဲ့ ရတဲ့ ပြင်သစ် လက်ရွေးစင် ပေါလ် ပေါ့ဂ်ဘာဟာ အထူး ပုံစံကောင်း တွေကို ပြသ သွားနိုင်ခဲ့ ပါတယ် ။

ပေါ့ဂ်ဘာဟာ တိုက်စစ်ပိုင်းမှာ ဂိုးပေါက် ခြိမ်းခြောက်မှု ၊ အခွင့်အရေး ဖန်တီးမှု တွေကို လုပ်ဆောင် ပေးခဲ့ရုံ သာမက လိုအပ်တဲ့ အချိန် တွေမှာ အလျင်းသင့် သလို ခံစစ် ဆင်းပြီး ဘောလုံး လုယူမှု ၊ ဖြတ်ထုတ်မှု ၊ ခေါင်းတိုက် ရှင်းထုတ်မှု တွေကိုလည်း အကောင်းဆုံး ကြိုးစား လုပ်ဆောင် ပေးသွားနိုင်ခဲ့ ပါတယ် ။

အခုတော့ ပွဲစဉ် အပြီး သတင်းစာ ရှင်းလင်းပွဲမှာ ယူနိုက်တက် ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်က အသင်းဖော် ပေါလ် ပေါ့ဂ်ဘာဟာ ဒီနေ့ အကောင်းဆုံး စွမ်းဆောင်ရည် ပြသခဲ့ကြောင်း ၊ သူဟာ ဆက်လက် တိုးတက် ကောင်းမွန် လာဖို့ပဲ ရှိနေကြောင်း ပြောကြားရင်း ချီးကျူးမှု တွေကို လုပ်ဆောင် သွားခဲ့လိုက် ပါတယ် ။

” ဒီနေ့ ပွဲစဉ် မှာတော့ ပေါ့ဂ်ဘာဟာ ထိပ်တန်း စွမ်းဆောင်ရည် တွေကို ပြသ နိုင်ခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ် ။ အသင်းရဲ့ အဖွင့်ဂိုးမှာ သူဟာ ကောင်းမွန်တဲ့ ဘောလုံး စကေး တွေကို ပြသ သွားနိုင်ခဲ့ပါတယ် ။ သူ့ဆီမှာ ဒီလို အရည်အသွေးတွေ ရှိနေတယ် ဆိုတာ ကျွန်တော်တို့ သိကြ ပါတယ် ။ ဒီအတွက် တစ်ခါမှ သံသယ မဖြစ်ခဲ့ကြ ပါဘူး ”

” သူဟာ ဘောလုံး ကစားရင်း ကျွန်တော်တို့ တွေကို ကူညီ ပေးနိုင်တယ် ဆိုတာ ကျွန်တော်တို့ သိကြ ပါတယ် ။ သူဟာ အကောင်းဆုံး ပုံစံ ပြသနိုင်စွမ်း ရှိသူ တစ်ယောက်ပါ ။ ဒါကို ဒီညမှာ သက်သေ ပြသွား နိုင်ခဲ့ ပါတယ် ။ သူဟာ အသင်းရဲ့ သွင်းဂိုး နှစ်ဂိုးလုံးမှာ ပါဝင် ပတ်သက် နိုင်ခဲ့ ပါတယ် ”

” ကျွန်တော်တို့ ရရှိခဲ့ကြတဲ့ ပင်နယ်တီမှာ ဆိုရင် သူဟာ ဘောလုံးကို ကာဗာ လုပ်နိုင်ခဲ့ပြီး ပြိုင်ဖက် တွေကို ကျော်ဖြတ် ပြနိုင်ခဲ့ ပါတယ် ။ ပွဲစဉ်တွေ ကစားရင်း သူဟာ ယုံကြည်မှုတွေ ဆက်လက် ပိုင်ဆိုင် လာတာ နဲ့ အမျှ အသင်း အတွက် အရည်အသွေးကောင်း အများကြီး ဆက်လက် ယူဆောင် လာနိုင်ဦးမယ့်သူ ပါပဲ ” လို့ ဘရူနို ဖာနန်ဒက်စ် က ကြိုတင် ခန့်မှန်းမှု ပြုလုပ် သွားခဲ့လိုက် ပါတယ် ။

အဆိုပါ ပွဲစဉ် မှာတော့ ယူနိုက်တက် နောက်ခံလူ အဲရစ် ဘိုင်လီဟာ အကောင်းဆုံး စွမ်းဆောင်ရည် ပြသ နိုင်သူ ဖြစ်သွားခဲ့ သလို ပွဲချိန် နောက်ဆုံး မိနစ် မှာလည်း အရေးပါတဲ့ ဘောလုံး ဟန့်တားမှု လုပ်ဆောင် နိုင်ခဲ့ ပါတယ် ။ ဒါ့အပြင် ဒီဂီယာ ကလည်း ကောင်းမွန်တဲ့ ဂိုးပေါက် ကာကွယ်မှု လုပ်ဆောင် သွားနိုင်ခဲ့ ပါတယ် ။ အဲ့တာနဲ့ ပတ်သက်လို့ …

” ကျွန်တော်တို့ တွေဟာ အရေးကြီးတဲ့ အရာတစ်ခုကို တည်ဆောက် နေကြ ပါတယ် ။ ကျွန်တော်တို့ အတွက် အရေး အကြီးဆုံးက တစ်ဦးပေါ် တစ်ဦး ဂရုတစိုက် ရှိနေကြမယ့် အသင်း တစ်သင်းကို တည်ဆောက်ရေး ပါပဲ ။ ဒီနေ့မှာ အဲရစ် (ဘိုင်လီ) က အရေးကြီးတဲ့ ကာကွယ်မှု လုပ်ပြ နိုင်ခဲ့ ပါတယ် ။ အဲ့ဒီ မတိုင်ခင် ဒေးဗစ် က ထူးကဲတဲ့ ဂိုးပေါက် ကာကွယ်မှု တွေကို လုပ်ဆောင် သွားနိုင်ခဲ့ ပါတယ် ”

” ကျွန်တော်တို့ အသင်းအဖွဲ့ တစ်ခု အနေနဲ့ အခုလို တစ်စုတစည်းထဲ ရှိနေကြဖို့ လိုအပ်လှပါတယ် ။ ပွဲကြည့်စဉ် ပေါ်မှာ ၊ ပွဲစဉ် ပြီးဆုံးဖို့ 2 မိနစ်၊ 3 မိနစ် အလိုမှာ အားလုံးက ကျွန်တော်တို့ အတွက် အော်ဟစ် အားပေးမှု တွေကို လုပ်ဆောင် ခဲ့ကြ ပါတယ် ။ လူတိုင်းက အနိုင် သုံးမှတ် လိုချင် နေခဲ့ကြပြီး ကျွန်တော်တို့ နိုင်သွားခဲ့ ပါတယ် ”

” ဒါက ခက်ခဲတဲ့ ပွဲစဉ်ပါ ။ ကျွန်တော်တို့ တွေဟာ ဒီပွဲ ၊ လက်စတာနဲ့ ပွဲစဉ် တွေကနေ တစ်ဆင့် လေ့လာ သင်ယူမှု တွေကို လုပ်ဆောင် ကြရ ပါ့မယ် ။ ကျွန်တော်တို့ ပိုကောင်းဖို့ လိုအပ် နေပါတယ် ။ ကျွန်တော်တို့ ပွဲစဉ်ကို စောစီးစွာ အဆုံးသတ်နိုင်ဖို့ အခွင့်အရေး တွေကို ပိုင်ဆိုင် နိုင်ခဲ့ကြ ပါတယ် ။ အဲ့တာကို လက်တွေ့မှာ လုပ်ပြနိုင်ဖို့ လိုအပ် နေပါ သေးတယ် ” လို့ ဘရူနို ဖာနန်ဒက်စ် က အသင်းဖော် တွေကို အသိပေး သွားခဲ့လိုက် ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular