လူမျိုးရေးခွဲခြားမှုအတွက် လူမှုမီဒီယာကုမ္ပဏီများ၏လုပ်ဆောင်မှုမှာ လုံလောက်မှုမရှိဟု အင်္ဂလန်လက်ရွေးစင် လူငယ်ကစားသမား ဆာကာ သုံးသပ်

ယူရို-၂၀၂၀ ဗိုလ်လုပွဲတွင် အဆုံးအဖြတ် ပယ်နယ်တီလွဲချော်မှုကြောင့် လူမျိုးရေးခွဲခြားမှု ခံခဲ့ရသည့် အင်္ဂလန်လက်ရွေးစင် လူငယ်တောင်ပံကစားသမား ဆာကာက လူမျိုးရေး ခွဲခြားမှုတိုက်ဖျက်ရေးအတွက် လူမှုမီဒီယာကုမ္ပဏီများ၏ လုပ်ဆောင်မှုများမှာ လုံလောက်မှုမရှိကြောင်း သုံးသပ်ပြောကြားခဲ့သည်။

အသက် ၁၉ နှစ်သာရှိသေးသည့် ဆာကာ သည် ဇူလိုင် ၁၁ ရက်က အီတလီအသင်းနှင့် ယှဉ်ပြိုင်ကစားသည့် ယူရို-၂၀၂၀ ဗိုလ်လုပွဲတွင် အဆုံးအဖြတ် ငါးလုံးမြောက်ပယ်နယ်တီကို ကန်ခွင့်ရသော်လည်း လွဲချော်ခဲ့သူဖြစ်သည်။ ၎င်းနှင့်အတူ တတိယနှင့် စတုတ္ထမြောက် ပယ်နယ်တီကို လွဲချော်ခဲ့သည့် ရပ်ရှ်ဖို့ဒ်နှင့် ဆန်ချို မှာလည်း အွန်လိုင်းမှတစ်ဆင့် လူမျိုးရေးခွဲခြား မှုများ ခံခဲ့ရသည်။

myan789

သို့ဖြစ်ရာ ဆာကာက “အနိုင်ရတဲ့အခါတိုင်း ချစ်ခင်မှုတွေဆိုတာရစမြဲပါ။ ပွဲအပြီးမှာ ကျွန်တော့်ရဲ့တုံ့ပြန်မှုကို အားလုံး ပြောပြထားပြီးသားပါ။ ကျွန်တော် အရမ်းနာကျင်ရပါတယ်။ ခင်ဗျားတို့အားလုံးအပါအဝင် ကျွန်တော့်ရဲ့ အင်္ဂလန်မိသားစုဝင်တွေကို နိမ့်ကျအောင် လုပ်လိုက်မိသလို ခံစားရပါတယ်။ ဒါပေမဲ့ အဲဒီလို (လူမျိုးရေးခွဲခြားခံရမှု) အခိုက် အတန့်တွေကို ခွင့်ပြုသွားမှာမဟုတ်သလို ဒီရက်သတ္တပတ်ထဲမှာရရှိခဲ့တဲ့ အပြုသဘော မဆောင်တဲ့အရာတွေက ကျွန်တော့်ကို ချိုးဖျက်နိုင်မှာ မဟုတ်ဘူးဆိုတာတော့ ခင်ဗျားတို့ကို ကတိပေးနိုင်ပါတယ်။ Instagram၊ Twitter နဲ့ Facebook တို့လို လူမှုမီဒီယာပလက်ဖောင်း တွေကို ပြောချင်တာက ဘယ်လိုကလေးမျိုး မဆို ဒါမှမဟုတ် အရွယ်ရောက်ပြီးသူအားလုံး ကို ကျွန်တော့်လိုမျိုး အမုန်းတရားတွေ၊ နာကျင် စရာကောင်းတဲ့မက်ဆေ့ချ်တွေ မရစေချင်ပါဘူး။ မားကပ်စ် (ရပ်ရှ်ဖို့ဒ်) နဲ့ ဂျေဒန် (ဆန်ချို) တို့လည်း ဒီရက်သတ္တပတ်ထဲမှာ အဲဒီလိုမက် ဆေ့ချ်တွေ ရခဲ့ပါတယ်။ ဒီလိုအမုန်းတရားပါတဲ့ မက်ဆေ့ချ်တွေ ရတော့မယ်ဆိုတာ ကျွန်တော် သိပါတယ်။ ခင်ဗျားတို့လို အင်အားကြီးမားတဲ့ ပလက်ဖောင်းတွေအနေနဲ့ ဒီလိုမက်ဆေ့ချ်တွေ ကို တားဆီးဖို့အတွက် လုပ်နေတာတွေက လုံလောက်မှုမရှိဘူးဆိုတာ စိတ်မကောင်းစရာ တကယ့်အမှန်တရားပါပဲ” ဟု Twitter မှတစ်ဆင့် ပြောကြားခဲ့သည်။

ရပ်ရှ်ဖို့ဒ်၊ ဆန်ချိုနှင့် ဆာကာတို့ကို အွန်လိုင်းမှ လူမျိုးရေးခွဲခြားသူများအား ရဲတပ်ဖွဲ့က ရှာဖွေဖော်ထုတ်ဖမ်းဆီးလျက်ရှိပြီး ငါးဦးဖမ်း ဆီးရမိထားပြီဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ ရဲတပ်ဖွဲ့၏ ထုတ်ပြန်မှုအရ နည်းပညာကုမ္ပဏီများသို့ အချက်အလက် ဒါဇင်ပေါင်းများစွာ ပေးပို့၍ ပူးပေါင်းရှာဖွေလျက်ရှိပြီး ပြစ်မှုကျူးလွန်သူများအနေဖြင့် ၎င်းတို့၏ အရှက်ရစရာအပြုအမူအတွက် အကျိုး ဆက်များ ခံစားရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ကလည်း အွန်လိုင်းမှ လူမျိုးရေးခွဲခြားသူများအား ဘောလုံးပွဲကြည့်ရှုခွင့် ၁၀ နှစ်ပိတ်ပင်သည့် ပြစ်ဒဏ်ချမှတ်မည်ဟု သတိပေးထားသည်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular