လွန်ခဲ့တဲ့ 10 နှစ် က ယူနိုက်တက် ကနေ ထွက်ခွာပြီး ၊ ဘာစီလိုနာ နဲ့ ရီးရဲ မက်ဒရစ် ကို ပြောင်းရွှေ့ဖို့အတွက် နီးစပ်ခဲ့ဖူးတဲ့ အကြောင်းကို ဖွင့်ဟလိုက်တဲ့ ရွန်းနီ

အင်္ဂလန် အသင်းခေါင်းဆောင်ဟောင်းကြီး ဝိန်း ရွန်းနီ ကတော့ ယူနိုက်တက် မှာ ကစားခဲ့စဉ်က အသင်းနဲ့ အဆင်မပြေ ဖြစ်ခဲ့ပြီးနောက် ၊ အသင်းပြောင်းဖို့ နီးစပ်ခဲ့ပုံတွေ အကြောင်းကို ပြန်လည် ဖွင့်ဟလိုက်ပါတယ်။ 2010 ခုနှစ် အောက်တိုဘာ လ အတွင်းမှာ အသင်းရဲ့ ကစားသမားကောင်း ခေါ်ယူမှု ပျက်ကွက်တဲ့ အပေါ် ဝေဖန်ခဲ့ပြီး နောက်ပိုင်း ၊ အိုးထရက်ဖို့ ကနေ ထွက်ခွာချင်တဲ့ အရိပ်ယောာင်တွေ ပြသခဲ့ပါတယ်။

အဲဒီ သတင်းဟာ ဥရောပ တစ်ဝန်းက ထိပ်သီး ကလပ်တွေ ကို နှိုးဆွသလို ဖြစ်ခဲ့ပြီး ၊ သူ့ ကို ခေါ်ယူဖို့ အတွက် တရားဝင် ချဉ်းကပ်မှုတွေ လုပ်ဆောင် လာခဲ့ကြပါတယ်။

myan789

သတင်းစာတွေ ရဲ့ ဖော်ပြချက် အရ မော်ရင်ဟို ရဲ့ ချဲဆီးဟာ ရွန်းနီ ကို ခေါ်ယူဖို့ အတွက် ထိပ်ဆုံးကနေ ရေပန်းစားနေတယ်လို့ သိခဲ့ရသလို ၊ မြို့ခံပြိုင်ဘက် မန်စီးတီး က ကြိုးစားနေတဲ့ သတင်းတွေလဲ ဖတ်ခဲ့ရပါတယ်။ ရွန်းနီ ရဲ့ ပြန်လည် ပြောပြချက် အရတော့ ရီးရဲ မက်ဒရစ် နဲ့ ဘာစီလိုနာ အသင်းတို့ဟာလဲ သူ့ကို ခေါ်ယူဖို့ လက်တစ်ကမ်း အလိုမှာ ရှိခဲ့ပြီး ၊ သူကိုယ်တိုင် စပိန် ကို ပြောင်းရွှေ့ဖို့ စိတ်ကူး မိခဲ့တဲ့ အကြောင်းကိုလဲ ဝန်ခံသွားခဲ့ ပါတယ်။

UTD Podcast နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ “ ချဲဆီး က ကြိုးစားခဲ့တဲ့ ခြေလှမ်းတွေ အကြောင်းကိုတော့ မီဒီယာ သမားတွေက အမိအရ ဖော်ပြနိုင်ခဲ့တယ် ထင်ပါတယ်။ ဒါပေမယ့် ရီးရဲ မက်ဒရစ် ၊ ဘာစီလိုနာ ၊ မန်စီးတီး တို့ကလဲ ကျနော့်ကို ခေါ်ယူဖို့ ဆက်တိုက် ဆက်သွယ်နေခဲ့တာပါ။ အဲဒီ ကလပ်တွေကို ပြောင်းရွှေ့ဖို့ အတွက်တော့ ဘယ်တုန်းကမှ ရွေးချယ်စရာ မဟုတ်ခဲ့ပါဘူး။

အပြောင်းအရွှေ့ ကောလဟာလ သတင်းတွေ ပေါ်ထွက်ခဲ့တာ က အများကြီးပဲဗျ။ အခုန က ပြောခဲ့တဲ့ 3 သင်း ကတော့ ပိုပြီးတော့ ယုတ္တိဆန်တဲ့ ရွေးချယ်မှုတွေ ပေါ့။ အဲဒီ ကာလ 2 ရက် အတွင်းမှာ ဆိုရင် ၊ ကျနော် ကိုယ်တိုင်က စပိန်မှာ ပြောင်းတော့မယ် ကွာ ဆိုပြီး ဖြစ်နေခဲ့တာပါ။

ကိုယ့် ရဲ့ အတွေးထဲမှာတော့ ဘာစီလိုနာ ကို ပိုပြီး သွားချင်ခဲ့ပါတယ်။ ဒါပေမယ့် ပိုပြီး နီးစပ်မှု ရှိနေတာက ရီးရဲ မက်ဒရစ်ပါ။ ချဲဆီး ကလဲ အမြဲတမ်း ဘေးမှာ ရှိခဲ့ပါတယ်။

အရိုးသားဆုံး ဝန်ခံရရင်တော့ အဲဒီ 2 ရက် အတွင်းမှာ ကျနော် နဲ့ အဲဒီ ကလပ်က တာဝန်ရှိတဲ့ သူတွေ အကြား တိုက်ရိုတ် ဆက်သွယ် ပြောဆိုမှုတွေတောင် ရှိခဲ့သလို ၊ ကျနော့် ကိုယ်စားလှယ်တွေ နဲ့ ကလပ်တွေ အကြားမှာလဲ ရှိခဲ့ပါတယ်။

တစ်ခါက ထိုင်နေရင်း နဲ့ မက်ဆီ ၊ ဇာဗီ ၊ အီနီယေစတာ ၊ ဘက်စ်ကွက် တို့ရှိနေတဲ့ ဘာစီလိုနာ မှာများ ကစားရမယ် ဆိုရင် ဆိုတဲ့ အတွေးမျိုး နဲ့တောင် စိတ်ကူးယဉ်ခဲ့ဖူးတာ မှတ်မိနေတုန်းပါ။ အဲဒီ အချိန်က မက်ဆီဟာ အခုလို NO.9 နေရာ မှာ မကစားသေးဘူးလေ။ သူက တောင်ပံ မှာပဲ နေရာယူထားတုန်းပေါ့။

ကျနော် တွေးမိခဲ့တာက အဲဒီ စုဖွဲ့မှု မှာ ဆိုရင် ငါနဲ့ အံဝင် ခွင်ကျ ဖြစ်လိမ့်မယ်ပေါ့။ ဘောလုံး ကို ဆင်းပြီး လက်ခံ ပေးလို့ ရသလို ၊ ပြိုင်ဘက် နောက်တန်း ကို ကျော်ပြေးနိုင်ဖို့ အတွက် လမ်းကြောင်း ခင်းမှုတွေလဲ လုပ်ပေးနိုင်မယ် လို့တောင် စဉ်းစားမိခဲ့ဖူးပါတယ်” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။

သို့သော် အဲဒီ 2 ရက် က ကျော်လွန်သွားချိန်မှာတော့ ရွန်းနီ ဟာ ဖာဂူဆန် ၊ ဒေးဗစ် ဂီးလ် တို့နဲ့ တွေ့ဆုံပြီး စိတ်ပြောင်းကာ ၊ အသင်းနဲ့ 5 နှစ် စာချုပ်သစ် ချုပ်ဆိုသွားခဲ့ ပါတယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular