ဝိန်းရွန်းနီရဲ့ ချီးကျူးမှုကို တုန့်ပြန်ရင်း အင်္ဂလန်မှာ ဟယ်ရီ ကိန်းနဲ့ နေရာ တစ်ခုအတွက် တိုက်ပွဲဝင်ရမယ့် အပေါ် မှတ်ချက်ပေးလိုက်တဲ့ မေဆွန် ဂရင်းဝုဒ်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ လူငယ်တိုက်စစ် ကစားသမားလေး ဖြစ်တဲ့ မေဆွန် ဂရင်းဝုဒ်က ဝိန်း ရွန်းနီ ရဲ့ ချီးကျူးမှုတွေကို ခံခဲ့ရခြင်းက ဂုဏ်ယူစရာ ဖြစ်ကြောင်း ပြောကြား သွားခဲ့လိုက် ပါတယ် ။ ယူနိုက်တက် ဂန္ဓဝင် ဝိန်း ရွန်းနီ ဟာ သဘာဝ အလျောက် ဂိုးသွင်း စွမ်းရည် ကောင်းမွန်တဲ့ မေဆွန် ဂရင်းဝုဒ် ကို အင်္ဂလန် လက်ရွေးစင် အသင်းမှာ ဟယ်ရီ ကိန်းရဲ့ နေရာကို အစားထိုးမယ့် ကစားသမား အဖြစ် သတ်မှတ်ခဲ့ ပါတယ် ။

ဂရင်းဝုဒ်ကို ချီးကျူး ခဲ့တာ ဝိန်း ရွန်းနီ တစ်ဦးတည်း မဟုတ်ခဲ့ရ ပါဘူး ။ ပရီးမီးယားလိဂ် ဂန္တဝင် အလန်ရှီးယား ကလည်း အသက် 19 နှစ် အရွယ်သာ ရှိသေးတဲ့ တိုက်စစ် ကစားသမားလေးဟာ ပရီးမီးယားလိဂ်ရဲ့ ဂိုးသွင်း စံချိန်ကို ချိုးဖျက် နိုင်မယ့် ကစား သမား တစ်ဦး ဖြစ်ကြောင်း ချီးမွမ်းခဲ့ဖူးပါ သေးတယ် ။

myan789

အခုတော့ world soccer magazine နဲ့ လုပ်ဆောင် ခဲ့တဲ့ အင်တာဗျူး အစီအစဉ်မှာ ယူနိုက်တက် ကြယ်ပွင့်လေးက ဂန္တဝင် ကစားသမားဟောင်းတွေ ဆီက ချီးကျူးမှု တွေကို ရရှိ နိုင်တာက ဝမ်းမြောက်ဖွယ် ဖြစ်ကြောင်း ၊ ဒါပေမယ့် သူ့ အနေနဲ့ ရှေ့ဆက်ပြီး အကောင်းဆုံး ကြိုးစား အားထုတ်ဖို့ လိုအပ် နေသေးကြောင်း ပြန်လည် တုန့်ပြန် သွားခဲ့လိုက် ပါတယ် ။

” ဒီလို စကားတွေကို ကြားသိရတာက တစ်ကယ့်ကို ကောင်းမွန်တဲ့ အရာ တစ်ခု ပါပဲ ။ ဒါပေမယ့် ကျွန်တော် အဓိကထားပြီး လုပ်ရမယ့် အရာကတော့ ဆက်လက် အာရုံစိုက်ရေး နဲ့ ခြေစွမ်း တွေကို ကွင်းထဲမှာ ပြသရေး ပါပဲ ။ အခုလို စကားမျိုးကို ဝိန်း ရွန်းနီ… ယူနိုက်တက် ဂန္တဝင်ကြီး ဆီက ကြားသိ ရတာက ကျွန်တော့် အတွက်တော့ တစ်ကယ့်ကို အံ့ဖွယ် ပါပဲ ဗျာ ”

” ကျွန်တော်ဟာ ငယ်စဉ် ကတည်းက သူ့ကို စောင့်ကြည်းရင်း အားပေး ခဲ့သူ တစ်ဦးပါ ။ သူ့လို ကစားသမား ဆီက အခုလို စကားမျိုး ကြားရတာ ကျွန်တော့်ရဲ့ မျက်နှာအထက်မှာ ကြီးမားတဲ့ အပြုံး တွေကို ဖြစ်ပေါ်စေပါတယ် ။ ဒါပေမယ့် အကောင်းဆုံး ရှေ့ဆက် နိုင်ဖို့အတွက် ကြိုးစား အားထုတ်ရမယ် ဆိုတာက အရေး အကြီးဆုံးပဲ ဆိုတာ ကျွန်တော် နားလည် ပါတယ် ” လို့ ဂရင်းဝုဒ် က ပြန်လည် ဖြေကြား သွားခဲ့လိုက် ပါတယ် ။

အဲ့ဒီနောက် အင်္ဂလန် လက်ရွေးစင် အသင်းမှာ ဟယ်ရီကိန်းနဲ့ အတူ နေရာ တစ်ခု ရရှိ နိုင်ရေး အတွက် စိန်ခေါ်မှု တွေကို ရင်ဆိုင် ရမှာနဲ့ ပတ်သက်လို့ အမေး ခံလိုက် ရတဲ့ အချိန် မှာတော့ ယူနိုက်တက် ကြယ်ပွင့်လေးက သူဟာ ဂါးရတ် ဆောက်ဂိတ်ရဲ့ အသင်းမှာ နေရာ တစ်ခု ရရှိ နိုင်ရေး အတွက် ရင်ဆိုင် ယှဉ်ပြိုင်မှု တွေကို လုပ်ဆောင် နိုင်စွမ်း ရှိတယ်လို့ ခံစား ရကြောင်း ပြန်လည် ဖြေကြား သွားခဲ့လိုက် ပါတယ် ။

” ကျွန်တော်ဟာ ဘယ်သူနဲ့မဆို ယှဉ်ပြိုင်ဖို့ အတွက် အမြဲတမ်း အဆင်သင့် ရှိနေတယ် လို့ ခံစား နေရ ပါတယ် ။ အင်္ဂလန်မှာ နေရာ တစ်ခု ရရှိဖို့ ယှဉ်ပြိုင် ရတယ် ဆိုတာက လိဂ်မှာ ကစားခွင့် ရရှိဖို့ အားထုတ်ရ သလိုမျိုး ပါပဲ ။ ကျွန်တော်တို့ အမှတ်ပေး ပြိုင်ပွဲမှာ ကွင်းထဲ အပြုံးတွေနဲ့ ဝင်ရောက်ရင်း ဘောလုံးကို အကောင်းဆုံး ကြိုးစား ကစားပေးဖို့ လိုအပ် ပါတယ် ။ ကျွန်တော်တို့ လုပ်ရမှာက အချိန်တိုင်း အကောင်းဆုံး လုပ်နိုင်ဖို့ ကြိုးစားရေး ပါပဲ ”

” သေချာတာ ကတော့ လူတွေ အားလုံး အတူတကွ ရှိနေကြတဲ့ အချိန်မှာ အင်္ဂလန် ဆိုတာ စုဖွဲ့မှု ကောင်းမွန်တဲ့ အသင်း တစ်သင်း ဖြစ်သွားလေ့ ရှိပါတယ် ။ နေရာ တစ်ခု ရရှိ နိုင်ဖို့ အတွက် အားလုံးက တွန်းအားတွေ ပေးနေကြတာ အသင်း အတွက် တစ်ကယ့်ကို ကောင်းပါတယ် ။ အဲ့တာက လေ့ကျင့်ရေး တွေကို ပိုကောင်းစေ သလို ပွဲစဉ် မှာလည်း ဆက်လက် ကောင်းမွန် နိုင်ဖို့ မျှော်လင့် နေပါတယ် ”

” ကျွန်တော်ဟာ လူငယ် အသင်းအတွက် ကစားပေး ခဲ့စဉ် ကတည်းက သူ့ (ဟယ်ရီ ကိန်း) ကို ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အမြဲလို စောင့်ကြည့် ဖြစ်ခဲ့ပါတယ် ။ သူဟာ အဆုံးသတ် ခမ်းနားလှတဲ့ ကစားသမား တစ်ဦး ပါပဲ ။ ကျွန်တော့် အတွက်တော့ သူက role model တစ်ဦး ပါပဲ ” လို့ ဂရင်းဝုဒ် က ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular