သွားရောက် ကစားပေးလိုတဲ့ အသင်း အမည်ကို ထုတ်ဖော် ဖွင့်ဟလိုက်တဲ့ ယူနိုက်တက် တိုက်စစ်မှူးသစ် ကာဗာနီ

နွေအပြောင်းအရွှေ့ ဈေးကွက်ရဲ့ နောက်ဆုံး ရက်စွဲမှာ မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ပြောင်းရွှေ့ ရောက်ရှိ လာခဲ့တဲ့ ဥရုဂွေး လက်ရွေးစင် တိုက်စစ်မှူး အီဒင်ဆန် ကာဗာနီက အိုးလ် ထရပ်ဖို့ဒ် မှ ထွက်ခွာတဲ့နောက် အာဂျင်တီးနား မြေကို သွားရောက် ကစားဖို့ ရှိနေကြောင်း ဖွင့်ဟ ပြောကြား သွားခဲ့လိုက် ပါတယ် ။

PSG အသင်း နဲ့ အတူ စာချုပ် သက်တမ်း ကုန်ဆုံး သွားခဲ့လို့ အသင်း လက်မဲ့ ဖြစ်နေခဲ့ ရတဲ့ အချိန် ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် မိသားစုလိုက် ခက်ခဲတဲ့ ရက်စွဲ တွေကို ဖြတ်သန်းခဲ့ရတဲ့ ကာဗာနီဟာ သက်သာ ခဲ့တဲ့ အချိန်မှာ မန်ချက်စတာ ယူနိုက်တက် က ခေါ်ယူ ခဲ့တဲ့ အတွက် အိုးလ် ထရပ်ဖို့ဒ်ဆီ ရောက်လာ ခဲ့သူပဲ ဖြစ်ပါတယ် ။

myan789

ဒါပေမယ့် ယူနိုက်တက် အသင်းဆီ မပြောင်းရွှေ့မီမှာ သူ့ကို ခေါ်ယူ လိုချင်တဲ့ ထိပ်သီး ကလပ်တွေ များစွာ ရှိခဲ့ကြ ပါတယ် ။ အဆိုပါ အသင်းတွေ အနက် ဟွမ် ရိုမန် ရီကွယ်မီး ကိုင်တွယ် နေခဲ့တဲ့ အာဂျင်တီးနား ထိပ်သီး ဘိုကာ ဂျူနီယာ အသင်းလည်း ပါဝင်ခဲ့ပါ သေးတယ် ။

ကာဗာနီက ရီကွယ်မီး ရဲ့ လေးစားသမှု အပြည့် ပါဝင်တဲ့ ကမ်းလှမ်းမှု ကို ငြင်းဆန် သွားခဲ့ ပေမယ့် အနာဂတ် မှာ အာဂျင်တီးနား အခြေစိုက် ကလပ်ဆီ သွားရောက် ကစားပေးဖို့ ဆန္ဒ ရှိနေကြောင်း ESPN ရဲ့ အင်တာဗျူး အစီအစဉ် မှာ ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

” ရိုမန် ( ရီကွယ်မီး ) က လေးစားသမှု အပြည့် နဲ့ ကျွန်တော့်ဆီ စာပို့ခဲ့ ပါတယ် ။ အသင်း လက်မဲ့ ဖြစ်နေခဲ့တဲ့ အနေအထား တစ်ရပ်မှာ ကျွန်တော့် အခြေအနေ ဘယ်လို ရှိနေလဲ ဆိုတာကို သူ သိချင် နေခဲ့ ပါတယ် ။ သူဟာ အဆင်ပြေ နိုင်မယ့် လစာငွေ နဲ့ အတူ လေးလေးစားစား စကား ပြောဆိုခဲ့ ပါတယ် ”

” ဘိုကာက ကမ္ဘာ့ ထိပ်သီး ကလပ် အသင်း တစ်ခုပါ ။ ဘောလုံးသမား တိုင်းက အဲ့ဒီမှာ ကစားချင်စိတ် ရှိတတ်ကြ ပါတယ် ။ အဲ့ဒီမှာ ဘောလုံး ကစားခဲ့ ဖူးတဲ့ ဥရုဂွေး နိုင်ငံသား တွေလည်း အများကြီး ရှိခဲ့ကြ ပါတယ် ။ ဒါဟာ သမိုင်းကြောင်း ကောင်းမွန်တဲ့ အသင်း ဖြစ်တဲ့ အတွက် လူတွေက သွားရောက် စူးစမ်းလိုစိတ် ရှိတတ်ကြ ပါတယ် ”

” ကျွန်တော် နဲ့ ရိုမန် တို့ ဆွေးနွေးခဲ့ ကြတဲ့ လျှို့ဝှက်ချက် အချို့ ရှိပါတယ် ။ အဲ့တာတွေကို သူ ပြောပြစေချင် သလား ဆိုတာကိုတော့ သူ့ကိုသာ သွားမေးပေး ကြပါ ။ အနာဂတ်မှာ ဘာတွေ ဆက်ဖြစ်လာ မလဲ ဆိုတာကို စောင့်ကြည့် ကြတာပေါ့ ။ ဘိုကာ ဂျူနီယာမှာ သွားရောက် ကစားရတာ ကောင်းမွန် နေပါ လိမ့်မယ် ” လို့ ကာဗာနီ က ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

ကာဗာနီဟာ မန်ချက်စတာ ယူနိုက်တက် အသင်း နဲ့ အတူ 2 နှစ် စာချုပ် သက်တမ်း ချုပ်ဆို ထားခဲ့သူ ဖြစ်ပြီး နှစ်စဉ် လစာငွေ ပေါင် 10 သန်း ရရှိ လိမ့်မယ်လို့ သိရှိရ ပါတယ် ။ ဒါ့ကြောင့် လက်ရှိ ယူနိုက်တက် ကစားသမား ဖြစ်တဲ့ သူဟာ အသင်း အတွက် ပေးဆပ် ကစားဖို့ပဲ အဓိကထား နေကြောင်း ဆက်လက် ဖွင့်ဟ သွားခဲ့လိုက် ပါတယ် ။

” ကျွန်တော်ဟာ ယူနိုက်တက် အသင်းနဲ့ အတူ 2 နှစ် စာချုပ် သက်တမ်း ရှိနေ ပါတယ် ။ ကျွန်တော် အကောင်းဆုံး ပေးဆပ် ကစားဖို့ ကြိုးစား သွားမှာပါ ။ ကျွန်တော့်ရဲ့ ခံစားချက်တွေ ကောင်းမွန် နေပါတယ် ။ ဒါပေမယ့် ကျွန်တော် ပေးဆပ် ကစား နိုင်စွမ်း မရှိတဲ့ အချိန်မှာ တောင် အမေရိက ကို သွားကစားမှာ မဟုတ် ပါဘူး ”

” ကျွန်တော်ဟာ လက်တွေ့ ကျတဲ့ အရာ တစ်ခုကိုပဲ နှစ်သက်သူပါ ။ ကျွန်တော် ခံစားချက်တွေ ကောင်းမွန် နေသေးရင် ဆက်လက် ကစား သွားမှာပါ ။ ယူနိုက်တက် အတွက် 2 နှစ် ကစား ပေးတဲ့ အချိန် ကုန်ဆုံး သွားရင် ကျွန်တော် နောက် အသင်း အတွက် ကစားပေး နိုင်စွမ်း ရှိသေးလား ဆိုတာကို ဆက်လက် သုံးသပ် သွားပါ့မယ် ” လို့ ကာဗာနီ က ဖွင့်ဟ သွားပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular