ဟာလန်း နှင့် မီထရိုဗစ် လို တိုက်စစ်မှူးမျိုး အာဆင်နယ် အသင်း ခေါ်ယူဖို့ လိုအပ်တယ်လို့ ထောက်ပြလိုက်တဲ့ ဒီဂျိုရူ

အာဆင်နယ် အသင်း နှင့် ဆွစ်ဇာလန်နောက်ခံလူဟောင်း ဒီဂျိုရူး က အာဆင်နယ် အသင်း အနေနဲ့ လာမယ့် နွေရာသီ အပြောင်းအရွှေ့ကာလမှာ ဟာလန်း ၊ မီထရိုဗစ် တို့လို ကြံ့ခိုင်မှု အားကောင်းတဲ့ တိုက်စစ်မှူးမျိုး ခေါ်ယူဖို့ လိုအပ်နေတယ်လို့ ပြောကြား လာခဲ့ပါတယ် ။

ဒီဂျိုရူး က ” ဆာကာ က အာဆင်နယ် အသင်း နဲ့ စာချုပ်သစ် ချုပ်လိုက်ပီပေါ့ဗျာ ၊ ကျနော့် မျက်စိထဲမှာတော့ သူတို့ အားလုံး ( ဆာကာ ၊ မာတင်နယ်လီ ၊ ဂျေးဇု ) က ကစားပုံ ဆင်တူကြသူတွေလို့ မြင်ပါတယ် ၊ အာဆင်နယ် အသင်း နောက်ထပ် တိုက်စစ်မှူး တစ်ဦးလောက် ထပ်ခေါ်ဖို့ လိုပါသေးတယ် ။ ဟာလန်း၊ မီထရိုဗစ် လို တိုက်စစ်မှူးမျိုးပေါ့ဗျာ ။ ”

myan789

” အမြင့်ဘော အားကောင်းပြီး ဘောလုံး ကောင်းကောင်း ကိုင်ကစား နိုင်တဲ့ တိုက်စစ်မှူးမျိုးပေါ့ဗျာ ၊ ပြိုင်ဘက် ဂိုးပေါက်ကို ကောင်းကောင်း ခြိမ်းခြောက် နိုင်တဲ့ တိုက်စစ်မူးပေါ့ ၊ ပွဲက ကစားရ အရမ်း ခက်ခဲပြီး ပြိုင်ဘက် နောက်တန်းက အာဆင်နယ် တိုက်စစ်ဆင်မှုတွေ ကို ပိတ်ဆို့တဲ့ အခါမှာ သူတို့ အဖြေရှာမတွေ့တဲ့ အခိုက်အတန့်တွေ ရှိခဲ့ပါတယ် ။ ”

” ဒါကြောင့် ကြံ့ခိုင်မှု အားကောင်းပြီး သန်မာတဲ့ တိုက်စစ်မှူးမျိုး ရှိနေခြင်း က ပြိုင်ဘက် အတွက် ပိုပြီး ခန့်မှန်းရ ခက်ခဲ စေမှာပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။ ပရီးမီးယားလိဂ် တိုက်စစ်မှူးဟောင်း ဒါရင်းဘန့် ကလည်း အာဆင်နယ် အသင်း အနေနဲ့ ချဲလ်ဆီး အသင်းမှာ နေရာ မရ ဖြစ်နေတဲ့ တိုက်စစ်မှူး လူကာကူ ကို ခေါ်ယူ သင့်ကြောင်း ပြောကြား ခဲ့ဖူးပါတယ် ။

ဒါရင်းဘန့်က လူကာကူဟာ အာဆင်နယ် အသင်း ရဲ့ လက်ရှိ တိုက်စစ်မှူး ဂါဘရီရယ် ဂျေးဇု ထက် ဂိုးပိုသွင်း ပေးနိုင်သူ ဖြစ်ကြောင်း ဆိုလိုက်တာပါ ။ ဒါရင်းဘန့် က အာဆင်နယ် အတွက် လူကာကူ ကို ခေါ်ချင်သလား ဆိုတဲ့ မေးခွန်းကို ” ဒါပေါ့ဗျာ ၊ သံသယ ဖြစ်စရာကို မရှိပါဘူး ။ ”

” လူကာကူ ကို ခေါ်ဖို့ အာဆင်နယ် က ဘယ်သူ့ကိုမှ ထုတ်စရာ မလိုပါဘူး ၊ ဒါပေမယ့် ကျနော်ကတော့ သူ့ကို အလို ရှိပါတယ် ၊ သူက ဂျေးဇု ထက် ဂိုးတွေ အများကြီး သွင်းပေး နိုင်သူပါ ၊ ဒီရာသီမှာ ဂါဘရီရယ် ဂျေးဇု လုပ်ပြ ခဲ့တာတွေက သိပ်ကောင်းတာ မှန်ပါတယ် ။ ဒါပေမယ့် တခါတလေမှာ သူ ဂိုးဧရိယာ ထဲ အဆင်သင့် မရှိနေတာမျိုးက ကျနော့်ကို စိတ်ပျက် စေပါတယ် ။ ”

” ဘောလုံး ကို ဖြတ်တင်ပေးပို့လိုက်ပေမယ့် ဘယ်သူမှ ပိတ်သွင်းဖို့ ရှိမနေတာမျိုးကို တခါတလေ တွေ့ခဲ့ရပါတယ် ၊ အဲ့အချိန်မှာ ဂျေးဇုက ဂိုးဧရိယာ အစွန်နားမှာပဲ ရှိနေတာပါ ၊ ဒါပေမယ့် လူကာကူ ကတော့ ဂိုးဧရိယာ ထဲ အမြဲ အသင့် ရှိနေသူပါ ၊ ဂျေးဇု ကို ဘယ်ခြမ်းမှာ ထားပြီး လူကာကူ ကို အလယ်မှာ ထားပါမယ် ၊ ဂျေးဇု ထက်စာရင် လူကာကူ က အထောင်တိုက်စစ် နေရာမှာ ပိုအဆင်ပြေသူပါ ။ ” လို့ ပြောကြား သွားခဲ့တာပါ ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular