သရဲနီတို့ကို ရာသီဝက် ချန်ပီယံ ဖြစ်စေခဲ့တဲ့ ဖူလ်ဟမ် 1 – 2 ယူနိုက်တက် ပွဲမှာ ဘယ်သူတွေ ကောင်းပြီး ဘယ်သူတွေ ညံ့ခဲ့ကြသလဲ ??

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနေ့ နံနက် မှာတော့ ပရီးမီးယားလိဂ် ရဲ့ ရာသီဝက် ပွဲစဉ် အဖြစ် ခရာဗန် ကော့တေ့ဂျ် ကွင်းထဲမှာ ဖူလ်ဟမ် အသင်းနဲ့ အဝေးကွင်း ပွဲစဉ် ကစားခဲ့ ရပြီး 1 – 2 ဆိုတဲ့ ရလဒ် နဲ့ အတူ အဖိုးတန် နိုင်ပွဲကို ပိုင်ဆိုင် သွားနိုင်ခဲ့ ပါတယ် ။

ဒီပွဲ မှာတော့ ပွဲချိန် 5 မိနစ် ကတည်းက ဖူလ်ဟမ် အသင်း အတွက် တိုက်စစ် ကစားသမား ဖြစ်သူ လွတ်ခ်မန်း က ဦးဆောင်ဂိုး သွင်းယူ ပေးသွား နိုင်ခဲ့ ပါတယ် ။ ဒါပေမယ့် ပွဲချိန် 21 မိနစ် မှာပဲ ဂိုးသမားရဲ့ ကာကွယ်မှုက လျှံထွက် လာခဲ့တဲ့ ဘောလုံးကို ကာဗာနီ က ပိတ်သွင်းပြီး ခြေပ သွားနိုင်ခဲ့ ပါတယ် ။

myan789

အဲ့ဒီနောက် ပွဲချိန် 65 မိနစ်မှာ အဝေး ကန်ချက် နဲ့ အတူ ပေါ့ဂ်ဘာ က ယူနိုက်တက် အတွက် ဦးဆောင်ဂိုး သွင်းယူ ပေးသွား နိုင်ခဲ့ ပါတယ် ။ အဲ့ဒီနောက် ပွဲစဉ်က အဆိုပါ ရလဒ်နဲ့သာ ပြီးဆုံး သွားခဲ့ ရပြီး နောက်က လိုက်ကစားခဲ့ရတဲ့ ယူနိုက်တက် တို့လည်း အဝေးကွင်း နိုင်ပွဲ ရယူ သွားနိုင်ခဲ့ကြ ပါတယ် ။

ဒီနိုင်ပွဲကြောင့် ယူနိုက်တက် တို့ဟာ ပွဲစဉ် မတိုင်မီ တုန်းက အမှတ်ပေး ဇယားကို ဦးဆောင်နေခဲ့တဲ့ မန်စီးတီး ၊ လက်စတာ စီးတီး အသင်း တွေကို ကျော်ဖြတ်ပြီး ရာသီဝက် ချန်ပီယံ ဖြစ်ခဲ့ကြ ပါတယ် ။ အဆိုပါ ပွဲစဉ်မှ ယူနိုက်တက် ကစားသမား တွေရဲ့ စွမ်းဆောင်ရည်ကို ဖော်ပြ ပေးလိုက် ပါတယ် ။

ဒီဂီယာ ( 7 )

ပေးဂိုး အတွက် ပိုမို ကောင်းမွန်တဲ့ ဟန့်တားမှု လုပ်ပြ နိုင်ခဲ့သင့် ပါတယ် ။ ဘယ်လိုပဲ ဆိုနေပါစေ ၊ လက်ကျန် မိနစ်တွေမှာ သူဟာ အမှား မရှိအောင် ကစားပြ နိုင်ခဲ့ပြီး လောတပ်စ် ချိခ် ရဲ့ ကန်ချက် အပါအဝင် ကောင်းမွန်တဲ့ ဂိုးပေါက် ကာကွယ်မှု အချို့ လုပ်ပြ နိုင်ခဲ့ ပါတယ် ။

ဝမ် ဘစ်ဆာကာ ( 6.5 )

ပေးဂိုး အတွက် အမှား မကင်းသူ ဖြစ်ခဲ့ ပါတယ် ။ သူ့ကြောင့် လွတ်ခ်မန်းဟာ လူကျွံထောင်ချောက်ကို ကျော်ဖြတ် နိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။ နောက်ပိုင်း မိနစ်တွေ မှာတော့ အရေးကြီးတဲ့ ပိတ်ဆို့မှု လုပ်နိုင်ခဲ့သလို ခံစစ် ကစားပုံလည်း ကောင်းခဲ့ပါတယ် ။ တိုက်စစ်ပိုင်း ပိုမို ကူညီ နိုင်ခဲ့သင့် ပါတယ် ။

ဘိုင်လီ ( 6 )

သူ့ အနေနဲ့ အစ ကတည်းက လွတ်ခ်မန်းကို သေသေချာချာ လူကပ် ကစားခဲ့သင့် ပါတယ် ။ ပြိုင်ဖက် ကစားသမား ကောင်တာ ပြေးချိန်မှာ အနှောက်အယှက် မပေးနိုင်ခဲ့ ပါဘူး ။ ဒါ့အပြင် ဒီဂီယာ ဆီလည်း အန္တရာယ် ဖြစ်စေနိုင်မယ့် ဘောလုံး ပေးပို့မှု လုပ်ဆောင်ခဲ့ပါ သေးတယ် ။ ခံစစ် ကစားပုံ ကောင်းခဲ့ ပါတယ် ။

ဟယ်ရီ မက်ဂွားယား ( 6 )

ဘိုင်လီ နည်းတူ ပေးဂိုး အတွက် အမှား မကင်းခဲ့ ပါဘူး ။ ပြီးတော့ လောတပ်စ် ချိခ် ကိုလည်း ထိန်းချုပ်ဖို့ ခက်ခဲ နေခဲ့ ပါတယ် ။ ခေါင်းတိုက် ဂိုးသွင်းခွင့်တွေ ပိုင်ဆိုင်ခဲ့ပေမယ့် အသုံး မချနိုင်ခဲ့ ပါဘူး ။

လုခ်ရှော ( 7.5 )

ခံစစ် ကစားပုံ ကျစ်လျစ် ကောင်းမွန် ခဲ့ပြီး အမှား နည်းခဲ့ ပါတယ် ။ ဒါ့အပြင် တိုက်စစ် ကိုလည်း အတော်လေး တက်ရောက် ကူညီ ပေးနိုင်ခဲ့ ပါတယ် ။

ဖရက်ဒ် ( 7 )

ကာဗာနီ ရဲ့ သရေ ရလဒ် ထွက်ပေါ် စေခဲ့တဲ့ ခြေပဂိုး အတွက်အရေးပါသူ ဖြစ်ခဲ့သလို မမောတမ်း ကစာရင်း တိုက်စစ်ရော ခံစစ်ပါ ကူညီ နိုင်ခဲ့ ပါတယ် ။

ပေါ့ဂ်ဘာ ( 8.5 )

ပြစ်ဒဏ်ဘော ကျူးလွန် ခဲ့တဲ့ အတွက် စောစောစီးစီး အဝါကဒ် ပြသ ခံခဲ့ရ ပါတယ် ။ ဒါပေမယ့် လက်ကျန် မိနစ်မှာ စည်းကမ်း တကျ ကစား နိုင်ခဲ့ သလို တိုက်စစ်ကိုလည်း မကြာခန တက်ရောက် ကူညီ ပေးနိုင်ခဲ့ ပါတယ် ။

ဂရင်းဝုဒ် ( 5.5 )

ရှားရှားပါးပါး ပွဲထွက် ကစားခွင့် ပိုင်ဆိုင် ထားနိုင်ခဲ့ပေမယ့် မျှော်လင့် နေခဲ့တဲ့ ပုံစံကောင်း ပြသ နိုင်ဖို့ ၊ ပြိုင်ဖက် တွေကို ဒုက္ခ ပေးနိုင်ဖို့ ရုန်းကန် ခဲ့ရ ပါတယ် ။

မာရှယ် ( 6 )

တောင်ပံ တိုက်စစ် ကစားသမား အဖြစ် ပါဝင် ကစားခွင့် ရရှိ ခဲ့ပြီး ပြိုင်ဖက် ခံစစ် ကစားသမား တွေကို လုံလောက်စွာ ဒုက္ခ မပေးနိုင်ခဲ့ ပါဘူး ။ ပြိုင်ဖက် တွေကို ကျော်ဖြတ် ပြဖို့ ၊ ဖြတ်တင်ဘော တွေကို ပေးနိုင်ဖို့ ရုန်းကန် ခဲ့ရ သလို ဂိုးပေါက်လည်း လုံလောက်စွာ မခြိမ်းခြောက် နိုင်ခဲ့ ပါဘူး ။

ဘရူနို ( 6 )

ကာဗာနီရဲ့ အဖွင့်ဂိုးကို ရရှိ စေရေးမှာ အရေးပါသူ ဖြစ်ခဲ့ ပါတယ် ။ ဒါပေမယ့် ပရိသတ်တွေ မျှော်လင့် သလောက် ပုံစံကောင်း တွေကို မပြသ နိုင်ခဲ့ ပါဘူး ။ ကောင်းမွန်တဲ့ ဂိုးပေါက် ခြိမ်းခြောက်မှုတွေ ပြုလုပ် နိုင်ခဲ့ ပါတယ် ။

ကာဗာနီ ( 7.5 )

အသင်း အတွက် လိုအပ်တဲ့ အဖွင့်ဂိုးကို ပါးနပ်စွာ အခွင့်ကောင်းယူ သွင်းပေး နိုင်ခဲ့ ပါတယ် ။ မမောနိုင် မပမ်းနိုင် ကစားပေးခဲ့ပြီး ပြိုင်ဖက် ခံစစ် ကစားသမား တွေကို ဒုက္ခ ပေးနိုင်ခဲ့ ပါတယ် ။

လူစားဝင် ကစားသမားများ…

တော်မီနေး ( 6 )
ရပ်ရှ်ဖို့ ( 5 )
မာတစ် ( 6 )

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular