ဟယ်ရီကိန်းကို ခေါ်ယူဖို့ ကြိုးစားရန် ပရီးမီးယားလိဂ် အသင်းကြီး ၂ သင်းကို တိုက်တွန်းလိုက်တဲ့ ပေါလ်မာဆွန်

ပေါလ်မာဆွန်က မန်ချက်စတာယူနိုက်တက် အသင်း အနေနဲ့ ဟယ်ရီကိန်းကို ခေါ်ယူဖို့ လှုပ်ရှားရန် တိုက်တွန်း သွားခဲ့ပြီး အိုလီဂန်နာ ဆိုးရှား အနေနဲ့ တော့တင်ဟမ် နဲ့ အင်္ဂလန် တိုက်စစ်မှုးကို အိုးထရပ်ဖို့ဒ်ထံ ခေါ်ယူဖို့ မကြိုးစားတဲ့ အပေါ် သူ့အနေနဲ့ မယုံနိုင်လောက်အောင် ဖြစ်မိတယ်လို့ ဆိုလိုက် ပါတယ်။ ကိန်းဟာ စပါး အတွက် ၂၈၈ ပွဲမှာ ၁၈၈ ဂိုးထိ သွင်းယူ ပေးထား ခဲ့သူ ဖြစ်ပြီး ယခု နွေရာသီ အစောပိုင်းမှာ မန်ယူနိုက်တက်ရဲ့ ချိတ်ဆက်ခြင်းကို ခံနေရတယ်လို့ သတင်း တစ်ချို့ ထွက်ပေါ် ခဲ့ပါတယ်။

ဒါပေမယ့်လည်း ဒီသတင်းတွေဟာ တစ်ဖြည်းဖြည်း မှေးမှိန်း သွားခဲ့ပြီး ယူနိုက်တက်ဟာ အခုချိန်မှာ အိုင်ယက်မှ ဗန်ဒီဘိ ကို ခေါ်ယူ ထားခဲ့ အပြင် ဆာဂျီယိုရယ်ဂီလွန် နဲ့ ဂျေဒွန်ဆန်ချို တို့ကို ခေါ်ယူရန် လှုပ်ရှားမှုတွေ ပြုလုပ် နေခဲ့ ပါတယ်။ မာဆွန်က မန်ယူနိုက်တက်ဟာ အထောင် တိုက်စစ်မှုးသစ် မဖြစ်မနေ လိုအပ်တယ်လို့ ဆိုလိုက်ပြီး ကိန်းကို ခေါ်ယူဖို့ ကြိုးစား သင့်တယ်လို့ အကြံ ပေးခဲ့ပါတယ်။

myan789

“ကျွန်တော်ဟာ ဟယ်ရီကိန်းရဲ့ တကယ့် အမာခံ ပရိတ်သတ် တစ်ဦး ဖြစ်ပါတယ်။ ကျွန်တော် သူ့ကို ကြည့်ပြီး ‘တော့တင်ဟမ်မှာ သူ ဖလားကော ရပမလား’ ဆိုပြီး တွေးမိပါတယ်။ သူဟာ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှုးတွေ ထဲက တစ်ဦး ဖြစ်ပါတယ်။ ဒါပေမယ့် သူဟာ တစ်ရာသီကို ဂိုး ၃၀ သာ သွင်းယူ နေပေမယ့် ဖလား ကိုင်မြှောက် နိုင်ဖို့ အခွင့်အရေးတော့ မရပါဘူး။ အဲဒီမှာ သူ ဘာကြောင့် ရှိနေတာလဲဗျာ။

သူ့ကို ခေါ်ယူဖို့ ဘယ်သူမှ ကြိုးစားမှု မရှိတဲ့ အပေါ် ကျွန်တော် မယုံနိုင်လောက်အောင် ဖြစ်မိ ပါတယ်။ ဘာများ လွဲနေသလဲတော့ မသိပါဘူး။ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဂိုးသွင်းကောင်းတဲ့ အထောင် တိုက်စစ်မှုး တစ်ဦး တကယ့်ကို လိုအပ် နေတာပါ။ ရိုးရိုးသားသား ပြောရမယ် ဆိုရင် မန်စီးတီးလည်း ဒီအတိုင်း ပါပဲ။

အကယ်၍ ဆာဂျီယို အဂွေးရိုး ဒဏ်ရာ ရရှိ သွားခဲ့မယ် ဆိုရင် သူတို့ဟာ အခွင့်အရေး များစွာ လွဲချော် နေကြ ပါတယ်။ အဂွေးရိုးဟာ အခွင့်အရေး ၂ ကြိမ် ရရင် တစ်ကြိမ်တော့ ဂိုးဖြစ်အောင် ဖန်တီး နိုင်စွမ်း ရှိသူပါ။ ဟယ်ရီကိန်းကို ခေါ်ယူဖို့နဲ့ ပက်သက်ပြီး ဘယ်အသင်းနဲ့မှ အသံ မကြားရတာကို ကျွန်တော် နားမလည် နိုင်လောက်အောင် ပါပဲ။” လို့ ဆိုသွား ပါတယ်။

ကိန်းဟာ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှုးတွေ ထဲက တစ်ဦး ဖြစ်နေ ပေမယ့်လည်း ကစားသမား ဘဝမှာ ဆုဖလား ရရှိ ထားခဲ့ခြင်း မရှိသေးတဲ့ အပြင် ဒီရာသီ ပရီးမီးယားလိဂ် ပွဲဦးထွက် မှာလည်း အဲဗာတန်ကို ၁-၀ နဲ့ အရေးနိမ့် ခဲ့ပြီး အဖွင့်မလှ ခဲ့ပါဘူး။

ဆက်လက်ပြီး မာဆွန်က “အဲဗာတန်နဲ့ ပွဲအပြီးမှာ ဂျိုးဆေးမော်ရင်ညို က စပါးဟာ လုံလောက်တဲ့ ကြံ့ခိုင်မှု ရှိမနေဘူးလို့ ပြောခဲ့တာကို ခင်ဗျားတို့ ကြားခဲ့ ရမှာပါ။ အကယ်၍ သူတို့ ပထမဦးဆုံး ၆ ပွဲမှာ ၄ ပွဲ ၅ ပွဲသာ ရှုံးနိမ့် ခဲ့မယ် ဆိုရင် သူတို့ရဲ့ ရာသီ ပြီးသွားမှာပါ။

ဒါပါပဲ။ သူတို့မှာ ကြီးမားတဲ့ ပြသနာတွေ ရှိနေပါတယ်။ မော်ရင်ညို ကိုင်တွယ်တဲ့ အသင်းရဲ့ ကစားပုံ အရ ခင်ဗျားတို့ အနေနဲ့ စပါးတို့ ၄ ဂိုး ၅ ဂိုး သွင်းယူ နိုင်မယ့် ပွဲတွေ သိပ်ပြီး မြင်တွေ့ ရမှာ မဟုတ်ပါဘူး။ သူဟာ အသင်းကို ကြံ့ခိုင်မှု ကောင်းကောင်း နဲ့ ခံစစ်မှာ ထိုင်ကစားကာ တန်ပြန် တိုက်စစ်နဲ့ ပြန်လည် ထိုးနှက်မယ့် ပုံစံ ကစားခိုင်းမှာပါ။

အခု ကွင်းထဲမှာ ပရိတ်သတ် မရှိတာကြောင့် ဒီကစားပုံဟာ အိုကေပါတယ်။ ဒါပေမယ့် ပရိတ်သတ် ၆ သောင်း ရှေ့မှာ ဒီလို ကစား ခဲ့မယ်ဆိုရင် စပါး ပရိတ်သတ်တွေ ပျော်ရွှင်ကြမှာတော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ နှစ်အနည်းငယ်က ဖြေဖျော်မှု အပြည့် ပေးနိုင်တဲ့ ကစားဟန်တို့ သူတို့ မြင်တွေ့ ခဲ့ပြီးပါပြီ။ ပြီးခဲ့တဲ့ နှစ်တွေမှာ စပါးဟာ ဘယ်ပြိုင်ဘက်ကို မဆို ကောင်းကောင်း ယှဉ်ကစား နိုင်ပါတယ်။ ချန်ပီယံလိဂ် ဖိုင်နယ် မတိုင်မီထိပေါ့။

မန်စီးတီးလို အသင်းနဲ့ ကစားရတဲ့ အခါ ဒီလို ကစားတာကို ကျွန်တော် နားလည်ပါတယ်။ ဒါပေမယ့် အခုက အဲဗာတန်ကို အိမ်ကွင်းမှာ လက်ခံ ကစား ရတာပါ။ အကယ်၍ စပါး ပရိတ်သတ် တစ်ဦးကို ဒီပွဲကို ကြည့်နေ ခဲ့မယ် ဆိုရင် ‘ငါတို့ ဘယ်ကို သွားနေတာလဲ?’ ဆိုပြီး တွေးနေမှာပါ။ ရာသီပြီးဆုံးဖို့ အဝေးကြီး လိုသေးတယ် ဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမယ့် ဒီပုံစံ အတိုင်း ဆိုရင် သူတို့ top 4 မဝင် နိုင်ဘူး ဆိုတာ စပါး ပရိတ်သတ်တွေ ကောင်းကောင်း သိကြပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေက စပါးတို့ ရောက်ခဲ့တဲ့ အနေအထားကို စဉ်းစား ကြည့်လိုက်မယ် ဆိုရင် ဒါဟာ သူတို့ အတွက်တော့ စိတ်ပျက်စရာပါ။” လို့ ဆိုသွား ပါတယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular