သူ့ အတွက် ကမ်းလှမ်းလာမှုတွေကို အလေးနက်ထား စဉ်းစားနေတဲ့ မာဆယ်လို

ရီးရဲ မက်ဒရစ် အသင်းရဲ့ ဘယ်နောက်ခံလူကြီး မာဆယ်လို ဟာ လက်ရှိ အပြောင်းအရွှေ့မှာ သူ့အတွက် ကမ်းလှမ်းလာတဲ့ ကမ်းလှမ်းမှုတွေကို အလေးအနက်ထားပြီး လက်ခံ စဉ်းစားနေပြီ ဖြစ်ပါတယ်။

အဲဒီ အထဲမှာ အီတလီ ကလပ်တွေ ဖြစ်တဲ့ ဂျူဗီ ၊ အင်တာမီလန် တို့က ထိပ်ဆုံးက ဖြစ်ပြီး ၊ ဘရာဇီးသား ကို ခေါ်ယူဖို့ အတွက် ဆန္ဒရှိကြောင်း တရားဝင် ချဉ်းကပ်မှုတွေ ပြုလုပ်ထားတာ ဖြစ်ပါတယ်။

myan789

မာဆယ်လို ရဲ့ အသက်ဟာ လာမယ့် မေလ 12 ရက် ရောက်ရင် 33 နှစ် ပြည့်တော့မှာပါ။ သူဟာ ဆာဂျီယို ရာမို့စ် နဲ့ အတူ ရီးရဲ မက်ဒရစ် အတွက် ဆုဖလားရယူပေးနိုင်ခဲ့တဲ့ ကစားသမားတွေထဲမှာ တစ်ယောက် အပါအဝင် ဖြစ်ပြီး စုစုပေါင်း 22 လုံး အထိ ဆွတ်ခူးနိုင်အောင် ကူညီပေးခဲ့သူ ဖြစ်ပါတယ်။

အသက်က ကြီးလာလေလေ ၊ သူ့ရဲ့ ပွဲထွက် ကစားသမားနေရာအတွက် ကန့်သတ်ချက်တွေက ပိုများလာလေလေ ဖြစ်နေတဲ့ အချက်ကို သူက ကောင်းကောင်း သဘောပေါက်နေပါတယ်။ ရီးရဲ မက်ဒရစ် ကတော့ သူ့ကို ရောင်းချမယ်လို့ ပြောဆိုခြင်း မရှိသေးသလို ၊ နည်းပြ ဇီဒန်း ကလဲ မာဆယ်လို ကို အရေးပါတဲ့ ကစားသမား တစ်ယောက် အဖြစ် မှတ်ယူထားဆဲပါ။

သို့သော် မန်ဒီ ကို ပွဲထွက် ကစားသမား နေရာအတွက် လွှဲပေးလိုက်ရပြီးနောက်ပိုင်း ၊ မာဆယ်လို ကိုယ်တိုင်က အနာဂတ်နဲ့ ပတ်သက်ပြီး လေးလေးနက်နက် စဉ်းစားလာတာကြောင့် ၊ အခုလို ကမ်းလှမ်းမှုတွေကို လက်ခံပြီး ချိန်ဆကြည့်နေတာ ဖြစ်ပါတယ်။

လက်ရှိ စာချုပ်သက်တမ်း ဟာ နောက်ထပ် 2 နှစ် အထိ ရှိနေသေးတာကြောင့် ၊ ဘာနေဗျူးကနေ အလျှင်စလို ထွက်ခွာသွားစရာ မလိုသေးပါဘူး။ သို့သော် ပိုကောင်းတဲ့ အခွင့်အလမ်းတွေနဲ့ ကမ်းလှမ်းလာတဲ့ အသင်းတွေများ ရှိခဲ့ရင် ဆိုတဲ့ အတွေးနဲ့ တံခါးတွေ ဖွင့်ထားခဲ့တာပါ။

အင်တာမီလန် နဲ့ ဂျူဗီ တို့ နှစ်သင်းစလုံးဟာ မာဆယ်လို ကိုခေါ်ယူဖို့ အတွက် အလေးနက်ထားပြီး စိတ်ဝင်စားနေပါတယ်။ သို့သော် လက်ရှိ ရရှိနေတဲ့ အသားတင် လုပ်ခ လစာ တစ်နှစ် ယူရို 8 သန်း ဆိုတဲ့ ပမာဏ ကို နှစ်သင်းစလုံးက ပေးချေနိုင်တဲ့ အင်အားမျိုး မရှိပဲ ဖြစ်နေကြတာပါ။

ဒါကြောင့်မို့ အီတလီ ထိပ်သီး နှစ်သင်းစလုံးဟာ မာဆယ်လို ကို ဘယ်လို စာချုပ်ပါ အချက်အလက်တွေ နဲ့ စည်းရုံး နိုင်မလဲ ဆိုတဲ့ မေးခွန်းအပေါ် အဖြေရှာလျှက်ရှိနေပါတယ်။

Transfermarkt.com ရဲ့ ဖော်ပြချက်မှာတော့ မာဆယ်လို ရဲ့ လက်ရှိ ဈေးကွက်တန်ဖိုးဟာ ယူရို 16 သန်း ဖြစ်ပါတယ်။ ဒါကြောင့် သူတို့ နှစ်သင်းစလုံးဟာ ပြောင်းရွှေ့ကြေး ကိစ္စကို ပြသနာ တစ်ခုလို့ ရှုမြင်ထားခြင်း မရှိပဲ ၊ စာချုပ် ကိစ္စကိုသာ အာရုံစိုက်နေတာပါ။

အင်တာမီလန် ကတော့ မာဆယ်လို ရဲ့ အေးဂျင့် ဖြစ်သူနဲ့ အကြိမ်ပေါင်း များစွာ တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်ထားပြီးပြီလို့ မက်ဒရစ် အခြေစိုက် သတင်းတွေမှာ ဖော်ပြထားသလို ၊ ဂျူဗီ ကလဲ သူတို့ ရဲ့ တိုက်စစ်မှုးကြီး ရိုနာဒို နဲ့ အတွဲညီတဲ့ မာဆယ်လို ကို ခေါ်ယူဖို့ အတွက် ဆန္ဒပြင်းပြနေပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီတွေတုန်း ကတော့ မာဆယ်လို ကိုယ်တိုင်က ဘာနေဗျူးကနေ ထွက်ခွာဖို့ အခုလောက်ထိ လေးလေးနက်နက် မစဉ်းစားခဲ့ဖူးပါဘူး ။ သို့သော် မန်ဒီ ရဲ့ တိုးတက်လာတဲ့ စွမ်းဆောင်ရည်တွေကြောင့် ၊ လာမယ့် ဘောလုံးရာသီဟာ သူ့ရဲ့ လုပ်ပိုင်ခွင့် ပိုပြီး နည်းလာနိုင်တဲ့ အချက်ကို အဓိကထား သုံးသပ်နေတာ ဖြစ်ပါတယ်။

နည်းပြ ဇီဒန်း ကိုယ်တိုင်လဲ အသင်းရဲ့ တည်ဆောက်မှုတွေမှာ မန်ဒီ က ဦးစားပေး ဖြစ်တယ် ဆိုတာကို ခြေစွမ်းအရတင် မဟုတ်ပဲ ၊ ယူရို 48 သန်း အထိ အသုံးပြုပြီး ခေါ်ယူခဲ့တာကို ကြည့်ရင် အားလုံးက သဘောပေါက်ထားကြပါတယ်။

ရီးရဲ မက်ဒရစ် ပရိသတ်တွေ ကတော့ သူတို့ရဲ့ အချစ်တော် ကစားသမားကြီး အသင်းပြောင်းသွားတာကို မလိုလားတာကြောင့် ၊ အသင်းမှာပဲ ဆက်ရှိပေးသွားဖို့ မျှော်လင့်နေကြပါတယ်။ မာဆယ်လိုဟာ ရီးရဲ မက်ဒရစ် အတွက် စုစုပေါင်း 509 ပွဲ ထိ ကစားပေးထားကာ 38 ဂိုး သွင်းယူပြီး ၊ 95 ကြိမ် အထိ ဂိုးဖန်တီးမှုတွေ ပြုလုပ်ပေးထားခဲ့တဲ့ သူပါ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular