သူ့အတွက် ပထမဆုံး ပရီးမီးယားလိဂ် သွင်းဂိုး ရခဲ့တဲ့ ဆောက်သမ်တန် နဲ့ ၃ဂိုးစီ သရေပွဲမှာ ချဲလ်ဆီး အသင်း အတွင်း ဘာတွေ လိုအပ်ခဲ့လဲ ဆိုတာ ပြောပြလာတဲ့

ချဲလ်ဆီး အသင်း ဟာ ပြီးခဲ့တဲ့ စနေနေ့ည က ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် မှာ ဂျာမန်သား ၂ဦး ဖြစ်တဲ့ တီမို ဗာနာ နဲ့ ကိုင်ဟာဗက်ဇ် တို့ရဲ့ သွင်းဂိုးတွေနဲ့ ပွဲကို ၂ကြိမ်တိုင်တိုင် ဦးဆောင်ခဲ့ပေမယ့် ၊ ခံစစ်ပိုင်း ပေါ့လျော့မှုတွေနဲ့ အတူ ပေးဂိုး ၃ဂိုး ခွင့်ပြုခဲ့ရပြီး ၊ ပွဲအပြီးမှာတော့ သရေ တမှတ် နဲ့ ကျေနပ်ခဲ့ရပါတယ် ။

ပေးခဲ့ရတဲ့ ဂိုး၃ဂိုးလုံး ဟာ ပြိုင်ဖက် ဆောက်သမ်တန် အသင်း က open play ကနေ ကစားကွက် လှလှပပ နဲ့ သွင်းယူသွားတဲ့ ဂိုးတွေ မဟုတ်ခဲ့ပဲ ၊ ခံစစ်ပိုင်း တဦးချင်း အမှားအယွင်း တွေကနေ ပေါ့ပျက်ပျက် ဂိုးတွေ ခွင့်ပြုလိုက်ရခြင်း ဖြစ်ပါတယ် ။

myan789

အထူးသဖြင့် ဆောက်သမ်တန် အသင်း ရရှိခဲ့တဲ့ ဒုတိယ ချေပဂိုး မှာ ဟာသဆန်တဲ့ ချဲလ်ဆီး ခံစစ် ကစားပုံ ကို မြင်တွေ့ခဲ့ရပြီး ၊ မိမိ ကိုယ်ကို ယုံကြည်မှု လွန်ကဲနေတဲ့ ဇူးမား က ဘောလုံး နောက်ပြန်ပေးရာမှာ သေသပ်မှု မရှိခဲ့သလို ၊ ဒီ ပေးပို့မှု ကို ရှေ့ထွက် ရှင်းထုတ်ဖို့ ကြိုးစားခဲ့တဲ့ ကီပါ ရဲ့ ဆုံးဖြတ်ချက် ကလည်း ပြတ်သားမှု မရှိခဲ့ပါဘူး ။

ဒီပွဲမှာ ချဲလ်ဆီး အတွက် အပေါင်း လက္ခဏာ ဆောင်ခဲ့တဲ့ အရာ ၂ခု က ဗာနာ နဲ့ ဟာဗက်ဇ် တို့ ပထမဆုံး ပရီးမီးယားလိဂ် ဂိုးတွေ အသီးသီး ရယူနိုင်ခဲ့တာ လို့ပဲ ဆိုရမှာပါ ။ သို့ပေမယ့် ဟာဗက်ဇ် ဆိုရင်လည်း ဆောက်သမ်တန် ရဲ့ ပထမ ချေပဂိုး အတွက် ဘောလုံး နောက်ပြန် ဆွဲထုတ်ရာမှာ အရှိန်လွန်ခဲ့ခြင်း ကနေ အစပျိုးပေးခဲ့ပါသေးတယ် ။

သူ ကိုယ်တိုင် အမှားနဲ့ မကင်းခဲ့တဲ့ ဆောက်သမ်တန် နဲ့ ပွဲအပြီး ဟာဗက်ဇ် က ချဲလ်ဆီး အသင်း အနေနဲ့ ၃ – ၂ နဲ့ ဦးဆောင်ချိန် မှာ ခံစစ် က ပြတ်သားတဲ့ ကစားပုံ ကို ပြသဖို့ လိုအပ်ခဲ့ကြောင်း နဲ့ လေ့ကျင့် ပြင်ဆင်ဖို့ အချိန်တို သာ ရထားပေမယ့် ၊ အခက်အခဲတွေကို ရင်ဆိုင် ကျော်လွှားနိုင်ဖို့ လိုကြောင်း အခုလိုပဲ ဖွင့်ဟလာခဲ့ပါတယ် ။

ချဲလ်ဆီး တီဗွီ နဲ့ တွေ့ဆုံခဲ့တဲ့ ပွဲပြီး အင်တာဗျူး မှာ ဟာဗက်ဇ် က ” ဒီနေ့ သရေ ရလဒ် အတွက် ကျွန်တော် တို့ဟာ ကိုယ့်တာဝန် ကိုယ်ယူရပါမယ် ။ ကွင်းထဲမှာ အသင်းသား ၁၁ယောက် အပြည့် ရှိနေပြီး ၊ လိုအပ်ရင် ခံစစ် အတွက် အသင်းသားတိုင်း စနစ်တကျ နဲ့ ကူညီ ခုခံ ပေးရပါမယ် ။ ဒါဆိုရင် ဒီနေ့ပွဲက ပေးဂိုးတွေကို ခွင့်ပြုစရာ မလိုတော့ပါဘူး ။ ”

” တယောက်တည်းက ဒီလို အမှားတွေကို ကျူးလွန်ခဲ့တာ မဟုတ်တဲ့ အတွက် တသင်းလုံး ဘာတွေ မှားယွင်းနေလဲ ဆိုတာ ပြန်လည် ကြည့်ရှု သုံးသပ်ရပါမယ် ။ အခက်အခဲ ၊ ပြဿနာ တွေကို ဖြေရှင်းနိုင်ဖို့ ကြိုးစားရပါမယ် ။ ကျွန်တော် တို့ဟာ international break က ပြန်လာပြီးနောက် အတူတကွ လေ့ကျင့်ဖို့ ၁ရက် ၊ ၂ရက် သာသာပဲ အချိန်ရခဲ့ပါတယ် ။ ”

” ဒါကြောင့်မို့လည်း ဒီနေ့ပွဲ က အခြေအနေ က ကွဲပြားနေရခြင်း လို့ ဆိုနိုင်ပါတယ် ။ ဒါပေမယ့် ဒီ အခက်အခဲ ကို ကျွန်တော်တို့ သာမက ကလပ်တိုင်း ရင်ဆိုင် ဖြေရှင်းနေကြတာပါပဲ ။ ဒီ အတောအတွင်း ကျွန်တော် တို့မှာ လုံလောက်တဲ့ လေ့ကျင့် ပြင်ဆင်မှု တွေ မရှိထားခဲ့ပါဘူး ။ ”

” ဒီတော့ လာမယ့် ပွဲစဉ်တွေ အတွက် ဒီထက် ပိုပြီး ပြင်းပြင်းထန်ထန် ကြိုးစား လေ့ကျင့်ဖို့ ၊ နောက်ပွဲတွေမှာ ပိုကောင်းတဲ့ ကစားဟန် ကို ပြသဖို့ အတူတကွ လုပ်ဆောင်ရမှာ ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။ ဆက်လက်ပြီး ဟာဗက်ဇ် က သူ့ရဲ့ ပထမဆုံး သွင်းဂိုး နဲ့ ပွဲကို ဦးဆောင်နေခဲ့ပေမယ့် ၊ နာကျင် အချိန်ပိုမှာ ချေပဂိုး ခွင့်ပြုခဲ့ရလို့ စိတ်ပျက်ရကြောင်း ကိုလည်း အခုလိုပဲ ဖွင့်ဟ လာပြန်ပါတယ် ။

ဟာဗက်ဇ် က ” ကျွန်တော့ ရဲ့ သွင်းဂိုး က ဒီနေ့ပွဲ အတွက် အနိုင် ရလဒ် ဖြစ်စေခဲ့မယ် ဆိုရင်တော့ တကယ် ကောင်းခဲ့မှာပေါ့ဗျာ ။ ပထမဆုံး ပရီးမီးယားလိဂ် သွင်းဂိုး အတွက်တော့ ကျွန်တော် ပျော်ပါတယ် ။ ဒါပေမယ့် ရလဒ်ပိုင်း အတွက်တော့ အားမလို အားမရ ဖြစ်မိပါတယ် ။ အိမ်ကွင်းမှာ ကျွန်တော် တို့ အနိုင် ၃မှတ်ကို စွမ်းဆောင်နိုင်ခဲ့သင့်ပါတယ် ။ ဒီနေ့ဟာ ကျွန်တော် တို့ အတွက် ဆိုးရွားတဲ့ နေ့တနေ့သာ ဖြစ်ခဲ့ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular