ဝက်စ် ဘရွန်းနဲ့ ပွဲစဉ်မှ ကွင်းလယ်ဒိုင်ရဲ့ အငြင်းပွားဖွယ် ဆုံးဖြတ်ချက် သုံးခုအပေါ် သူ့ရဲ့ အမြင်ကို ပြောပြလိုက်တဲ့ ဆိုးလ်ရှား

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မနေ့က အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲမှာ ဝက်စ် ဘရွန်း အသင်း နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် 9 အဖြစ် ရင်ဆိုင် ကစားခဲ့ရပြီး 1 – 0 ဆိုတဲ့ ရလဒ် နဲ့ အနိုင်ယူ သွားနိုင်ခဲ့ ပါတယ် ။ အဆိုပါ ပွဲမှာ ယူနိုက်တက် အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ် က ပင်နယ်တီမှ တစ်ဆင့် သွင်းယူခဲ့ ပါတယ် ။

အဆိုပါ ပွဲစဉ်ရဲ့ ဒုတိယပိုင်းမှာ ယူနိုက်တက် ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ် က ပြိုင်ဖက် တိုက်စစ် ကစားသမား ဖြစ်သူ ဂယ်လေဂါ ကို မိမိ ဂိုး ဧရိယာ ဖက်မှာ ပစ်ဒဏ် ကျူးလွန် သလို ဖြစ်သွား ခဲ့တဲ့ အတွက် ကနဦမှာ ကွင်းလယ်ဒိုင် ကူးတီ က ပင်နယ်တီ သတ်မှတ် ပေးခဲ့ ပါတယ် ။

myan789

ဒါပေမယ့် ယူနိုက်တက် ကစားသမား တွေက စောဒက တက်ခဲ့ကြ သလို VAR ဒိုင်ကလည်း VAR ဖန်သားပြင်ထက် သွားရောက် ကြည့်ရှု စစ်ဆေးဖို့ ကူးတီကို တိုက်တွန်း ခဲ့တဲ့နောက် သူဟာ စစ်ဆေး ခဲ့ပြီးနောက် ဝက်စ် ဘရွန်း အသင်းကို ပင်နယ်တီ ပေးဖို့ ငြင်းဆန် သွားခဲ့လိုက် ပါတယ် ။

အဲ့ဒီနောက် ပွဲချိန် 53 မိနစ်မှာ ယူနိုက်တက် ကွင်းလယ်လူ ဟွမ် မာတာ ဟာ ပြိုင်ဖက် အသင်း ရဲ့ ဂိုး ဧရိယာ ထဲမှာ ဘောလုံး ပေးပို့မှု ပြုလုပ် ခဲ့ရာ ဘောလုံး က နောက်ခံလူ ဖာလောင်း ရဲ့ လက်ကို ထိသွားခဲ့ ပါတယ် ။ ဒါကို VAR နဲ့ စစ်ဆေးပြီးနောက် ကွင်းလယ်ဒိုင် က ယူနိုက်တက် အတွက် ပင်နယ်တီ သတ်မှတ် ပေးခဲ့ ပါတယ် ။

အဆိုပါ ပင်နယ်တီကို ယူနိုက်တက် အသင်းရဲ့ ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ် က ကန်သွင်း ခဲ့ရာ ဝက်စ် ဘရွန်း ဂိုးသမား ဆမ် ဂျွန်စတုန်း က ပုတ်ထုတ် ကာကွယ် သွားနိုင်ခဲ့ ပါတယ် ။ ဒါပေမယ့် VAR နဲ့ ပြန်လည် စစ်ဆေးရာမှာ ဂျွန်စတုန်းဟာ ဘောလုံး မလာမီ ဂိုးစည်း ကျော်ခဲ့တာကို တွေ့ခဲ့ရ ပါတယ် ။

ဒါ့ကြောင့် ယူနိုက်တက် တို့ဟာ နောက် တစ်ကြိမ် ပင်နယ်တီ ကန်သွင်းခွင့် ရရှိ ခဲ့ပြီး ဒီ တစ်ကြိမ် မှာတော့ ဘရူနို ဖာနန်ဒက်စ် က ဂိုးအဖြစ် ပြောင်းလဲ သွားနိုင်ခဲ့ ပါတယ် ။ ဒါ့ကြောင့် ယူနိုက်တက် တို့လည်း အမှတ်ပေး ဖလား ပြိုင်ပွဲ မှာ ပထမဆုံး အိမ်ကွင်း နိုင်ပွဲ ရယူ နိုင်ခဲ့ကြ ပါတယ် ။

ဒါပေမယ့် ပွဲစဉ် အပြီးမှာတော့ သတင်း သုံးသပ်သူ တွေနဲ့ ပရိသတ် တွေဟာ ကွင်းလယ်ဒိုင် နဲ့ VAR ရဲ့ အထက်ပါ ဆုံးဖြတ်ချက် 3 ခု အပေါ် မကျေမနပ် ဖြစ်ခဲ့ကြောင်း မှတ်ချက်တွေ ကိုယ်စီ ပေးဆောင် ခဲ့ကြတဲ့ အတွက် ပြောစရာတွေ ဖြစ်သွား ခဲ့ရ ပါတယ် ။

အခုတော့ ယူနိုက်တက် အသင်း နည်းပြ ဆိုးလ်ရှား က အဆိုပါ ပွဲစဉ်မှာ ကွင်းလယ်ဒိုင် ဖြစ်သူဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက် 3 ခုကို ချမှတ် သွားခဲ့တာ ဖြစ်ကြောင်း ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲ မှာ ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

” အမှတ် 3 မှတ် ရရှိ ခဲ့တဲ့ အတွက် ကျွန်တော်တို့ ကြည်နူး ဝမ်းမြောက်မိ ပါတယ် ။ ဒီရာသီ လိဂ် ပြိုင်ပွဲမှာ ပထမဆုံး အိမ်ကွင်း နိုင်ပွဲကို Clean Sheet နဲ့ ရယူနိုင် ခဲ့တယ်လေ ။ ဒီအတွက် ကျွန်တော်တို့ တွေဟာ ပျော်ရွှင်မိကြ ပါတယ် ”

” ကွင်းလယ်ဒိုင် ကလည်း ခက်ခဲတဲ့ ဆုံးဖြတ်ချက် 3 ကြိမ်ထိ ချမှတ် ခဲ့ရ ပါတယ် ။ သူဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက် 3 ခုကို ချမှတ် သွားနိုင်ခဲ့ ပါတယ် ။ ဆမ် ( ဂျွန်စတုန်း ) ကလည်း ပင်နယ်တီ ဖမ်းရာမှာ ဂိုးစည်း ကျော်နေ ခဲ့တယ် လေ ”

” စွမ်းဆောင်ရည် အရ ကြည့်ရှု လိုက်မယ် ဆိုရင် ဒါဟာ ရှေ့ တစ်လှမ်း တက်ခြင်း မဖြစ်ခဲ့ရ ပါဘူး ။ ပြီးခဲ့တဲ့ တစ်ပါတ်က အဲဗာတန် နဲ့ ပွဲစဉ် တုန်းက ဆိုရင် ကျွန်တော် တို့ တွေဟာ ကစားပုံ တစ်ကယ်ပဲ ကောင်းမွန် ခဲ့ကြ ပါတယ် ။ အဲ့ပွဲက စွမ်းဆောင်ရည် အပေါ် ကျွန်တော် တကယ်ပဲ ပျော်ရွှင်မိခဲ့ ပါတယ် ”

” ဒါပေမယ့် ဒီပွဲကတော့ စွမ်းဆောင်ရည် ပုံမှန်အောင် ရောက်ခဲ့ ပါတယ် ။ ဒါပေမယ့် ကျွန်တော် တို့ဟာ အိမ်ကွင်း နိုင်ပွဲတော့ ရရှိ သွားခဲ့ကြ ပါတယ် ။ တခါတလေ ကျရောက် ရမှတ် သုံးမှတ် ဆိုတာက စွမ်းဆောင်ရည်ကောင်း ပြသတာထက် ပိုပြီး အရေးပါ ပါတယ် ”

” ဒါပေမယ့် အမှတ်ပေး ဇယား ထိပ်ပိုင်း ရောက်နိုင်ဖို့ အတွက် ကျွန်တော်တို့ ပိုကောင်းအောင် ကစားနိုင်ဖို့ လိုအပ် နေပါသေးတယ် ။ နိုင်ငံတကာ ပွဲစဉ် ပြီးတိုင်း ပွဲကစားရတာ တွေက မလွယ်ကူခဲ့တာချည်း ပါပဲ ။ ပွဲစဉ် အတွက် ပြင်ဆင်ဖို့ အချိန် သိပ်မရဘူးလေ ” လို့ ဆိုးလ်ရှား က ပြောကြား ခဲ့လိုက် ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular