သတင်းကြီး နေခဲ့တဲ့ ပေါ့ဂ်ဘာရဲ့ အနာဂတ်အကြောင်းကို အတည်ပြု ပြောကြား ပေးလိုက်တဲ့ ဆိုးလ်ရှား

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အားထား ရတဲ့ ကွင်းလယ် ကစားသမား ဖြစ်သူ ပေါလ် ပေါ့ဂ်ဘာဟာ လာမယ့် နွေမှာ အသင်း နဲ့ စာချုပ် သက်တမ်း ကုန်ဆုံး သွားဖို့ ရှိနေ ပါတယ် ။ ယူနိုက်တက် အသင်း ဖက်ကတော့ သူ့ကို တစ်နှစ် စာချုပ် သက်တမ်း တိုးခွင့် ရှိနေပါ သေးတယ် ။

အခြား တစ်ဖက်မှာတော့ ပေါ့ဂ်ဘာ ကိုယ်တိုင်က ပြင်သစ် လက်ရွေးစင် အသင်း အတွက် ကစားပေး နေစဉ် တုန်းက ဇနက်ဒင်း ဇီဒန်း ကိုင်တွယ်တဲ့ ရီးယဲ မက်ဒရစ် အသင်း အတွက် ကစား ပေးရေး ဆိုတာ အိပ်မက် တစ်ခု ဖြစ်ကြောင်း ဒုတိယ အကြိမ်မြောက် ပြောရင်း ကောလဟာလ သတင်းတွေ ကျယ်လောင် စေခဲ့ပါ သေးတယ် ။

myan789

” ဘောလုံး ကစားသမား တိုင်းက ရီးယဲ မက်ဒရစ် အသင်း အတွက် ကစားပေး ရတာ နှစ်သက် ကြပါ လိမ့်မယ် ။ ဒါက ကျွန်တော့် အတွက်လည်း အိပ်မက် တစ်ခု ပါပဲ ။ တစ်နေ့ မဖြစ်လာ နိုင်ဘူး လို့ ဘယ်သူ ပြောနိုင် မလဲ ? အခုတော့ ကျွန်တော် မန်ချက်စတာ မှာ ရှိနေ ပါတယ် ။ ကျွန်တော့် အသင်းကို ကျွန်တော် ချစ်ပါတယ် ”

” ကျွန်တော်ဟာ မန်ချက်စတာမှာ ကစား နေပြီး ပျော်ရွှင်မှု တွေကို ခံစား နေရပါတယ် ။ ကျွန်တော့် အသင်းကို ထိုက်တန်တဲ့ နေရာ တစ်ခုဆီ ပို့ဆောင်ပေးနိုင်ဖို့ စွမ်းနိုင် သမျှ အရာ အားလုံး ကြိုးစား လုပ်ဆောင် သွားမှာပါ ။ ကျွန်တော့်ရဲ့ အသင်းဖော်တွေ နည်းတူ အကောင်းဆုံး စွမ်းဆောင်ရည် ပေးဆပ် သွားဖို့ ကြိုးစား သွားမှာပါ ”

” စာချုပ် သက်တမ်း တိုးရေး နဲ့ ပတ်သက်လို့ ကျွန်တော့်ကို ဘယ်သူမှ ဘာမှ မပြောထားကြ ပါဘူး ။ ကျွန်တော် အက်ဒ်ဝုဒ် နဲ့လည်း စကား ပြောဆို ထားတာ မရှိသေး ပါဘူး ။ ကျွန်တော် တို့ဟာ စာချုပ် သက်တမ်း တိုးရေး နဲ့ ပတ်သက်လို့ ဘာ စကား ကိုမှ မပြောဆို ထားခဲ့ကြ ပါဘူး ”

” လက်ရှိ အချိန် ကျွန်တော်ဟာ မန်ချက်စတာမှာ ရှိနေပြီး အကောင်းဆုံး ပုံစံကို ပြန်လည် ပြသ နိုင်ရေး အတွက်ပဲ အထူး အာရုံစိုက် နေပါတယ် ။ အသင်း ဖက်က ကျွန်တော့်ဆီ လာပြီး စာချုပ် ကိစ္စ ပြောဆို ဆွေးနွေးမယ် ၊ ဒါမှမဟုတ် မပြောဘူး ဆိုတဲ့ အခိုက်အတန့် တစ်ခုတော့ ရှိလာမှာပါ ” လို့ ပေါ့ဂ်ဘာ က ဖွင့်ဟ ပြောကြား ခဲ့တာပဲ ဖြစ်ပါတယ် ။

ပေါ့ဂ်ဘာ အခုလို ပြောကြား ခဲ့တဲ့ အတွက် ယူနိုက်တက် ပရိသတ် တွေက အတော်လေး စိတ်ပျက် ခဲ့ကြပြီး အချို့ ကတော့ ရောင်းချ လိုက်ဖို့ အသင်းကို တိုက်တွန်း ခဲ့ကြပါ သေးတယ် ။ အချို့ ကတော့ သူ့ရဲ့ စိတ်ထဲမှာ ရှိတဲ့ စကားကို ဖွင့်ပြောတာပဲ ဆိုပြီး နားလည်မှု ပေးခဲ့ ကြပါ သေးတယ် ။

အခုတော့ ယူနိုက်တက် နည်းပြ ဆိုးလ်ရှား က ပေါ့ဂ်ဘာဟာ အသင်း မှာ အနည်းဆုံး နှစ်နှစ် ( 2022 နွေ အထိ ) ဆက်လက် ရှိနေ လိမ့်မယ် ဆိုတဲ့ စကားကို ပြောကြား လိုက်ခြင်း ဖြင့် ကစားသမား နဲ့ ပတ်သက်တဲ့ ကောလဟာလ သတင်း တွေကို တိတ်ဆိတ် သွားစေခဲ့ ပါပြီ ။

” ပေါလ် က ကျွန်တော် တို့ရဲ့ ကစားသမားပါ ။ သူဟာ အသင်းမှာပဲ နောက်ထပ် နှစ်နှစ် ရှိနေပါ လိမ့်မယ် ။ ပေါလ် က အသင်း အတွက် အကောင်းဆုံး လုပ်တောင် ပေးနိုင်ဖို့ အာရုံစိုက် နေပါတယ် ။ လာမယ့် နှစ်နှစ် အတွင်းမှာတော့ ကျွန်တော်တို့ဟာ သူ့ဆီက အကောင်းဆုံး အရည်အသွေး သေချာပေါက် ပိုင်ဆိုင် နိုင်ပါ လိမ့်မယ် ” လို့ ဆိုးလ်ရှား က အတည်ပြု ပြောကြား သွားခဲ့လိုက် ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular