လေ့ကျင့်ရေး ကွင်းထဲ ရောက်လာပြီဖြစ်တဲ့ ဗန်ဒီ ဘိခ်ကို ဘယ်အချိန် ကတည်းက စိတ်ဝင်စားခဲ့သလဲ ၊ ကစားသမား ဆီက နှစ်ခြိုက်မိတဲ့ အရည်အသွေး တွေကို ဖွင့်ဟလိုက်တဲ့ ဆိုးလ်ရှား

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြ ဖြစ်သူ အိုလီ ဂန်နား ဆိုးလ်ရှားက မိုလ်ဒီ အသင်းကို ကိုင်တွယ်ခဲ့စဉ် ကတည်းက အသင်းသား တစ်ဦးနဲ့ ထိခိုက်မိပြီး သွေးထွက် နေခဲ့ပေမယ့် ကွင်းထဲ ဆက်လက် ရှိနေခဲ့ပြီး အင်တိုက် အားတိုက် ကစားပေး ခဲ့တဲ့ ဗန်ဒီ ဘိခ်ကို စိတ်ဝင်စား ခဲ့ကြောင်း ဖွင့်ဟ ပြောကြား ခဲ့လိုက် ပါတယ် ။

ဒါဟာ လွန်ခဲ့တဲ့ ငါးနှစ် တုန်းက အဖြစ်အပျက် တစ်ခုပဲ ဖြစ်ပါတယ် ။ 2015 ဒီဇင်ဘာ တုန်းက မိုလ်ဒီ နဲ့ အေဂျက်ဇ် အသင်း တို့ဟာ ယူရို ပါလိဂ် ပြိုင်ပွဲမှာ တွေ့ဆုံ ခဲ့ပြီး 1 – 1 ဆိုတဲ့ သရေ ရလဒ် ထွက်ပေါ် ခဲ့ကြ ပါတယ် ။ ဒီပွဲ မှာတော့ ဗန်ဒီ ဘိခ် က အေဂျက်ဇ် အတွက် ဂိုးသွင်းပေး ခဲ့တာပဲ ဖြစ်ပါတယ် ။

myan789

ဒါပေမယ့် ပွဲစဉ် အတွင်း သူဟာ မိုလ်ဒီ နောက်ခံလူ တစ်ဦး ဖြစ်တဲ့ ဂျူးနား တွိုင်ဗီယို နဲ့ ခိုက်မိ ခဲ့ပြီး ဘယ်ဖက် မျက်လုံးနားမှာ ဒဏ်ရာ ရရှိကာ သွေးထွက်သံယို ဖြစ်ခဲ့ရ ပါတယ် ။ ဒါပေမယ့် ဗန်ဒီ ဘိခ် ကတော့ သွေးတွေ ထွက်နေ ခဲ့တဲ့ ကြားက အနိုင် ရလဒ် ရရှိ စေရေး အတွက် ပွဲစဉ် အတွင်း ဆက်လက် တိုက်ပွဲဝင် နေခဲ့ ပါတယ် ။

အဆိုပါ အချိန် ကတည်းက ဆိုးလ်ရှားဟာ နယ်သာလန်သား ရဲ့ စိတ်ဓါတ်ကို နှစ်ခြိုက် သဘောကျ နေခဲ့ တာပဲ ဖြစ်ပါတယ် ။ အခုတော့ ယူနိုက်တက် အသင်းရဲ့ လေ့ကျင့်ရေး ကွင်းကို ရောက်ရှိ လာပြီ ဖြစ်တဲ့ ဗန်ဒီ ဘိခ်ကို ခေါ်ယူ ခဲ့ခြင်း နဲ့ ပတ်သက်လို့ ဆိုးလ်ရှား က သူ့ရဲ့ ဇာတ်ကြောင်းကို ပြန်ပြောင်း ပြောကြား ခဲ့လိုက် ပါတယ် ။

” ကျွန်တော် ဒွန်နီကို စောင့်ကြည့် ဖြစ်ခဲ့ ပါတယ် ။ သူဟာ မိုလ်ဒီ အသင်း ဖက် 2015 ယူရို ပါလိဂ် တုန်းက ကစားသမား ဘဝ ရဲ့ ပထမဆုံး ဂိုး သွင်းယူ ခဲ့တယ် လေ ။ ကျွန်တော်တို့ အမ်စရာဒမ် အရီနာမှာ 1 – 1 ဆိုတဲ့ သရေ ရလဒ် ထွက်ပေါ် ခဲ့ပြီး သူဟာ လှပတဲ့ ခေါင်းတိုက်ဂိုး သွင်းယူ နိုင်ခဲ့ ပါတယ် ”

” သူဟာ ကျွန်တော့် ရဲ့ နောက်ခံလူ နဲ့ ခေါင်းချင်း စောင့်မိ ခဲ့ပြီး ဒဏ်ရာ ရရှိ သွားခဲ့ပါ သေးတယ် ။ ဒါပေမယ့် သူဟာ အရမ်းကို ရဲဝံ့တဲ့ ကောင်လေး တစ်ယောက်ပါ ။ အဲ့တာက ပွဲ အစလောက် ကတည်းက ဖြစ်ခဲ့တာပါ ။ ဒါပေမယ့် သူဟာ ပွဲချိန် တစ်လျောက် အကောင်းဆုံး ကြိုးပမ်း သွားခဲ့ ပါတယ် ။ သူ့ရဲ့ ကျွန်တော်ကို ကျွန်တော် နှစ်ခြိုက်ခဲ့ ပါတယ် ”

” သူဟာ မျက်နှာ အထက် အပြုံးတွေ နဲ့ပဲ ဆက်လက် ကစားခဲ့ ပါတယ် ။ ကစားသမား တစ်ယောက်ဟာ ဒီလို စိတ်ဓါတ် ခံယူချက်နဲ့ ကစား နေမယ် ဆိုရင် ခင်ဗျားတို့ စောင့်ကြည့် ဖြစ်မှာ ပါပဲ ။ ဒါပေမယ့် ကျွန်တော်ဟာ အက်ဒ်ဝင် ဗန်ဒါဆား နဲ့ သူ့အကြောင်း သိတဲ့ သူတွေကို မေးမြန်း စုံးစမ်းခဲ့ပါ သေးတယ် ”

” ကျွန်တော် တို့က အကြောင်းသိတဲ့သူ တွေနဲ့ ကင်းထောက်တွေ အပေါ် အားထားရ ပါတယ် ။ သူဟာ လှုပ်ရှား ကစား နိုင်စွမ်း ရှိပြီး ဉာဏ်ကောင်းတဲ့ ကစားသမား တစ်ဦး ပါပဲ ။ သူဟာ ခွန်အား ရှိသူ ဖြစ်ပြီး စိတ်အား ထက်သန်မှု ရှိတဲ့ ကစားသမားပါ ။ သူဟာ အချိန်တိုင်း တိုးတက် ကောင်းမွန် နေပါတယ် ”

” သူဟာ ဂိုးတွေ သွင်းယူ နိုင်သူပါ ။ ကျွန်တော် တို့လည်း ကွင်းလယ်က ဂိုးသွင်းပေး နိုင်မယ့် ကစားသမား တွေကို အလိုရှိ ပါတယ် ။ ပြီးခဲ့တဲ့ ဘောလုံး ရာသီက ကျွန်တော်တို့ တိုက်စစ်မှူး တွေက ဂိုးတွေ အတော်လေး သွင်းယူ နိုင်ခဲ့ကြ ပါတယ် ။ ပြီးတော့ ဘရူနို ရောက်လာပြီး ဂိုးတွေ သွင်းယူ ပေးခဲ့ ပါတယ် ”

” ဒါပေမယ့် ကျွန်တော် တို့ဟာ တစ်သင်းလုံး ဆီက သွင်းဂိုး တွေကို လိုအပ် ပါတယ် ။ ကျွန်တော် တို့ဟာ ထိပ်ပိုင်း နေရာ ကို စိန်ခေါ် နိုင်ဖို့ အတွက် လုံးလောက်တဲ့ သွင်းဂိုး အရည်အတွက် တွေကို သွင်းယူ နိုင်ခြင်း မရှိ ခဲ့ကြသေး ပါဘူး ။ သူဟာ ဖန်တီး နိုင်မှု စွမ်းရည် တွေကိုလည်း ပေါင်းထည့် ပေးနိုင်သူ တစ်ဦးပါ ”

” သူဟာ ပွဲစဉ်ကို ကောင်းကောင်း ဖတ်ရှုပြီး နားလည် နိုင်စွမ်း ရှိသူ တစ်ဦး ပါပဲ ။ သူဟာ နေရာလွတ် တွေကို ရှာဖွေ နိုင်စွမ်း ရှိပြီး အချိန်မီ အရောက် သွားနိုင်စွမ်းလည်း ရှိပါတယ် ။ သူ့ရဲ့ အချိန်ကိုက် ရွေ့လျားမှု တွေက အံ့ဖွယ် ကောင်းမွန်လှ ပါတယ် ” လို့ ဆိုးလ်ရှား က ထုတ်ဖော် ချီးကျူး သွားခဲ့လိုက် ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular