သီယာဂို ဆေးလ်ဗား ကို ဗန်ဒိုက် ၊ ကွန်ပနီ တို့နဲ့ တတန်းတည်းထားပြီး ခိုင်းနှိုင်း ချီးကျူးလိုက်တဲ့

ဘရာဇီး လက်ရွေးစင် ဝါရင့် ခံစစ်မှူး သီယာဂို ဆေးလ်ဗား ဟာ ယခုနှစ် နွေရာသီ အပြောင်းအရွှေ့ ဈေးကွက် မှာ ပီအက်စ်ဂျီ အသင်း ကနေ ချဲလ်ဆီး အသင်း သို့ အလွတ် ပြောင်းရွှေ့ကြေး ၊ တနှစ်စာချုပ် နဲ့ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ် ။

အသက် ၃၆ နှစ် အရွယ်ရှိ ၊ သီယာဂို ဆေးလ်ဗား အတွက် အရွယ်လွန်မှ ၊ ပရီးမီးယားလိဂ် လို မြန်နှုန်းမြင့် ၊ ကြံ့ခိုင်မှု အသားပေး ကစားတဲ့ လိဂ်မျိုးကို ပြောင်းရွှေ့လာတာ ဖြစ်လို့ ၊ လူတွေက ၎င်းရဲ့ စွမ်းဆောင်မှုနှုန်း အပေါ် သံသယ ဝင်ခဲ့ကြပါတယ် ။ ဒီလူတွေရဲ့ အထင် နဲ့ လက်တွေ့ အဖြစ် က တက်တက်စင် လွဲနေတယ် ဆိုတာ လတ်တလော ချဲလ်ဆီး အသင်း ရဲ့ ရလဒ်တွေက သက်သေပြလို့ နေပါတယ် ။

myan789

အထူးသဖြင့် ချဲလ်ဆီး အသင်း ဟာ ပြိုင်ပွဲစုံ နောက်ဆုံး ၅ပွဲဆက် Clean Sheet ရခဲ့ပြီး ၊ ပြီးခဲ့တဲ့ ၁၀စုနှစ် တစုခန့် ဝေးကွာနေခဲ့တဲ့ မှတ်တမ်းကောင်း တရပ် ကို ပြန်ပြီး လိုက်မှီခဲ့ပါတယ် ။ ဒီတော့ သီယာဂို ဆေးလ်ဗား ဟာ အိုပေမယ့် ၊ စွမ်းနိုင်သေးတယ် ဆိုတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ် ။

မနေ့က ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာတော့ ချဲလ်ဆီး နည်းပြ ဖရန့် လမ်းပတ် က ဒီရာသီ ၎င်းတို့ အသင်း အတွက် အကျိုးအပြုဆုံး ခေါ်ယူမှု တခု ဖြစ်ထားတဲ့ သီယာဂို ဆေးလ်ဗား ကို မန်စီးတီး ဂန္တဝင် ခံစစ်မှူးဟောင်း ဗင်းဆင့် ကွန်ပနီ ၊ လီဗာပူး ဗဟိုခံစစ်မှူး ဗာဂျယ် ဗန်ဒိုက် တို့နဲ့ တတန်းတည်းထားကာ ၊ ချီးကျူး ပြောဆိုခဲ့ပါတယ် ။

လမ်းပတ် က ” ကစားသမား ဘဝ တလျှောက် ပိုင်ဆိုင်ခဲ့တဲ့ မှတ်တမ်းကောင်းတွေနဲ့ အောင်မြင်မှုတွေကို ကြည့်လိုက်ရင် ၊ သီယာဂို ဟာ ခင်ဗျားတို့ ညွှန်းကြတဲ့ ကမ္ဘာ့ အကောင်းဆုံး ခံစစ်မှူး ( ကွန်ပနီ ၊ ဗန်ဒိုက် ) စာရင်းထဲကို လွယ်လွယ်ကူကူ ပါဝင်နိုင်ပါတယ် ။ ”

” မော်ဒန်ခေတ် မှာ ဒီလို မှတ်တမ်းရပ်ရာတွေ ရရှိဖို့ ဆိုတာ ခင်ဗျား အနေနဲ့ သတ်မှတ်ထားတဲ့ အဆင့် တဆင့် အထိ တဦးချင်း သို့မဟုတ် အတွဲလိုက် ခံစစ် ကစားပုံကောင်းတွေ ပိုင်ဆိုင်ထားဖို့ လိုပါတယ် ။ ဆုဖလားတွေ ရယူတဲ့ နေရာမှာ ၊ အထူးသဖြင့် ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ဖို့ ဆိုရင် ခံစစ်ပိုင်း ကျစ်လျစ်ဖို့ က အရေးကြီးတယ် ဆိုတာ ကျွန်တော်တို့ သိထားပါတယ် ။ ”

” ဒါပေမယ့် ကျွန်တော် တို့ဟာ ဒီ ခံစစ် အတွဲ ကို ရှေ့လယ်နောက် အပြည့်အဝ ပံ့ပိုးပေးနိုင်ဖို့ လိုပါတယ် ။ ခင်ဗျား ဟာ သီယာဂို ရဲ့ လတ်တလော စွမ်းဆောင်ရည် ကို ကြည့်ရင် ၊ သူဟာ ကျွန်တော်တို့ အသင်း အတွက် ကြီးကျယ်တဲ့ ခေါ်ယူမှု ဖြစ်နိုင်ပါတယ် ။ ဒါပေမယ့် ကျွန်တော် တို့ဟာ အခုထက် ပိုကောင်းတဲ့ အရည်အသွေးတွေ အလိုရှိပါတယ် ။ ”

” ပြီးခဲ့တဲ့ အပြောင်းအရွှေ့ ဈေးကွက် အတွင်း သီယာဂို တယောက် ပီအက်စ်ဂျီ ကနေ ထွက်ခွာတော့မယ် ဆိုတဲ့ သတင်း က ကျွန်တော့ကို စိတ်လှုပ်ရှားစေခဲ့ပါတယ် ။ ကလပ် ဘုတ်အဖွဲ့ ကလည်း သီယာဂို ခေါ်ယူဖို့ လျင်လျင်မြန်မြန်ပဲ လှုပ်ရှားခဲ့ပါတယ် ။ ”

” ဒါဟာ အရမ်းကောင်းတဲ့ ရွှေ့ကွက် တကွက် ဖြစ်ပြီး ၊ ထိုက်တန်တဲ့ အပြောင်းအရွှေ့ တရပ် ဆိုတာ အခု လက်ရှိ ကစားထားတဲ့ ပွဲစဉ်တွေက သီယာဂို ရဲ့ စွမ်းဆောင်ရည် တွေကို ကြည့်ရင် ခံစားသိနိုင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

သီယာဂို ဆေးလ်ဗား ရဲ့ ခေါင်းဆောင်ကောင်း ၊ ဦးဆောင်သူကောင်း ပီသမှုကြောင့် ၊ ၎င်းနဲ့ တွဲဖက် ကစားတဲ့ ပြင်သစ် ခံစစ်မှူး ကတ်ဇူးမား ရဲ့ စွမ်းဆောင်ရည် ဟာလည်း သိသိသာသာ တိုးတက်လာခဲ့ပါတယ် ။ အခုဆို ဇူးမား ဟာ ဂျွန်တယ်ရီ ၊ ဂယ်ရီ ကာဟေးလ် နောက်ပိုင်း ၊ ချဲလ်ဆီး အသင်း ရဲ့ set-piece တွေက ခေါင်းတိုက်ဂိုးသွင်းသူ တာဝန် ကို ယူလာရပါပြီ ။

ဇူူးမား ရဲ့ တည်ငြိမ်တဲ့ စွမ်းဆောင်ရည်တွေ အပေါ် လမ်းပတ် က ” ကတ် ရဲ့ လတ်တလော ကြိုးစား အားထုတ်ပုံ ၊ ကစားပုံတွေက ကျွန်တော့ ကို အတော်လေး အထင်ကြီး ကျေနပ်စေပါတယ် ။ နောက်ပြီး သူဟာ ပြိုင်ဖက် ရဲ့ တည်ကန်ဘောတွေကို ရှင်းလာနိုင်ရုံ သာမက ၊ ကိုယ့်အသင်း အတွက်လည်း တည်ကန်ဘော တွေကနေ ဂိုးတွေ သွင်းပေးလာနိုင်ပါတယ် ။ ဒါဟာ ပွဲတပွဲ ရဲ့ ကြီးကျယ်တဲ့ အစိတ်အပိုင်း တရပ် ဖြစ်ပါတယ် ။ ”

” ဒါဟာ မနှစ်ကတည်းက ကျွန်တော်တို့ အနေနဲ့ တိုးတက်အောင် လုပ်ဆောင်နိုင်ခဲ့သင့်တဲ့ နေရာ ဖြစ်ပါတယ် ။ ပွဲတပွဲရဲ့ ယေဘူယျ အခြေအနေ အားလုံး ကို ခြုံပြီး ကြည့်ရင် ၊ သီယာဂို ဟာ ခံစစ်ပိုင်း က သူနဲ့ တွဲဖက် ကစားတဲ့ အသင်းဖော်တွေကို သိသိသာသာ အကျိုး သက်ရောက်မှု ရှိစေတယ် လို့ ကျွန်တော် ထင်ပါတယ် ။ ”

” အသင်း တသင်း က အချိတ်အဆက်မိပြီး ၊ လိုက်ဖက်မှုရှိတဲ့ အတွဲအဖက်ကောင်းတွေ အကြောင်း ပြောကြတဲ့ နေရာမှာ ၊ ကြီးကျယ်တဲ့ ထိပ်တန်း အဆင့် ခံစစ်မှူး အတွဲအဖက်တွေ အကြောင်း က မပါမဖြစ်ပါပဲ ။ သီယာဂို ဟာ ကတ် ရဲ့ အရည်အသွေး ကို တိုးတက်စေရုံ သာမက ၊ သူ ကစားတဲ့ ဧရိယာ တဝိုက် က ကစားသမား တွေရဲ့ စွမ်းဆောင်ရည် ကိုပါ တိုးတက်စေပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular