သီယာဂို ဆေးလ်ဗား ဟာ ချဲလ်ဆီး မှာ သူ့ရဲ့ အဆင့်အတန်း ကို သတ်မှတ်ထားသူပါ ‘ – ဂျိုကိုးလ်

ပီအက်စ်ဂျီ အသင်း မှာ ၈နှစ်ကြာ ကစားခဲ့ပြီးနောက် ၊ အသက် ၃၆ နှစ် အရွယ်မှာမှ ဘရာဇီး ဝရင့် ခံစစ်မှူး သီယာဂို ဆေးလ်ဗား ဟာ ပရီးမီးယားလိဂ် သို့ လန်ဒန် မြို့ခံ ကလပ် ချဲလ်ဆီး အသင်း နဲ့ စတင် အခြေချလျက် ရှိပါတယ် ။ အသက်အရွယ် အရ ပရီးမီးယားလိဂ် မှာ ၎င်း အနေနဲ့ အခြေချဖို့ မသင့်လျော်တော့ဘူး လို့ အစောပိုင်းမှာ သံသယဝင်မှုတွေ ရှိခဲ့ပါတယ် ။

သို့ပေမယ့် သီယာဂို ဆေးလ်ဗား ဟာ အသက်အရွယ် နဲ့ မလိုက်တော့သည့်တိုင် ၊ ကြံ့ခိုင်မှု အသားပေး ၊ မြန်နှုန်းမြင့် ကစားဟန် ကို ကျင့်သုံးလျက် ရှိတဲ့ ပရီးမီးယားလိဂ် ချက်ချင်း အံဝင်ခွင်ကျ ဖြစ်လာတာကို တွေ့ရပါတယ် ။ ဒါတင်မက ၎င်းဟာ ချဲလ်ဆီး အသင်း ရဲ့ ယိုယွင်းနေတဲ့ ခံစစ်ကြောင်း ကို အကောင်းဆုံး ပြုပြင်ပေးခဲ့ပါတယ် ။

myan789

သီယာဂို ဆေးလ်ဗား ရောက်လာပြီးနောက် ချဲလ်ဆီး အသင်း ရဲ့ ခံစစ် စွမ်းဆောင်ရည် ထူးထူးခြားခြား မြင့်တက်လာတာ ကို ပြီးခဲ့တဲ့ ပြိုင်ပွဲစုံ ၈ပွဲ အတွင်း ပေးဂိုး ၂ဂိုးသာ ရှိခဲ့ခြင်း က သက်သေထူလို့ နေပါတယ် ။ ဒီတော့ ယင်း ဘရာဇီးသား ဟာ ချဲလ်ဆီး ကို ဦးဆောင်ပေးနိုင်ရုံ မက သူ့ ပတ်ဝန်းကျင် ကစားသမား တွေကိုပါ အကြီးအကျယ် လွှမ်းမိုးနိုင်ခဲ့တယ် လို့ ဆိုရမှာပါ ။

နောက်ဆုံး ကစားခဲ့တဲ့ ရန်းနက်စ် နဲ့ ချန်ပီယံလိဂ် ပွဲမှာလည်း သီယာဂို ဆေးလ်ဗား ဟာ တိကျတဲ့ ညွှန်ကြားမှုတွေနဲ့ ခံစစ် တကြောင်းလုံး ကို ဦးစည်းဦးဆောင် လုပ်ပေးနိုင်ခဲ့ပါတယ် ။ ၎င်းကြောင့် ခံစစ်မှူး အတွဲဖော် ဖြစ်တဲ့ ကတ်ဇူးမား ရဲ့ အရည်အသွေး က တဟုန်ထိုး မြင့်တက်လာပါတယ် ။

ချဲလ်ဆီး ကွင်းလယ်လူဟောင်း ဂျိုကိုးလ် ကတော့ သီယာဂို ဆေးလ်ဗား ရဲ့ အရည်အသွေး နဲ့ ပတ်သက်ပြီး ” ခေါ်ယူထားတဲ့ ကစားသမားသစ် တွေထဲမှာ သူဟာ လုံးဝ မယုံနိုင်ဖွယ်ပါပဲ ။ သူဟာ ကျွန်တော်တို့ ခေတ်ကတည်းက ကြီးကျယ်တဲ့ ခံစစ်မှူး တယောက် ဖြစ်ခဲ့တာကြောင့် ၊ အသက် ၃၆ နှစ် အရွယ်မှ ချဲလ်ဆီး ကို ရောက်လာဖို့ ကျွန်တော် စိုးရိမ်ခဲ့မိပါသေးတယ် ။ ”

” အရင် ရှိခဲ့ဖူး သမိုင်း မှတ်တမ်းတွေ အရ များသောအားဖြင့် သီယာဂို ဆေးလ်ဗား လို အသက်အရွယ်မျိုး နဲ့ ကစားသမားတွေ ပရီးမီးယားလိဂ် မှာ ရုန်းကန်ရလေ့ရှိတာကို တွေ့ခဲ့ရပါတယ် ။ ဒီ အသက်အရွယ် မှာမှ ပရီးမီးယားလိဂ် ကို ပြောင်းလာတယ် ဆိုတာ တကဟ် ခက်ခဲတဲ့ စိန်ခေါ်မှု တရပ်ပါ ။ ”

” အခုအချိန် မှာ ပရီးမီးယားလိဂ် ဟာ အရင်နဲ့ မတူညီတဲ့ သားကောင်ကြီး ဖြစ်နေပါပြီ ။ လောလောဆယ် ပရီးမီးယားလိဂ် မှာ ဗာဂျယ် ဗန်ဒိုက် က လွဲရင် ၊ သီယာဂို ဆေးလ်ဗား လောက် ကောင်းတဲ့ ဗဟို ခံစစ်မှူးမျိုး ရှိမယ် လို့ မထင်မိပါဘူး ။ ဒီ အကြောင်း နဲ့ ပတ်သက်ပြီး ငြင်းခုံမှု တွေက ရှိကောင်းရှိမှာပါ ။ ”

” အန်တိုနီယို ရူဒီဂါ ၊ အန်ဒရီယာစ် ခရစ်တန်ဆန် ၊ ကတ်ဇူးမား တို့ ရှိနေတဲ့ ချဲလ်ဆီး မှာတောင် သူဟာ ဘယ်လို အရည်အသွေးမျိုး နဲ့ ခံစစ်မှူးမျိုးလဲ ဆိုတာ အဆင့်အတန်း သတ်မှတ် ပြနိုင်ခဲ့ပါတယ် ။ ခံစစ်မှူး တယောက် အနေနဲ့ ကိုယ့်ကိုယ်ကို ကမ္ဘာ့ အဆင့် လို့ သတ်မှတ်ချင်ရင် ဒါဟာ ခင်ဗျား ရောက်လိုတဲ့ အဆင့်အတန်းမျိုး ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular