သူ အရင်တုန်းက ဝေဖန်ခဲ့တဲ့ အာဆင်နယ် ကစားသမားတစ်ဦးကို ပြန်လည် ချီးကျူးလိုက်တဲ့ ပေါလ်မာဆင်

ဂန်းနား ကွင်းလယ်လူဟောင်း ပေါလ်မာဆင် ဟာ ဘန်လေ အသင်းကို အနိုင် ရခဲ့တဲ့ ပွဲမှာ အာဆင်နယ် ဂိုးသမား ရမ်စ်ဒဲလ်ရဲ့ စွမ်းဆောင်ရည်ကို ချီးကျူးလိုက်ပြီး သူ ဝေဖန်တာ မှားယွင်းသွားကြောင်း ဝန်ခံ သွားခဲ့ပါတယ် ။

ယူရို ၂၀၂၀ ပြိုင်ပွဲဝင် အင်္ဂလန် အသင်းရဲ့ ဂိုးသမား တစ်ဦး ဖြစ်တဲ့ ရမ်စ်ဒဲလ် ဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ ရှက်ဖီး ယူနိုက်တက် အသင်းကနေ အာဆင်နယ် အသင်းကို ပြောင်းရွှေ့ကြေး ပေါင် ၂၄ သန်း နဲ့ ရောက်ရှိ လာသူ ဖြစ်ပါတယ် ။

myan789

အာဆင်နယ် အသင်းဟာ ဂိုးသမား နေရာအတွက် ပြိုင်ဆိုင်မှု ရှိအောင် ရမ်စ်ဒဲလ် ကို ခေါ်ယူ ခဲ့တာ ဖြစ်ပါတယ် ။ ရမ်စ်ဒဲလ် ဟာ အာဆင်နယ် အတွက် ပထမဦးဆုံး ပွဲဦးထွက် ကစားရတဲ့ ဝက်စ်ဘရွန်း နဲ့ ခါရာဘောင်း ဖလား ပွဲမှာတင် Clean-Sheet ရယူ နိုင်ခဲ့ပါတယ် ။

နောဝှစ် ၊ ဘန်လေ တို့နဲ့ ပရီးမီးယားလိဂ်ပွဲမှာလည်း အာတီတာ ဟာ ရမ်စ်ဒဲလ် ကို ယုံကြည်မှု ပေးခဲ့ပြီး ပွဲထွက် ကစားစေ ခဲ့ပါတယ် ။ ရမ်စ်ဒဲလ် ဟာ နှစ်ပွဲစလုံး Clean-Sheet ထပ်မံ ရယူပြီး အာတီတာ ရဲ့ ယုံကြည်မှု နဲ့ ထိုက်တန်ကြောင်း သက်သေ ပြနိုင်ခဲ့ပါတယ် ။

ဘန်လေ နဲ့ ပွဲမှာ ရမ်စ်ဒဲလ်ဟာ ဘောလုံး ဖြန့်ဝေပုံ ၊ ဖြတ်တင်ဘောတွေကို ထွက်ဆွဲပုံ ၊ ဂိုးပေါက်ကာကွယ်ပုံတွေ ကောင်းခဲ့တဲ့ အပြင် အသင်းဖော် ဘန်ဝှိုက် ရဲ့ လျော့တိလျော့ရဲ ပေးပို့မှုကနေ ပြိုင်ဘက် ကစားသမား အခွင့်အရေး ရသွားတာကို ဆုံးဖြတ်ချက် မှန်မှန် နဲ့ ဟန့်တား နိုင်ခဲ့ပါတယ် ။

ဒါကြောင့်လည်း အာဆင်နယ် ပရိသတ်တွေ မဲပေး ရွေးချယ်တဲ့ Man of the Match ဆုကို ရမ်စ်ဒဲလ် က ထိုက်ထိုက်တန်တန် ရရှိ သွားခဲ့ပါတယ် ။ အာဆင်နယ် အသင်း ရဲ့ ကွင်းလယ်တိုက်စစ်ကစားသမားဟောင်း ပေါလ်မာဆင် ဟာ ရမ်စ်ဒဲလ် ရောက်ခါစမှာ ဝေဖန်မှုတွေ လုပ်ခဲ့သူပါ ။

အခု အခါမှာတော့ ပေါလ်မာဆင် ဟာ ရမ်စ်ဒဲလ် ကို ခုလို ပြန်လည် ချီးကျူး သွားခဲ့ပါတယ် ။ ” ရမ်စ်ဒဲလ် ကို ကျွန်တော် ဝေဖန်မှု အနည်းငယ် လုပ်ခဲ့ဖူးပါတယ် ၊ ဒါပေမယ့် ဒီနေ့ သူ ကစားတာ အတော်လေး ထူးချွန် ကောင်းမွန်ပါတယ် ။ ”

” ကျွန်တော် ခုတော့ မျက်မြင်တွေ့ရပါပြီ ၊ သူက အသင်း ဖိအား လျော့နည်းအောင် လုပ်ပေး နိုင်သူပါ ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုလည်း ရှိပြီး ဘောလုံးတွေကို အမိ ဖမ်းနိုင်ပါတယ် ။ ရှက်ဖီးယူနိုက်တက် ကို မလေးမစား ပြောတာ မဟုတ်ပါဘူး ၊ ဒါပေမယ့် ရှက်ဖီးမှာတုန်းက သူက တစ်ပွဲတည်း ဂိုးပေါက် ကန်သွင်းမှု ၁၅ ကြိမ်လောက်နဲ့ ကြုံ ခဲ့ရတာပါ ။

” ဒီနေ့ပွဲမှာတော့ ရမ်စ်ဒဲလ် က ဂိုးပေါက် ကာကွယ်မှု ၂ ကြိမ်လောက် လုပ်ခဲ့ရပြီး နှစ်ကြိမ်စလုံး မှန်ကန်တဲ့ ဆုံးဖြတ်ချက် ချမှတ် နိုင်ခဲ့ပါတယ် ။ ဘန်ဝှိုက် ရဲ့လူပေးမှားမှုမှာလည်း ရမ်စ်ဒဲလ် ရဲ့ ဆုံးဖြတ်ချက် က ကောင်းမွန် ခဲ့ပါတယ် ၊ ဘန်ဝှိုက် က နောက်တန်းမှာ အနည်းငယ် ပြာယာခတ်နေခဲ့ပါတယ် ၊ သူပေးတာ ဂိုးသမားဆီ မရောက်သွားပါဘူး ၊ ဒါကို ရမ်စ်ဒဲလ် က အပြင်ထွက်ပီး ခြေထောက်နဲ့ ဘောလုံးကို ဦးအောင် ထိပြီး ကာကွယ်လိုက်တာပါ ။ ” လို့ ချီးကျူး သွားခဲ့ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular