လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းက ကြံ့ခိုင်မှုမျိုးနဲ့သာ ဆိုရင် သူ့ကို ဘယ်သူမှ ရပ်တန့်နိုင်မှာ မဟုတ်ဘူးလို့ ကြုံးဝါးလိုက်တဲ့ အီဗရာဟီမိုဗစ်

မနေ့ညက မီလန် ဒါဘီမှာ အင်တာမီလန် အသင်းကို အနိုင် ရရှိ ခဲ့ပြီးနောက် ဇလာတန် အီဗရာဟီမိုဗစ်က အေစီမီလန် အသင်းဟာ ဒီရာသီ စီးရီးအေ အမှတ်ပေးဖလားကို စိန်ခေါ် နိုင်စွမ်း ရှိတယ်လို့ ဆိုလိုက်ပါတယ်။ ဆွီဒင်လက်ရွေးစင် အတွက် ဒါဟာ ကိုဗစ် ၁၉ ဖြစ်ခဲ့ပြီးနောက် ပထမဦးဆုံး ပြန်ကစား ခဲ့ဲတဲ့ ပွဲစဉ် ဖြစ်ခဲ့ပြီး မိုဗစ်ဟာ မြိုခံပြိုင်ဘက်ကို ၄ နှစ်ကျော် ကာလ အတွင်း လိဂ်ပြိုင်ပွဲမှာ ပထမဦးဆုံး အကြိမ် အနိုင် ရရှိအောင် ပထမပိုင်း သွင်းဂိုး ၂ ဂိုးနဲ့ ကူညီ ပေးခဲ့ပါတယ်။

အီဗရာဟီမိုဗစ်ဟာ အယ်အေဂလက်စီ ကနေ ထွက်ခွာလာခဲ့ပြီးနောက် ပြီးခဲ့တဲ့ ရာသီဝက် ကတည်းက မီလန် အတွက် စတင် ကစား ပေးခဲ့သူ ဖြစ်ပြီး အသင်းအတွက် များစွာ အကျိုးပြု ပေးနိုင်ခဲ့ကာ ဒါဘီမှာ အင်တာကို အနိုင်ယူခဲ့ပြီးနောက် မီလန်ဟာ အမှတ်ပေးဖလား ဆွတ်ခူးနိုင်စွမ်း ရှိနေတယ်လို့ ယုံကြည်မှု အပြည့် ရှိနေပါတယ်။

myan789

အီဗရာဟီမိုဗစ်က “မီလန်ဟာ ဒါဘီမှာ အနိုင်မရတာ ၄ နှစ် ရှိနေပါပြီ။ ကျွန်တော် ပြီးခဲ့တဲ့ ၂ ပတ်တာ ကာလအတွင်း အိမ်မှာပဲ ပိတ်မိ နေခဲ့တာပါ။ ဒါ့ကြောင့် ကျွန်တော် ပွဲကစားရဖို့ အရမ်းကို ဆာလောင် နေခဲ့ပြီး ဒီနေ့မှာ ဒါကို ပြသနိုင် ခဲ့ပါတယ်။ ကျွန်တော့်ရဲ့ အရသာခံမှု အနည်းငယ် ပျောက်သွား ခဲ့တာပါ။ ဒါပေမယ့် ကျွန်တော် ၃ ရက် တစ်ကြိမ် swap လုပ်ခဲ့ပြီး positive ဖြစ်နေဆဲ ဆိုရင်တောင် ကျွန်တော် ဒါဘီမှာ ဘာပဲဖြစ်ဖြစ် ကစား သွားချင်ခဲ့ပါတယ်။

ကျွန်တော့်ရဲ့ ပင်နယ်တီ ကန်ချက်ကို ဂိုးသမား ကာကွယ် သွားနိုင် ခဲ့တဲ့ အတွက် စိတ်ပျက်လက်ပျက် ဖြစ်မိပါတယ်။ ဒါပေမယ့် အရေးကြီးဆုံး အရာက အသင်း အနိုင်ရရှိဖို့ ဖြစ်ပါတယ်။ ကျွန်တော်ဟာ အသင်းမှာ အသက်အကြီးဆုံးပါ။ ကျွန်တော့်မှာ တာဝန် အများကြီး ရှိတယ်လို့ ခံစားမိပြီး ကျွန်တော် ဒီခံစားချက်ကို ကြိုက်ပါတယ်။ သူတို့ကလည်း ကျွန်တော့်ရဲ့ ဦးဆောင်မှု နောက်ကို လိုက်ခဲ့ရပြီး စီးရီးအေ ဖလားကို ဆွတ်ခူးနိုင်ဖို့ ဆာလောင် နေကြပါတယ်။” လို့ ပြောလိုက်ပါတယ်။

ကိုဗစ် ၁၉ ဖြစ်ခဲ့ပေမယ့်လည်း အီဗရာဟီမိုဗစ်က သူဟာ အမြင့်ဆုံး ပုံစံနဲ့ ပြန်လာ နိုင်မယ် ဆိုတာ သိနေ ခဲ့တယ်လို့ ဆိုလိုက်ပြိး သူ့အနေနဲ့ အသက် ၃၉ နှစ် အရွယ်ထိ အမြင့်ဆုံး အဆင့်မှာ ဆက်ကစား သွားချင်တယ်လို့ ပြောလိုက်ပါတယ်။

အီဗရာဟီမိုဗစ်က “ကျွန်တော် ကိုယ့်ရဲ့ level ကို သိပါတယ်။ ဒဏ်ရာ ကိစ္စ ပြီးမြောက် ခဲ့ပြီးနောက် တဖန် ပြန်လည် ရှင်သန်ချင်တဲ့ အတွက် ကျွန်တော် အမေရိကကို သွားရောက် ခဲ့ပါတယ်။ အဲဒီအချိန်က မန်ယူနိုက်တက်ကို ကိုင်တွယ်နေတဲ့ ဂျိုဆေးမော်ရင်ညိုကို ကျွန်တော် ပရီးမီးယားလိဂ် မှာ ကစားဖို့ အဆင်သင့် မဖြစ်ဘူး ဆိုတာနဲ့ သူ့ကို စိတ်မပျက်စေချင်ဘူးလို့ ပြောခဲ့ပါတယ်။ အဲဒီနောက် ကျွန်တော် အမေရိကကို သွားကစား ခဲ့တာပါ။

မီနိုရိုင်အိုလာက ကျွန်တော့်ကို ဥရောပမှာ ပြန်ကစားရန် ပြောခဲ့ပါတယ်။ မီလန်က ကျွန်တော့်ကို လိုချင်နေတယ်လို့ ပြောခဲ့တာပါ။ ဒါ့ကြောင့် ကျွန်တော် ဒီရောက်လာ ခဲ့ပါတယ်။ ကျွန်တော်ဟာ အခုချိန်မှာ လွန်ခဲ့တဲ့ ၁၀ နှစ် ကထက် ပိုမို ပြီးပြည့်စုံတဲ့ ကစားသမား အဖြစ် ခံစား မိနေပါတယ်။ အကယ်၍ ကျွန်တော်ဟာ လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းကလို ကြံံ့ခိုင်မှုမျိုး ရှိနေမယ် ဆိုရင် ဘယ်သူမှ ကျွန်တော့်ကို ရပ်တန့် နိုင်မှာ မဟုတ်ပါဘူး။ အခုလည်း သူတို့ ကျွန်တော့်ကို ရပ်တန့် နိုင်တာ မဟုတ်ပါဘူး။

ကျွန်တော် လေ့ကျင့်မှုတွေ ပြင်းပြင်းထန်ထန် လုပ်နေသလို အတွေ့အကြုံနဲ့လည်း ကစား နေပါတယ်။ အသင်းဖော်တွေ ကလည်း ကျွန်တော့်ကို ကူညီပေးဖို့ အသင့် ဖြစ်နေကြပါတယ်။ ကျွန်တော် သူတို့ကို လေ့ကျင့်ရေးကွင်းမှာပဲ ဖြစ်ဖြစ် ပွဲမှာပဲ ဖြစ်ဖြစ် အားထုတ်မှု လျော့ချလိုက်တာမျိုး လုံး၀ လက်ခံ သွားမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ၂၀၀ ရာခိုင်နှုန်း အမြဲ လေ့ကျင့် နေရမှာပါ။

ကျွန်တော်တို့ဟာ အခုချိန်မှာ တစ်ပွဲချင်းစီကို အထူး အာရုံစိုက် ကစားနေပါတယ်။ ကျွန်တော် ဒီကို ရောက်လာတုန်းက အသင်းရဲ့ ရည်မှန်းချက်ဟာ ဥရောပ ဝင်ခွင့် ပြန်လည် ရရှိဖို့ ဖြစ်ပြီး ကျွန်တော်တို့ လုပ်နိုင်ခဲ့ပါတယ်။ ဒီရာသီ စကူဒက်တိုဟာ ကျွန်တော်တို့ အတွက် ဖြစ်နိုင်ခြေ ရှိတယ်လို့ ကျွန်တော် ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ့်ဘက်က ယုံကြည်မှု ရှိနေတယ် ဆိုရင် ဘယ်အရာ မဆို အောင်မြင်နိုင်လို့ပါ။ ဘာပဲဖြစ်ဖြစ် ခရီး အဝေးကြီး ဆက်လျှောက် သွားရအုံးမှာပါ။” လို့ ပြောလိုက်ပါတယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular