ဟယ်ရီကိန်းကို ခေါ်ယူဖြစ်မလားဆိုတဲ့ မေးခွန်းအပေါ် ငြင်းဆန်မှု မပြုလုပ်ခဲ့တဲ့ ဆိုးလ်ရှား

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မနေ့ညက အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲ ပရီးမီးယားလိဂ် ပွဲစဥ် 37 အဖြစ် ဖူလ်ဟမ် အသင်းကို ဧည့်ခံ ကစားခဲ့ရပြီး တစ်ဖက် တစ်ဂိုးစီ သရေ ရလဒ်သာ ထွက်ပေါ်ခဲ့ရ ပါတယ် ။ ဒါဟာ ယူနိုက်တက် အတွက် ပရိသတ်တွေ ရှေ့မှောက် ပြန်လည် ပွဲကစားခွင့် ရရှိခဲ့ခြင်းဖြစ်ပြီး ရလဒ်ကတော့ အားရစရာ မဖြစ်ခဲ့ရပါဘူး ။

ဒီပွဲမှာတော့ ယူနိုက်တက် အတွက် အဖွင့်ဂိုးကို တိုက်စစ်မှူး ကာဗာနီက အဝေးကန်ချက်နဲ့ ရရှိခဲ့တာ ဖြစ်ပြီး ဘရိုင်ယန်က ပြန်လည်ခြေပခဲ့တဲ့အတွက် အဆုံးသတ်မှာ သရေ ရလဒ် ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ် ။ ဒါဟာ ကာဗာနီ အတွက်တော့ ဒီရာသီ ပရီးမီးယားလိဂ် သွင်းဂိုး 10 ဂိုး ပြည့်ခြင်း ဖြစ်ခဲ့ရပါတယ် ။

myan789

အခြား တစ်ဖက်မှာတော့ ယူနိုက်တက်တို့ဟာ ပြီးခဲ့တဲ့ တစ်ပါတ်ကပဲ ပုံစံကောင်း ဆက်တိုက် ပြသနေခဲ့တဲ့ ကာဗာနီကို စာချုပ် သက်တမ်း တစ်နှစ် တိုးမြှင့်ခဲ့ပါသေးတယ် ။ ဒါ့ကြောင့် ယူနိုက်တက်တို့ တိုက်စစ်မှူးသစ် မခေါ်ယူလောက်တော့ဘူးဆိုတဲ့ သတင်းတွေ ကျယ်လောင်လာခဲ့ပါသေးတယ် ။

အခုတော့ ယူနိုက်တက် ပစ်မှတ် ဖြစ်ခဲ့ဖူးတဲ့ တော့တင်ဟမ် ဟော့ စပါး အသင်းရဲ့ တိုက်စစ်မှူး ဟယ်ရီကိန်းဟာ အသင်းမှ ထွက်ခွာဖို့ ပြောထားခဲ့ပြီ ဖြစ်ကြောင်း သတင်းတွေ ကျယ်လောင် လာခဲ့တဲ့နောက် ယူနိုက်တက် တို့ဟာ သူ့ကို ခေါ်ယူနိုင်ခြေ ရှိကြောင်း သတင်းတွေ ထွက်လာခဲ့ရပါတယ် ။

အခုတော့ ဖူလ်ဟမ် နဲ့ ပွဲစဥ် အပြီးမှာ သတင်းထောက်က စပါး တိုက်စစ်မှူး ဟယ်ရီကိန်းကို ယူနိုက်တက်တို့ ခေါ်ယူနိုင်ခြေ ရှိနေသလားလို့ မေးမြန်းလိုက်တဲ့ အချိန်မှာတော့ အိုလီ ဂန်နာ ဆိုးလ်ရှား က အသင်းကို ဆက်လက် တောင့်တင်းအောင် လုပ်ဆောင်သွားဖို့ ရှိကြောင်း ပြောကြားရင်း ငြင်းဆန်မှု မလုပ်ခဲ့ ပါဘူး ။

” နိုး ၊ ကာဗာနီ စာချုပ် သက်တမ်း တိုးလိုက်တဲ့ အတွက် ကျွန်တော်တို့ တိုက်စစ်မှူး မခေါ်တော့ဘူးလို့ ပြောလို့ မရနိုင်ပါဘူး ။ဟုတ်ပါတယ် ၊ အီဒီ စာချုပ် သက်တမ်း တိုးခဲ့ပါတယ် ။ ဒါပေမယ့် အရင်တုန်းက ကျွန်တော်တို့ အသင်းမှာ တိုက်စစ်မှူး ဘယ်လောက်အထိ ရှိခဲ့ကြသလဲ ? ”

” ကျွန်တော်တို့ တိုက်စစ်မှူး မခေါ်ဘူးလို့ ကျွန်တော်တော့ မပြောနိုင် ပါဘူး ။ ကျွန်တော်တို့ဟာ ပိုကောင်းတဲ့ အသင်း တစ်သင်းကို တည်ဆောက်နေကြတာပါ ။ ကျွန်တော်တို့ နှစ်နှစ်ဆက် ထိပ်သီး သုံးသင်း စာရင်းထဲ ဝင်ရောက် နိုင်ခဲ့ကြ ပါတယ် ။ ဒါပေမယ့် အခုထိ ကျွန်တော်တို့ ရှိနေချင်တဲ့ နေရာကို မရောက်ကြသေးပါဘူး ”

” ကျွန်တော်တို့ကတော့ နောက်ရာသီ စတင်တဲ့ အခါမှာ ပိုမို တောင့်တင်းတဲ့ အသင်း တစ်သင်းနဲ့ ရာသီ စတင်ချင်ကြ ပါတယ် ။ ကျွန်တော်တို့ အရှေ့က အသင်းကို စိန်ခေါ်နိုင်စွမ်းရှိတဲ့ ၊ ပိုမို တည်ငြိမ်လှတဲ့ အသင်း တစ်သင်းကို ပိုင်ဆိုင်ချင်ကြပါတယ် ”

” ကျွန်တော်ကတော့ ကောလဟာလ သတင်းတွေ ထွက်နေတဲ့ အခြား အသင်းရဲ့ ကစားသမားတွေ (ဟယ်ရီကိန်း) အကြောင်း မပြောလိုပါဘူး ။ ကျွန်တော်ကတော့ သူတို့ရဲ့ ကစားသမား အကြောင်းကို မပြောပဲ တော့တင်ဟမ်ဟော့စပါး အသင်းအပေါ် ထိုက်တန်တဲ့ လေးစားသမှု ပြသချင်ပါတယ် ” လို့ ဆိုးလ်ရှား က ပြောကြားခဲ့လိုက်ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular