လူငယ်ကြယ်ပွင့်တွေရဲ့ အစွမ်းပြမှုနဲ့ နောက်တဆင့် တက်သွားခဲ့တဲ့…လီဗာပူး ၁-၀ အိုင်ယက် ပွဲစဉ်မှ ထူးထူးခြားခြား ပြောစရာများ

လီဗာပူး အသင်းဟာ ဒဏ်ရာ ပြသနာတွေ များစွာ ကြုံတွေ့ နေရတဲ့ ကြားထဲက လူငယ် ကြယ်ပွင့်တွေရဲ့ အစွမ်းပြမှုနဲ့ အတူ ချန်ပီယံလိဂ် ရဲ့ ၁၆ သင်း အဆင့်ကို တက်ရောက် သွားခဲ့ပါတယ်။ ကာတစ်ဂျုံးဟာ ပထမပိုင်း မှာကတည်းက လီဗာပူး အတွက် ဂိုးသွင်းပေးနိုင်ဖို့ နီးစပ် ခဲ့ပြီး တစ်လုံးက တိုင်ထိထွက် ခဲ့သလို တစ်လုံးက ဂိုးသမား ကာကွယ် သွားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမ့ယ်လည်း ဂျုံးဟာ ပွဲချိန် မိနစ် ၆၀ လောက်မှာ နီကိုဝီလီယံရဲ့ ဖြတ်တင်ဘော ကနေ ပိတ်သွင်းယူ ခဲ့တာ ဖြစ်ပါတယ်။ အလီဆွန် ဒဏ်ရာ ရနေချိန်မှာ အက်ဒရီယန်ကို ကျော်ကာ ပွဲထွက်ခွင့် ရခဲ့တဲ့ ကယ်လီဟာ ကလည်း ဒီပွဲစဉ်မှာ ဟန်တဲလားရဲ့ ခေါင်းတိုက်ဂိုး အပါအဝင် အကောင်းဆုံး ကာကွယ်မှု ၂ ကြိမ် ပြုလုပ် ပေးခဲ့ကာ လီဗာပူးကို အုပ်စုဗိုလ် အဖြစ် နောက်တဆင့် တက်စေ ခဲ့ပါတယ်။ ဒီပွဲစဉ်မှ ထူးထူးခြားခြား ပြောစရာတွေ ကတော့…

myan789

၂~ လီဗာပူးရဲ့ နံပါတ် ၂ ဂိုးသမားသစ်
အလီဆွန် ဒဏ်ရာ ရနေချိန်မှာ ကလော့ဟာ ဝါရင့် ဂိုးသမား ဖြစ်တဲ့ အက်ဒရီယန်ကို ကျော်ကာ လူငယ် ဂိုးသမားလေး ကယ်လီဟာ ကို ယုံယုံကြည်ကြည် ပွဲထွက် ကစားခွင့် ပေးခဲ့ပြီး အားလုံးကို အံ့အားသင့်စေ ခဲ့ပါတယ်။ အက်ဒရီယန်ဟာ ဆိုးရွားတဲ့ အမှားတွေကို မကြာခဏ ကျူးလွန်တက်သူ ဖြစ်ပြီး ဒီရာသီ အက်စတွန်ဗီလာကို ဂိုးပြတ် ရှုံးခဲ့တဲ့ ပွဲစဉ်မှာ ဆိုးရွားတဲ့ စွမ်းဆောင်ရည်ကို ပြသခဲ့ ရုံသာမက အိုင်ယက်ကို ပထမ အကျော့က အမ်စတာဒမ်မှာ အနိုင်ခဲ့တဲ့ ပွဲစဉ် မှာလည်း clean sheet ရခဲ့ပေမယ့် တစ်ပွဲလုံး ပျာပြာခတ် နေခဲ့သူ ဖြစ်ပါတယ်။

ဒီပွဲမတိုင်မီ ကလော့ အနေနဲ့ သူ့ရဲ့ ရွေးချယ်မှုကို မဝံ့မရဲ ဖြစ်နေနိုင်ပေမယ့်လည်း ပွဲအပြီးမှာတော့ ဘယ်သူက နံပါတ် ၂ ဖြစ်သင့်သလဲ ဆိုတာကို ကယ်လီဟာ က စွမ်းဆောင်ပြ သွားခဲ့ပါတယ်။ အသက် ၂၂ နှစ် အရွယ် ဂိုးသမားဟာ နောက်တန်း ကနေ စတင်တဲ့ bulid-up play တွေမှာ ဘောလုံးကို ပိုင်နိုင်စွာ ပေးပို့ ကစားနိုင်စွမ်း ရှိသလို ဆုံးဖြတ်ချက်တွေ ကလည်း မှန်ကန်မှု ရှိခဲ့ပါတယ်။ ဒါ့အပြင် ပွဲပြီးခါနီးမှာ ဟန်တဲလားရဲ့ သေချာပေါက် ဂိုးဝင်မယ့် ခေါင်းတိုက်ချက်ကို လက်စွမ်းပြ ကာကွယ် သွားခဲ့ပြီး လီဗာပူးကို အုပ်စုဗိုလ် နဲ့ ၁၆ သင်း အဆင့်ကို ပို့ဆောင် ပေးခဲ့ပါတယ်။ တနင်္ဂနွေနေ့ ဝုဖ်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာလည်း လီဗာပူး ဂိုးပေါက်ကို ဘယ်သူ တာဝန်ယူသွားမလဲ ဆိုတာ မေးခွန်းထုတ်စရာ မလိုတော့ပါဘူး။

၂~တစ်ဟုန်ထိုး တိုးတက်နေတဲ့ ကာတစ်ဂျုံး
လီဗာပူး ပရိတ်သတ်တွေ အတွက် အလက်ဇန်းဒါးအာနိုး နောက်ပိုင်း ကမ္ဘာ့အဆင့် ဖြစ်လာနိုင်မယ့် နောက်ထပ် ငယ်မွေးခြံပေါက် တစ်ဦးကို ထပ်ရ ခဲ့ပြန်ပြီလို့ ဆိုနိုင်ပါတယ်။ ပြီးခဲ့တဲ့ ရာသီကတည်းက လီဗာပူး ရဲ့ ရှုံးထွက်ဖလား ပွဲစဉ်တွေမှာ တောက်ပခဲ့တဲ့ ကာတစ်ဂျုံးဟာ ဒီရာသီ မှာတော့ စီနီယာ ကွင်းလယ်လူတွေ ဒဏ်ရာ ရနေချိန်မှာ ပွဲကစားခွင့်တွေ ရရှိနေပြီး တိုးတက်မှုတွေ တောက်လျှောက် ပြသလျက် ရှိနေပါတယ်။

ဂျုံးဟာ ပွဲစကတည်းက လီဗာပူးရဲ့ press ကို ဦးဆောင် ကစား သွားခဲ့ပြီး စောစောစီးစီး ဂိုးရဖို့ နီးစပ် ခဲ့ပါတယ်။ ဒါ့အပြင် ပင်နယ်တီ ဧရိယာထိပ်က ၎င်းရဲ့ ကန်သွင်းချက် တိုင်ထိ ထွက်ခဲ့တာကြောင့် ကံမကောင်းခဲ့ပါဘူး။ ဒါပေမယ့်လည်း လီဗာပူး အတွက် အရေးကြီးနေတဲ့ အချိန်မှာ ဂျုံးဟာ ၎င်းရဲ့ သွင်းဂိုးနဲ့ ကူညီ ပေးသွားခဲ့ပြီး လီဗာပူးရဲ့ ပထမ ပွဲထွက် နေရာနဲ့ ထိုက်တန်မှု ရှိကြောင်းကို ပြသ နိုင်ခဲ့ပါတယ်။

၃~တစ်ခုပဲ လိုအပ်တဲ့ မာတစ်
ပြီးခဲ့တဲ့ စနေနေ့က ဘရိုက်တန်နဲ့ ပွဲစဉ်မှာ မာတစ်ကို ချန်ထားခဲ့တာကြောင့် ၎င်းရဲ့ ကြံ့ခိုင်မှုနဲ့ ပက်သက်ပြီး လီဗာပူး ပရိတ်သတ်တွေ စိုးရိမ် ခဲ့ရပါတယ်။ ဒါပေမယ့် ကလော့ဟာ ကာလရှည် ဒဏ်ရာကနေ ပြန်လာ ခဲ့တဲ့ မာတစ်ကို game management လုပ်နေတာ ဖြစ်ပြီး အိုင်ယက်နဲ့ ပွဲမှာ ၎င်းရဲ့ အရေးပါမှုကို ရှင်းရှင်းလင်းလင်း တွေ့နိုင်ပါတယ်။

မာတစ်ဟာ လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ်က လီဗာပူးရဲ့ ချန်ပီယံလိဂ် အောင်ပွဲမှာ ရှုံးထွက်အဆင့်တွေမှာ အသင်းရဲ့ အကောင်းဆုံး နောက်ခံလူ အဖြစ် အစွမ်းပြ ခဲ့သူ ဖြစ်ပြီး ဒီနေ့လိုမျိုး ၎င်းရဲ့ စွမ်းဆောင်ပြခဲ့မှုဟာ ဘယ်တုန်းကမှ မေးခွန်းထုတ်စရာ မရှိခဲ့ပါဘူ။ မာတစ် အတွက် အရေးကြီးဆုံးက ကြံ့ခိုင်မှုပဲ ဖြစ်ပါတယ်။ မာတစ် အနေနဲ့ ဂိုးမက်ဇ် ဗန်ဒိုက်တို့ ဒဏ်ရာ ရနေချိန်မှာ လီဗာပူး ခံစစ်ကို အဓိက ဦးဆောင် သွားဖို့ လိုအပ် နေသူ ဖြစ်ပြီး အခုချိန်မှာတော့ မာတစ်ဟာ လီဗာပူး အတွက် အကောင်းဆုံး လုပ်ပြနေပါတယ်။

၄~အိုင်ယက်ရဲ့ ကြယ်ပွင့်သစ်များ
လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ်က ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို တက်ရောက် ခဲ့တဲ့ အိုင်ယက် အသင်းရဲ့ အသင်းသား တော်တော်များများက ကလပ် ကနေ ထွက်ခွာ ခဲ့ကြပါတယ်။ ဒါဟာ စိတ်ပျက်စရာ ဖြစ်ပေမယ့် အားလုံး မျှော်လင့် ထားခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် နယ်သာလန် အင်အားကြီး ကလပ်ဟာ သူတို့ရဲ့ အစဉ်အလာ အတိုင်း နောက်ထပ် ကြယ်ပွင့်သစ်တွေ မွေးထုတ်ထား ခဲ့တဲ့ လက္ခဏာတွေကို မြင်တွေ့ နေရပါတယ်။

နောက်တန်းက ပါရှုးကလည်း ဒီလစ် လက်သစ် အဖြစ် ခြေစွမ်းပြ ကစားခဲ့သလို ကွင်းလယ်လူ ဂရာဗန်ဘက်ချ် ကလည်း ထိပ်တန်း အသင်းတွေရဲ့ စိတ်ဝင်စားမှုကို ခံနေရသူ ဖြစ်ပါတယ်။ ဘရာဇီး တိုက်စစ်မှုး အန်တိုမီ ကလည်း ဒီရာသီ အိုင်ယက် အတွက် တောက်ပစွာ ကစားလျက် ရှိနေပါတယ်။ အိုင်ယက်ဟာ အသင်းရဲ့ ကစားသမားဟောင်းတွေ ဖြစ်တဲ့ တာဒစ် ၊ နီရက် တို့နဲ့ အတူ အသင်းကို ပြန်ရောက်လာတဲ့ ကလာဆန် နဲ့ ပေါင်းစပ် ခဲ့ပြီး အန်ဖီးမှာ ကောင်းမွန်တဲ့ ပုံစံကို ပြသ နိုင်ခဲ့ပြီး အဆုံးသတ်ပိုင်းသာ အနည်းငယ် လိုအပ် နေခဲ့ပါတယ်။

၅~ လိုချင်တဲ့ အတိုင်း ဖြစ်လာခဲ့တဲ့ ကလော့
ဒီရာသီ ကလော့ အတွက် ရခဲလှတဲ့ အရာ တစ်ခု ကတော့ ဒဏ်ရာ ပြသနာတွေ များပြားနေတဲ့ အသင်းမှာ ပွဲတွေ တောက်လျှောက် ကစားနေတဲ့ ကစားသမားတွေကို အနား မပေးနိုင်တာပဲ ဖြစ်ပါတယ်။ လီဗာပူးဟာ ဒီပွဲကို အနိုင် ရရှိခဲ့တာကြောင့် နောက်တဆင့်ကို သာမက အုပ်စုဗိုလ် အဖြစ်နဲ့ပါ တက်ရောက် သွားနိုင်ခဲ့ပြီး လာမည့် တစ်ပတ် မီဂျီလန်းနဲ့ ချန်ပီယံလိဂ် အုပ်စု နောက်ဆုံး ပွဲစဉ်မှာ သူ့ရဲ့ အဓိက ကြယ်ပွင့်တွေကို အနားပေး သွားနိုင်မှာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် Title race ကလည်း အကြိတ်အနယ် ဖြစ်နေတဲ့ အပြင် ဒီဇင်ဘာ ပွဲကျပ်ကလည်း လာတော့မှာ ဖြစ်တာကြောင့် ဒီနိုင်ပွဲဟာ ကလော့ အတွက် အကောင်းဆုံး လက်ဆောင် ဖြစ်ခဲ့ပါတယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular